" အမေတစ်ယောက်သို. "

|



တည်ငြိမ်ခြင်း ကျောက်သားနဲ.

ထွင်းထုထားတဲ. အေးချမ်းတဲ.

လမျက်နှာလို အရိပ်အောက်မှာ

ဆောင်းရာသီ မီးဖိုလေးလို

နွေးထွေးခဲ.တယ် …..



“ ကြီးကျယ်မြင်. မြတ်ခြင်း “ ဆိုတဲ.

စကားလုံးတွေက …

သူရဲ.ခြေရင်းမှာ ၀ပ်စင်းရလောက်အောင်

သူရဲ. သမိုင်းကြောင်းက …

ခမ်းနားလှပါတယ် …..



ဆင်လိုလို သမင်လိုလိုကမ္ဘာထဲမှာ

ခြင်္သေ. တစ်ကောင်လို ရဲရင်.မှုမျိုးနဲ.

ခြောက်သွေ. ကန္တာရထဲကနေ

“ အိုအေစစ်မြို.တော် “ ရောက်အောင်

လမ်းဖောက်ခဲ.သူပါ …..



မြင်.မိုရ်ထက်က

အနှိုင်းမဲ. သူရဲကောင်းရဲ.ကျေးဇူးက

အနန္တ လောက်ဆိုရင် …

“ စကြာဝဋ္ဌာ “ ထက်

တန်ဖိုးကြီး နေမဲ. သူပါ …..



သိမ်းဌက်တစ်ကောင်လို

စူးရှ တဲ.မျက်လုံးတွေနဲ. …

ဓားသွားလို ထက်မြက်တဲ.

အရည်အချင်းတွေက သူရဲ. …

အနာဂါတ် မျိုးဆက်လေးတွေရင်မှာ

မီးရှုး တန်ဆောင်လို ကျန်နေတော.မှာပါ

" ကမ္ဘာ တည်သရွှေ.ပေါ. "။ ….. ။

7 comments:

Anonymous said...

ကိုမိုစက်ရေ.
ကဗျာလာဖတ်သွားတယ်နော်
ကျေးဇူးပါ...ကောင်တယ်
ပျော်ရွှင်နိုင်ပါစေ

Anonymous said...

မိုက်တယ် သယ်ရင်းရေ..၊မိခင်တစ်ယောက်ရဲ့ဂုဏ်ပုဒ်တွေ ကို ဖွဲ့ဆိုထားတယ် ကောင်းတယ်ကွာ
အဆင်ပြေပျော်ရွှင်ပါစေ

Unknown said...

အမေ့အကြောင်းတွေဖွဲ့ကြတာ တော်လိုက်ကြတာနော် ...

ကြယ်ပြာ

သူကြီးမင်း (တုံးဖလား) said...

တကယ်ဘဲ ကမ္ဘာတည်သရွေ့ပါ ညီ။ အမေ့မေတ္တာတွေဟာ အားလုံးအတွက် အားဆေးတစ်ခွက်ဖြစ်ပါတယ်။

သားသမီးအတွက်ဆိုရင် အမေ့သတ္တိတွေဟာ စစ်သေနာပတိတွေထက် သာလွန်ပါတယ်။

ကမ္ဘာတည်သရွေ့ပါဘဲ။။

မိုးခါး said...

ကောင်းလိုက်တာ
အရမ်းကြိုက်တယ် ..း)

ကြယ်ဖြူစင် said...

အမေကိုလွမ်းနေတဲ့မောင်လေးရေ..ရင်နဲ့ခံစား ပြီးဖတ်သွားပါတယ်..ပျော်ရွှင်ပါစေ..
မမကြယ်ဖြူစင်

Anonymous said...

မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတရားကို မိခင်တစ်ယောက်ရဲ့ ပေးဆပ်ဖြည့်ဆည်းနိုင်စွမ်းတွေနဲ့ သားတစ်ယောက်နေရာကနေ လှစ်ပြသီကျူးခဲ့တယ် ... ကဗျာကောင်းလေးပါပဲ ...
နေဒေးသစ်။