" ချစ်သူ. ဂုဏ်ရည် "

|



လှပကျော.ရှင်း ၊ ခန္ဓာဆင်းနှင်.
အသားတော်က ၀င်းပါလို.
ဖြူညက်ပါရဲ .....

မာယာကင်းခြင်း ၊ အပြစ်စင်းနှင်.
နှုတ်သားတော်က ချိုပါလို.
ယဉ်လှပါရဲ. .....

မာန်မာနကင်း ၊ ဖြူစင်ခြင်းနှင်.
နှလုံးတော်က ကြံ.ခိုင်ပါလို.
ချီးကျူးပါရဲ. .....

တဖက်လူမြင်ပင်
အပြုံးတစ်ချက်မှာလ
မမုန်းရက်လောက်အောင်
ပါးချိုင်.တစ်ဖက်က
ဖွင်.ဟလို. လှစ်ဟထားရဲ.
ပိတုန်းရောင် ကေသာကျော.ရှည်ရယ်နှင်.
ဟန်တမူ အသွင်ထူးပါလို.
မြင်စေသူ ရူးလောက်ရဲ.
အိုဘယ်. မောင်.ချစ်ဦး .....။......။

ပုံဖော်စိတ်ကူးပြီးရေးထားတာပါခင်ဗျ...ကာရန်လေးများမမိရင်ခွင်.လွှတ်ကြပါခင်ဗျာ....

11 comments:

ကောင်းကင်ပြာ said...

ကဗျာလှလှ လေး ကောင်းမလေးသာ ဖတ်မိရင်တော့ ပျော်နေမှာ

မိုးခါး said...

တော်တော်လှတယ်နော် ..း)

သူကြီးမင်း (တုံးဖလား) said...

တယ်ဆိုတဲ့ စာပါလား ညီရ။


ဟန်တမူ အသွင်ထူးပါလို.
မြင်စေသူ ရူးလောက်ရဲ.
အိုဘယ်. မောင်.ချစ်ဦး တဲ့။

အပြင်မှာတောင် အဲဒီလို မိန်းခလေးကို မြင်ဖူးချင်သလိုလို ဖြစ်လာပြီ။

ကြယ်ဖြူစင် said...

ဒီလောက်လှတဲ့ယောင်းမလေးအမြန်ရှာ မောင်လေးရေ...မွေးနေ့မှာပျော်ရွှင်ပါစေမောင်လေး ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေ...

မမကြယ်

Unknown said...

လှလိုက်တဲ့ ကဗျာလေးပါလား မောင်လေးရေ ...
မျက်စိထဲ ကောင်မလေးကို မြင်ကြည့်တယ် ...
အင်း ... ပါးချိုင့်လေးရယ် ... ဆံပင်ရှည်လေးရယ်. .. မိုက်တယ် ...း)

ကြယ်ပြာ

thihanyein said...

ကဗျာလေးလှတယ်ညီ
ဟက်ပီးဘဒ်ဒေးညီလေးရေ
ရွှင်လန်းချမ်းမြေ့ပါစေကွာ

Anonymous said...

ကိုမိုးစက်ရေ..........
ကဗျာလာဖတ်သွားတယ်
မွေးနေ့ မှာပျော်ပါစေ
ကဗျာဖတ်ပြီးကောင်မလေးကဘာတဲ့လဲ???????????/
အကြောင်းပြန်ပါရှင့်..ဘလောဂ့်ဖွင့်ပြီ

Anonymous said...

ကဗျာ ကောင်းလေး ကို ခံစားသွားပါတယ်ဗျာ၊
အဆင်ပြေပျော်ရွှင်ပါစေ

တလနွန် said...

ကဗျာထဲက ကောင်မလေး က တော်တော်လေးလှမှာပါ။
သူငယ်ချင်းရဲ့  ကြွေရုပ်လေးနှင့် ပျော်ရွှင်ပါစေကွာ

ခင်မင်ခြင်းနှင့်
တလနွန်

ဇော် said...

ကောင်းလိုက်တဲ့ကဗျာ ဗျာ...

Anonymous said...

စိတ်ကူးပုံဖော်ထားတဲ့ ချစ်သူပုံရိပ်လေး တိတ်တဆိတ် မျှော်ငေးသွားခဲ့တယ် ... စိတ်ကူးထဲမှာလို့ ဖော်ညွှန်းထားပေမယ့် သူမ တကယ်များ စာရေးသူဘေးနားမှာ ရှိနေခဲ့ပြီလား .. ဒါလည်း လျှို့ဝှက်ချက် တစ်ခုတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လေ ... :D
နေဒေးသစ်။