" ကိုလိုနီ နှလုံးသား "

|


" ရှန်ဘဲလား " အိမ်မက်မှာ
ဧဒင်ကချေသည် ရဲ့  နေမ၀င် အင်ပါယာမရှိဘူး . . . . .

ဗျူဟာမြောက် အချစ်ဝင်္ကပါနဲ့ 
စစ်တုရင်တစ်ပွဲ ရဲ့  စီးချင်းထိုးပွဲ ကိုခုတ်ထွင်ပေးပါ . . . . .

ဒီတိုက်ပွဲကျမှ ပွန်ပေတို့ ကလည်း ကဗျာမြေကြီးဆုံးရှုံးခဲ့ ရ

ခုတော့လည်း ဒီအလင်းမှာ ငါမှောင်ဖို့ 
" ကိုလိုနီနှလုံးသား " ကိုစတေးခဲ့ မိတယ် . . . . .

မှတ်ချက် . . . ရှန်ဘဲလားအိမ်မက် စကားလုံးအား ကိုချမ်းလင်းနေ ၏ ပို့ စ်
ခေါင်းစဉ်အား အသုံးပြု ထားပါသည်။

" သိုးဆောင်းတစ်လက်ရဲ့ ဒဏ္ဍရီ "

|


ဆောင်းစက်ပျို နန်းတော်ရာမှာ
" ပန်းမဉ္ဖူ " ယွန်းယွန်းဟာ ကဗျာကိုသွန်းတဲ့ 
နှစ်ချို့ ရာဇ၀င်များကိုတူးဖော်ရင်း
" စင်ဒရဲလား " ' က ' ကြိုး ' က ' ကွက်များနဲ့ 
အာရုံဦးသူရဲကောင်းကို ဗျက်စောင်းတစ်လက်နဲ့ ကြိုဆိုတယ် . . . . .

ကနုတ်တစ်ချက်ရဲ့ စုတ်ချက်တွေမှာ
အက္ခရာတွေ အစီအရီ ဖြန့် ကျဲထားတယ်
ရှေးဟောင်းရင်ဘတ်ရဲ့  " လှို့ ဝှက်ကျောက်စာ " ဟာ
အက်ကြောင်းရာကြောင့် တန်ဖိုးအားဖြင့်လျော့မသွားဘူး . . . . .

တစ်ခြမ်းပဲ့ ဝတ်မှုန်လေး လွင့်မျောမသွားဖို့ 
ကဗျည်းဖြူ ပိတ်ရောင်ပါးပါးမှာ
စကြာဝဋ္ဌာ ရဲ့  အမြင့်ဆုံးလမ်းကိုဖောက်
သံလွင်ခက်ကိုဆောင်းရင်း မိုးမလင်းခင်အိမ်မက်ချိုချိုမှာ
ပထမတန်းစား အချစ်သူရဲကောင်းတံဆိပ်တွေ အခါခါရခဲ့ တယ် . . . . .

အညောင်းမိနှလုံးသားရဲ့ ခံစားမှုသိုက်စာမှာ
' ရေ ' ' မြေ ' ' နေ ' ' လ ' တွေကွယ်ပျောက်နေပေမဲ့ 
" ကြယ် "တစ်လုံးရဲ့  အ" ဖြူ " ရောင်သစ္စာမှာတော့ " စင် " ကြယ်တဲ့ 
သမုဒ္ဒရ ၀ိရောဓိလေးများဟာ မှိတ်တုတ် မှိတ်တုတ် လင်းလက်လျက် . . . . .

ဆည်းဆာဝင်ရိုး စောင်းကြိုးနက်ချိန်
သိုးဆောင်းတစ်လက်ရဲ့  " ဧ က ရီ စာ " လွမ်းချင်းမှာ
ကြည်နူးဖူးတဲ့  လမ်းအိုဟောင်းလေးပါခဲ့ ဖူးတယ်
မဟူရာညမှာ မှည့်တဲ့  အလင်းနှစ်သန်းပေါင်းများစွာဟာ
မိုးသောက် သောင်ပြင်မှာ ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ် သီကြူးနေတယ် . . . . .

လွင်တီးခေါင်ပြင်က အလွမ်းတယောသံအဆုံး
ဂီတာ တစ်လက် ကြိုးပြတ်သွားသလို
အမြဲစိမ်းဂီတ ရဲ့  ကာရန်မဲ့  ယဉ်ကျေးမှုမှာ
မြို့ ဟောင်းတစ်လက် ပုံမပျက်ရှိခဲ့ တယ်
" လေရူးသုန်သုန် " မှာ" ဗီးနပ်(စ်) " ပေးတဲ့  အဖြူရောင်တောင်ပံတစ်စုံဟာ
" ဂျူးလိယက် " အတွက် စွယ်တော်ပင်ရိပ်အိုက " လ၀န်းပျို " ဖြစ်ပါစေ . . . . .

ဘလော့လောကမှ အနားယူသွားသော အမကြယ်ဖြူစင် က မွေးနေ့ လက်ဆောင်ကဗျာပေးပါရန်တောင်း
ဆို လာသဖြင့်အတတ်နိုင်ဆုံးရေးဖွဲ့ ပေးလိုက်ပါတယ် . . . . . ပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါစေခင်ဗျာ

" တနင်္ဂနွေ၏ အဖြူရောင်သတို့ သမီး "

|



ဆိုက်ပရပ်(စ်) အချစ်ပန်းတွေ ပွင့်တဲ့ 
" ခံစားမှု စိတ်ကူးယဉ်ပြတိုက် " တစ်ခုမှာ
နှစ်ဆယ့်တစ်ရာစု မော်ဒန်လက်ရာ
မာဖီးယား အချစ်ရုပ်ကြွင်း စစ်စစ်နဲ့ 
ဆိုက်ပရပ်(စ်) နတ်သမီးတစ်ပါးရှိတယ် . . . . .

ကောင်းကင်မှာနက္ခတ်တွေ ရှက်သွေးရောင်တောက်ပချိန်
ရွှေအိမ်မက်ကို ခြေကျင်းလိုဝတ်ဆင်လျက်
နှင်းမြှားတစ်လက်နှင့် " ခ၀ဲပန်း " တို့ ကိုပစ်ခွင်းကာ
ကဗျာဝိညာဉ်မှာ ကဗ္မည်းတင်ဖို့ လာသည့်
" တနင်္ဂနွေ၏သတို့ သမီး " . . . . .

မြင်းမိုရ်တောင် တစ်ဝက်တစ်ပျက်မှတ်တမ်းမှာ
ကမ္ဘာပျက်လို့  ဇာတာမှိန်ခဲ့ ရတဲ့ " ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ " ဟာ
" ဖယောင်းတိုင် " က မီးတောက်ကိုချစ်သလိုမျိုး
မေတ္တာတရား ခြေရင်းကို မှိုတစ်ပွင့်လို ၀ပ်စင်းခဲ့  . . . . .

" ဆောင်းရတုပွဲ " မှာ နှင်းစက်တို့ ဖားလျားချသလို
မျက်ရည်ကို စားတဲ့  ငွေကြယ်တစ်ပွင့် အပြုံးဟာ
ရွှေမြန်မာကို တစ်ကြိမ်တစ်ခါတော့ ခြုံလွှမ်းခဲ့  ဖူးတယ် . . . . .

ပွင့်လင်းခြင်းနောက် ရိုးသားမှု စာမျက်နှာက
" ရွှေနှင့်ယိုးမှားပန်းစကား " ရဲ့ " နိုဝင်ဘာ ၁၉ " ဟာ
ခံစားချက်ကို ရှေ့ တန်းမှာ အခိုင်အမာတပ်စွဲ
မိုင်ပေါင်းကုဋေက သစ္စာတရား ကိုဦးညွှတ်လို့ 
အောင်မြင်လိုက် ကျရှုံးလိုက် ဂုဏ်ပုဒ်များကိုတလှည့်စီဆုပ်ကိုင်ရင်း
ဘ၀ပညာမှော်ဝင်စားမှုကို ကဝေပျိုအလင်းနဲ့  ပိုလင်းစေခဲ့ တယ် . . . . .

ဘ၀သံသရာမှာ အရွက်ချင်းမတူပေမဲ့  ဒီအတိုင်းပွင့်ချင်တဲ့ 
လေကြို လေကြားက ပန်းရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲမှုကြောင့်
လောကဓံမှာ " စိတ် " စာမေးပွဲ " ကျ " ခဲ့တယ်
မီးလျှံစ တစ်ခုလို ပြာ ညို ယိမ်း ညှိုး ခဲ့ ပေမဲ့ 
ဂျူးလီယက်ဆီဇာ ပြက္ခဒိန်မှာတော့ " ဥမ္မာဒန္ဓိ " ဟာနာမည်ဆိုးနဲ့ မကျော်ကြားခဲ့ဘူး . . . . .

ကော်ဖီတစ်ခွက်ကို ဘယ်အချိန်ခမ်းခြောက်မလည်းလို့ 
အနီရောင်ပန်း တစ်ပွင့်ကို ခဏခဏ မေးတတ်သလို
ဒဏ္ဍရီ ပန်းချီကားတစ်ချပ်ကိုလည်း ရင်ဘတ်တစ်စုံနဲ့ 
ဝင်ကြည့်တတ်လောက်အောင် Romantic ဆန်တတ်ပေမဲ့ 
တစ်ခါ တစ်လေ တော့လည်း " လမသာတဲ့  ည " မှာ
စပျစ်ဝိုင်ထဲ ယဉ်ယဉ်လေး မူးနေတတ်သူ . . . . .

စိမ်း ဝေ လင်း မြ တဲ့  ပန်းညများမှာ
ရင်ခုန်ရခြင်း အလင်္ကာ ဟာ
ဥသြ ဌက်ရဲ့  တေးသံစဉ်ထက် ချိုမြလို့ 
ကိုယ့်ယဉ်ကျေးမှု နဲ့  အိပ်စက်နေသူလေး
အာငွေ့ မှုတ်သံကြားမှ ဇာခန်းဆီးကိုပိတ်
အချစ်ဆိုတာ " နှလုံးသားက ဂီတသံစဉ် " ပါတဲ့  . . . . .

လက်ဖ၀ါးနုနုမှာ အက္ခရာတွေ ဥ ထားတဲ့ 
လင်းတစက်စက် မျက်တောင်လေးရဲ့ 
ပန်းရောင်ပျပျ " နမ်းမ၀ " ဘ၀မှာ
" ပထမ " ဆိုတဲ့  အယူတော်နမိတ်ကို အပြုံးဂုဏ်ဒြပ်ထဲထည့်
ခံစားချက်ကို လက်ဆွဲ ရာဇ၀င်ထဲမှာ ခရီးဆက်အုံးမယ် . . . . .



ခင်မင်ရသော အမနမ်းမ၀ ( အဖြူရောင်နတ်သမီး ) မှ မွေးနေ့ မတိုင်ခင်တစ်ပတ်အလိုမှာ
ကဗျာ တောင်းဆိုလာသဖြင့် အမ၏ဘ၀ အားအတတ်နိုင်ဆုံး သရုပ်ပေါ်အောင်ကြိုးစားရေး
ဖွဲ့ ပေးလိုက်ပါသည် . . . အမအနေနဲ့ ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါသည် . . .

" လေညှင်းကြားက ပန်းဧကရီ "

|


ဒုတိယမြောက် ရဲရင့်ခြင်းအဖြစ်
စွယ်တော်တစ်ရွက်ကို လေနဲ့ လိုက်မှုတ်တယ်
စိန် ပန်း ပြာ က ကဆုန်ပေါက်လို့ ပြေးမလိုက်ဘူး . . . . .

" ဒေါက် " ကနဲ တံခါးခေါက်သံအဆုံးမှာ
ဇာတ်ညွှန်းတစ်ပုဒ် ပိတ်ကားပေါ်က ပြုတ်ကျလာတယ် . . . . .

စက္ကူလှေတစ်စင်း လှိုင်းတို့ ကိုတိမ်းမှောက်ပြီး
အာရုံဦး မှာ ခြေသံအချို့ 
နှလုံးအိမ် ကို ကမ်းကပ်လာကြတယ် . . . . .

ငါ့ရင်ခွင် ဆောင်းဦးလေပြည်မှာတော့
အငွေ့  တထောင်းထောင်း ထနေအောင် တုန်ရီနေလေရဲ့  . . . . .

" ဘီလူးပန်းစိုက် အက " ကြောင့်
စမ်းရေကား ခမ်းခဲ့ လေပြီ . . . . .

ငါ့ ၀ိဥာဉ်များ အက်ကွဲမသွားရအောင်
ဘယ်လိုအနမ်း နှင့် ဒီပန်းကို နမ်းရမည်နည်း . . . . .

ဒီကျည်တစ်တောင့် နဲ့  ဒီဂူမှာ ငါ အောင်းမယ်
" သူယောင်နတ်သမီးများမလာရ "
ငါပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်
ဝှက်ထားတဲ့  ဂူတံခါးတစ်ချပ် ပွင့်လာတယ် . . . . .

ငါ . . . တရှိုက်မက်မက် နမ်းရှိုက်လိုက်တယ်
ပန်းမျိုးတစ်ထောင်အောင်စေသည့် ချစ်သူရနံ့  သင်းပျံ့ ပျံ့ လေး . . . . .


" နီ. . .ကို. . .ရဲ သို့  ကဗျာတစ်ပုဒ် "

|

အနောက်ဘက်မြို့ ရိုးဆီက နေ၀င်သံဟာ
ဒီနေ့ မှ တော်တော်လေး ကျယ်လောင်ခဲ့တယ်
ရင်ခတ်ပန်းခင်းထဲက ဓားသွားတစ်လက်ကြွေကျသံအဆုံးမှာ
နက္ခတ်တစ်ဝက်နေကြတ်သွားတယ် . . . . .

ဒီတောတန်းလေးအဆုံးမှာ
" လွတ်ငြိမ်းချမ်းသာခွင့် " ရှိတယ် . . . . .

ဒီဆောင်းအိုရဲ့  ရိုးတံ ကြားမှာ
" နဂ္ဂတစ် " တွေ ပျောက်ဆုံးသွားကြတယ် . . . . .

လေညှင်းတိတ်တစ်ခိုး ရှိုက်သံတိုးတိုးနဲ့  အတူ
လမင်းရဲ့  ငြိုးငယ်နေတဲ့  မျက်နှာကိုပါတွေ့ ခဲ့ ရတယ်
တိမ်ညို တိမ်လိပ်တွေကတော့  ဟန်ဆောင်အပြုံးတာင်မပြုံးနိုင်ရှာဘူးထင်ရဲ့ 
ရိုးပြတ်တောလေးမှာတော့ တံတိုင်းရှစ်ခွင် မှိုင်း . . . ပြာ . . . ရီ မို့ လို့  . . . . .

ကြယ်အစင်းစင်းနဲ့  ထွေခင်းနေရတဲ့ 
ဟောဒီ ကမ္ဘာမြေရဲ့  အတွင်းနာဟာ
မျက်လှည့်ဆရာရဲ့  " မငြိမ်းသောမီး " ပြကွက်အဆုံးမှာ
ကြယ်ပြာရောင်အလင်းတန်း တစ်ခု ကမ္ဘာမြေနှုတ်ခမ်းကို အနမ်းနဲ့ နှုတ်ဆက်သွားတယ် . . . . .

ခေတ်သစ်ပျိုးတဲ့  လေထန်ကုန်းယဉ်ကျေးမှုမှာ
မုန်သုန်မြို့ ရဲ့  မှော်ဝင်နေတဲ့  စကားလုံးတွေနဲ့ 
" အိုဇုံးလွှာ " ကိုပြုံးစေခဲ့ တယ် . . . . .

" ကြယ်ကြွေသတို့ သား " ရဲ့  ဇာတ်ညွှန်းကို နီ ကို ရဲ ရေးတယ်
ဒီအတ္ထူပတ္တိကို အလင်းအားကောင်းတဲ့ ပြတင်းတံခါးနဲ့ ဖွင့်ကြည့်ရင်
အဲဒီ နှလုံးသားထဲမှာ ခုထိ " ကြွက် " တစ်ကောင်ရှိနေပါလိမ့် မယ် . . . . .



24.10.09 တွင်ကွယ်လွန်သွားသော လေးစားရသော ဆရာနီကိုရဲ အားအမှတ်တရ
ဓာတ်ပုံ အား မမနော်ဟရီ ဘလော့မှ ကူးယူဖော်ပြပါသည် . . .

" အလွမ်းတန်ဆောင်တိုင် "

|


ဝတ်မှုန်အချင်းချင်း ထိခိုက်ကျကွဲသံကြောင့်
ဂုဏ်သရေရှိ နံနက်ခင်းဟာ
ပန်းကလေးတွေ ရနံ့ မပြယ်ရအောင်
သူ့ ဥပဓိရုပ်နဲ့  လူကြီးလူကောင်းဆန်စေခဲ့ တယ် . . . . .

ခေတ်အဆက်ဆက်က ရှေးကျတဲ့ 
အဖြူရောင် ပါးလွှလွှ ကဗ္ဗလာခင်းတစ်အုပ်
ငါ့ ပြတင်းပေါက်နားက ခပ်ရွရွလေး အုပ်ဖွဲ့  ဖြတ်ပျံသွားကြတယ် . . . . .

ပြက္ခဒိန်ဟာ သွေးအေး သတ္တ၀ါတစ်ကောင်လို
တိတ်ဆိတ်ငြိမ်သက်ရင်း ငါ့ကိုစိုက်ကြည့်နေတယ် . . . . .

ထမင်းရည်ပူစီးမှာ ခေါင်သူကြီးမဖြစ်ခဲ့ပေမဲ့ 
ဌက်ပျောဖတ်နုနု နဲ့  ဗြောသံကဗျာကြားတိုင်း
ဗောဓိရွှေကျောင်းက " ကထိန် " ပုံရိပ်တွေမြင်ယောင်ရင်း
ကုန်လွန်ခဲ့ တဲ့  ရာစုနှစ်က နေ့ ရက်များကို
အလွမ်းတယောထိုးနေမိတယ် . . . . .

ဒါဟာ . . . သီအိုရီအရ
ကောင်းကင်မှာ ပန်းမပွင့်တော့တာမို့ 
လွမ်းကောင်း လွမ်းနေပါလိမ့်မယ် . . . . .

နတ်ဝှက်ခံရမှုကြောင့် မယ်ဇလီဖူးလေးတွေဟာ
ကြေးစားမဆန်တဲ့  လပြည့်ညရောင်အောက်မှာ
ပိန်းကြာရွက်ပေါ်ကရေလို ဆေးပေါင်းခပြီး တောက်ပနေကြပါလိမ့်မယ် . . . . .

ဒါပေမဲ့ ပေါ့လေ . . .
အမိမြေရင်ခွင်ခြားက ဆောင်းခိုဌက်တစ်ကောင်ရဲ့ 
အိပ်ရာဝင် ပုံပြင်အတွက်ကတော့
စည်း ၀ါး ကျချင်မှ ကျပါလိမ့်မယ် . . . . .

တစ်နေ့ နေ့ မှာပေါ့ . . .
ပြန်ရှာမရနိုင်တဲ့  အတိတ်မှာ
အရောင်မပြယ်တဲ့  ဘ၀ပန်းချီကားတစ်ချပ်ကိုဆက်ဆွဲရင်း
ဒီလို . . . တန်ဆောင်တိုင် ညမျိုးတော့ပြန်လိုချင်ပါသေးတယ် . . . . .


" ချစ်ရ တစ်ရက် လွမ်းရက် တစ်ရာ "

|



မြတ်လေးရုံ မှာ
စံပယ်ဖူးငုံလေးတွေ နှင်းစက်ဝေတော့
ရနံ့ မပြယ်တဲ့  ထိပ်ထားရဲ့  လက်ချောင်းလေးတွေဆုပ်ကိုင်ရင်း
" စစ်တစ်ပွဲ အချစ်ပွဲတစ်ရာ " နွှဲချင်မိတယ် . . . . .

ဂန္တ၀င် ပန်းပုရပိုဒ် မှာ
လမင်း ပန်လျက် ပြန်လာသော မိန်းကလေး
ငြိမ်းချမ်းရေး နဲ့  အိပ်စက်လို့ 
" ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ " ဝေးကွာပါစေ . . . . .

" ရင် . . . ကွဲ . . . ရုံ "

|


( ၁ )

ကံကြမ္မာဆိုတဲ့  အသဲကွဲ MeLoDy က
အဖြူရောင်သစ္စာကို ရွှက်လွှင့်ရင်း
တစ်အချိုးနှစ် ကို ပြောင်းပြန်လို့ 
အယူခံနှလုံးသား ၀င်လိုက်တယ် . . . . .

အိမ်မက်တွေသေနေတဲ့ 
ရင် . . . ကွဲ . . . ရုံ မှာ
နတ်ဆိုးများအား အ၀ါရောင်ပန်းမပေးရ . . . . .

( ၂ )

ခိုလှုံရာရင်ခွင်မဲ့ နေတဲ့ 
သန်းခေါင်ယံ သစ္ဆေတစ်ကောင်ရဲ့  တိတ်တခိုး
ထွက်ကျလာတဲ့  မီးစုန်းတွေကြောင့်
ငါတစ်ကိုယ်ရေ လင်းသွားတဲ့  ည . . . . .

ငါမှာ . . . တစ်ယောက်တည်းဖြစ်နေရတဲ့ အထဲ
ဆောင်းဥတုပါပျောက်သွားတယ်
ဒီလိုအချိန်တော့  ကန်တော်ကြီးထဲ မဆင်းပရစေနဲ့ 
ကြယ်တွေထကကြလို့  " ငါး " တွေမျက်ရည်မြေခမှဖြင့်
ငါ " မုတ်သုန်မြို့ " ကိုဖျက်ဆီးသူဖြစ်နေပါအုံးမယ် . . . . .

( ၃ )

ပန်သစ္စာတွေနဲ့  ပျိုးထားတဲ့  ဆပ်ပြာပူဖောင်းလေးတစ်လုံး
မီးပင်လယ်ထဲ မျောပါသွားခဲ့ ဘူးတယ်
ငါ လိုက်ဆယ်မယ်လုပ်တုန်း
မှိုင်းညို့ နေတဲ့  ကောင်းကင်ကြီးက ရီဝေေ၀ကြည့်ပြီးလှမ်းပြောတယ်
သံယောဇဉ်တွေသွန်ပစ်ပြီး အမုန်းနဲ့ ဆန်တက်သွားတာပါတဲ့ 

အချစ်မရှိတဲ့ တိုင်းပြည်မှာ
အမုန်းကို ငါ ခစားရင်း
အဓိပတိ လမ်းမကြီးကို ခေါက်တုံ့ ခေါက်ပြန်လျောက်နေမိတယ်
တကယ်တော့  . . .
ငါရောက်နေတာ " လမ်းဆုံ " မှမဟုတ်ဘဲ
" လမ်းဆုံး " ကိုရောက်နေတာပါတဲ့  . . . . .

( ၄ )

ကျောက်သင်ပုန်းတွေ မိုးထားတဲ့လေညှင်းလေးရေ
" အီကွေတာ " ဆိုပေမဲ့ " မိုးကုတ်စက်ဝိုင်း " ကိုနမ်းမရတဲ့ ဘ၀ပါ
ငါ ချွင်းချက်မရှိ လက်နက်ချပါတယ်
တို့ တွေ တိုးတိုးလေးဘဲ ငွေ့ ရည်ဖွဲ့ ကြတာပေါ့ 
သွားတော့ ဘေဘီ
ဟိုမှာ နေ၀င်ချိန်လေးတောင် အိပ်တန်းတက်သွားပြီ . . . . .

" ကန္တရ ပင်လယ် "

|


တစ်ပွင့် နှစ်ပွင့် ပန်ချင်ရုံလောက်နဲ့ 
ပန်းချစ်သူလို့  ပြောကြမလား
တစ်ခါ နှစ်ခါ လောက်ရှိုက်တတ် ရုံနဲ့ တော့
သမ္ဘာရင့် တဲ့ အနုပညာရှင် မဖြစ်နိုင်ပါဘူး
ကံကြမ္မာ မသိတဲ့  ၀ှက်ဖဲဆိုတာ
ဇာတ်ဆရာတိုင်း ကလို့ ရတဲ့  ခုနစ်ထွေ အကမှ မဟုတ်တာ
အလင်္ကာတွေ မစိုစွတ်တော့ တဲ့  ဒီကမ္ဘာကြီးမှာ
နှင်းဆီဖူးတွေကတော့ တဖြောက်ဖြောက်နဲ့  စိုရွှဲလို့ 
ကိုယ့် လေးညှို့ ကိုယ်ဆွဲထွက်ဖို့ ကြတော့လည်း
အက္ခရာတွေက ငါ့ကိုဝှက်ထားကြတယ်
တကယ်တော့လည်း ဒီမြို့ ပျက်ကြီးမှာ
ကိုယ့် ယဉ်ကျေးမှု နဲ့  ကိုယ် ရူးနေကြတာပါဘဲ
ဘာ ဖြစ် လဲ . . . . .
ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့ အားပေးမဲ့ လူရှိမှာပါ
ဟော . . . . .
ပြောရင်းနဲ့  မိုးပေါ်မှာ ကောင်းကင်တွေရွာချလို့ 
ကြယ်တွေ စီးချင်းထိုးနေလိုက်ကြတာများ
ပင်လယ်တောင် ကန္တရ ဖြစ်သွားရှာတယ် . . . . .

" နယူးကလီးယား အလွမ်း "

|

အချစ်ဆိုတာ . . . . .
အနုမြူ ဥယျာဉ်ထဲက
နယူးကလီးယား ပိတောက်ပွင့်လိုဘဲ

ဓူဝံကြယ် ကြွေတဲ့နေ့ က
စံပယ်တွေက ကပိုကရို
ဂမ္ဘီရ မီးအိမ်ရှင်က
ကဝေပျို အလင်းနဲ့ 
အက် တမ် တွေ ရွာ ချ . . . . .

( * ) ပြထားတဲ့  ငါ့ရင်ဘတ်ပေါ်
( x ) အမှတ်အသားက ကျော်ဖြတ်လို့ 
သခွတ်ပန်း တွေပွင့်သွားချိန်
ဒိုင် ယာ ရီ ထဲမှာ ငါတစ်ယောက်တည်း
. . . . . လွမ်း . . . ရဲ . . . တယ် . . . . .

" ပန်းညှို့ သခင်မ "

|


သံတူကြောင်းကွဲ ခံစားမှုနှစ်မျိုး ရှိပေမဲ့
စွယ်တော်ရွက်လို အချစ်မျိုးနဲ့ 
ပန်းလေးတစ်ပွင့် ဖန်ဆင်းပေးခဲ့သူ . . . . .

ဆောင်း
ဦး
ခေတ်
သစ်ရွက် ကြွေသံလေးလို
သင်း

မြ
မြ
နွေပန်းတို့  ပွင့်ဖူးသွားချိန် . . . . .

လူတစ်ယောက်ကို ပြုစားဖို့ 
ဘယ်လို နတ်ဘုရားဆီမှာများ
" နှလုံးလှ လူမိုက်ဆု " ဆုတောင်းမှားခဲ့ပါသလည်း
အို . . . နတ်မိမယ်လေးရေ . . . . .

အဖြေရှာဆဲ အိမ်မက်ကဗျာမှာ
မြူးနှင်းလေးတွေ မူးဝေသွားလို့ 
ရီဝေေ၀သျှတတ ဖြစ်သွားချိန်
ကံကကြမ္မာတွေက တော့လွဲကောင်းတုန်း . . . . .

ဆုံမှတ်တွေလွဲနေတဲ့ ကိုယ့်ရဲ့ ကွက်လပ်မှာ
မိုးစက်တင်လေ သီတာမျက်ဝန်းသခင်မရဲ့ 
စူးရှရှ ညှို့ အားတစ်သိန်း အကြည့် ကြောင့်
ကမ်းရိုး မိုးစက်မှုန်မှုန်ရီဝေ
အနောက်ဘက် မိုးတိမ်ဆီက
" ကောက်စိုက်သမ ဗုံကြီးသံ " ဆိုတာ
ငါ့ ရင်ခုန်သံများလား မိန်းကလေး ရယ် . . . . .

" ဆိုက်ပရပ်(စ်) နတ်သမီး "

|


ဆိုက်ပရပ်(စ်) အချစ်ပန်းတွေပွင့်တဲ့
ခံစားမှုစိတ်ကူးယဉ် ပြတိုက်တစ်ခုမှာ
နှစ်ဆယ့်တစ်ရာစု မော်ဒန်လက်ရာ
မာဖီးယား အချစ်ရုပ်ကြွင်းစစ်စစ်နဲ.
ဆိုက်ပရပ်(စ်) နတ်သမီးတစ်ပါးရှိတယ်
မိုးကျရွှေကိုယ် မဟုတ်ပေမဲ့
နတ်သမီးပန်ဖို့ ရည်စူးပြီး
ကဗျာသီတဲ့ကြိုးနဲ့ 
ပန်းတစ်ခင်း ပျိုးခဲ့တယ်
ရင်ခုန်ခြင်းမှာ . . . . .

စွဲလမ်းမှု မျက်ဝန်းနုနု . . . . .

ကဗျာဆန်ဆန် ပန်းနုချစ်နှုတ်ခမ်း . . . . .

သီတာခုနစ်တန်အပြုံး . . . . .

ဒီပန်းချီအဆုံး . . . . .

လေပြေချော့လို့  လျော့သွားတဲ့
ဆံနွယ်တွေ ကြော့သွားချိန်မှာတော့
ရင်တွေတုန်ရလွန်းလို့ 
ဘဂ္ဂဒက် အသိမ်းခံရတဲ့ နေ့ က
ငါ့ကံတော်ကုန် နှလုံးသားတောင်
ဘယ်နားကျကျန်ခဲ့မှန်း မသိတော့ဘူး နတ်သမီးလေးရေ . . . . .

" အချစ်မှာ ရှစ်မျက်နှာ "

|


အရပ်မှာ လေးမျက်နှာ
အချစ်မှာ ရှစ်မျက်နှာ
ငါကတော့ အလယ်မှာ ...

ငါ့နိုးထရာ နံနက်ခင်းအိမ်မက်မြစ်တို့ စီးရာ အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့ရင်တွင်းဖြစ်စစ်စစ်တို့ ကိန်းအောင်းတည်ရှိရာ အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့ဝတ်မှုန်တို့ ပျော်စံရာ ဥယျာဉ်အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့နေခြည်အနမ်းများဖြင့် ပန်းများပွင့်စေသည့်အရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့ကဗျာတို. စေညွှန်ရာအရပ်သည်
မင်းရှိတဲ့အရပ် .....

ငါ့အချစ်ပဉ္စလက် မှော်အောင်ရာအရပ်သည်လည်း
မင်းရှိတဲ့အရပ် .....

ငါ့ဘ၀နေ၀င်ချိန် ခေါင်းချရာအရပ်သည်
မင်းရှိတဲ့အရပ် .....

မင်းကျောခိုင်း စေအုံးတော့မင်းလှည့်သောအရပ်သည်
ငါမျက်နှာမူရာအရပ် .....

ချစ်သူ ...
ငါသည် အချစ်ရှစ်မျက်နှာမှနေ၍
မင်းကို ချစ်ပါသည် ....

" ဂန္တ၀င် စကားတစ်ခွန်း "

|


ဖြစ်တည်မှု နိယာမမဲ့
နိုးထခြင်း ပင်လယ်အော်နောက်
ဒဏ္ဍရီ ကြယ်စင်စု ဟာ
ပန်းတို့ အရှင် ဧကရီသခင်မရဲ့ 
နေ၀င်နေထွက် ခြေရာတွေနဲ.အတူ
အချစ်ကို သုညက အစပျိုးမွေးဖွားမိခဲ့တယ် ...

လရောင်လွှမ်းနေတဲ့
အသဲရောင်လမ်းက
ဆည်းလည်းရှိုက်သံကြောင်.
စောင်းကြိုးလည်း နုခဲ့ရပြီ ...

လေတိုက်နှုန်းကြောင့်
လွမ်းလို့ သေသွားတဲ့ သစ်ပင်က
ဝိုင်နီချိုချို တစ်ခွက်သောက်ရင်းပြောတယ်
လကမ္ဘာမှာ ရေမရှိ
အင်္ဂါဂြိုလ် မှာအိမ်မက်တွေမရှိ
ကမ္ဘာဟာ မပြားပါ
ထို့ ကြောင့် ...
" ကျွန်တော် သူမ ကိုချစ်ပါသည် " ...

ဗီးနပ်မင်းသမီး ပေးလာမဲ့
အနူးညံ့ဆုံး နှုတ်ပါးတော်က
အဖြေလွှာ ပုရပိုဒ်မှာ
ကိုယ့် ကံလှိုင်းတွေ မရိုင်းစေဖို.
ရင်ခွင် သမိုင်းရဲ.
စကားလုံး သင်္ချိုင်းမှာ
အနမ်းတွေ ရိုင်းခဲ့ရင်
ငါ့ကို ခွင့်လွှတ်ပါ ဘေဘီ .....။.....။

" အနမ်းသင်. လော.ဂျစ် "

|

ချွဲပစ်ပစ် ရင်ခုန်သံကြောင်.
လော.ဂျစ်တွေ ပျောက်တဲ.ညမှာ
ကြိုးပျောက် ဂီတာနဲ.
" စိန်ခြူးကြာညောင် " ကို
တစ်ကွက်ပိုတီးမိခဲ. တယ် ...

အနမ်း တိတ်တခိုးတွေကြားမှာ
နာရီတွေက " ဂျောက်ဂျက် " " ဂျောက်ဂျက် "
အိမ်မက်တွေ ဂရောက် ဂရက်နဲ.
" ဆဌမအာရုံ " ပါပျောက်ခဲ.တယ် ...

" သတ္တမမြောက် ဖန်ဆင်းခြင်း "
ခရမ်းလွန် အလင်းတန်းရဲ.
ဘယ်ဘက်ရင်အုံမှာ
ထိုးစိုက်တဲ. ပတ်ပျိုးဟာ
" စုံနံ.သာမြိုင် " မဖြစ်ပါပရစေနဲ. ...

ကောင်းကင်အလွန် တမ်းချင်း
ချိုလွင်လွင် ဒိုင်ယာရီစာမျက်နှာမှာ
" ပန်းကိုးပွင်.ဒေ၀ီ " ရဲ.
အမုန်းမဲ. နှုတ်ခမ်းသားလေးနဲ.
ထာဝရ ... အဆုံးမဲ.
အနမ်းသင်. ကျိန်စာမိပါရစေ .....။.....။