ရနံ့ တွေရတဲ့ တောတစ်အုပ်မှာ
ငါက
" ကေသရာဇာ " ဖြစ်ချင်တာ
ဒါပေမဲ့ . . . ဘယ်လေညှုင်းနုနုမှဖမ်းစားဖို့ 
စိတ်ကူးမရှိဘူး . . . . .
နတ်ဆေးလုံးစား
စလွယ်ဖွားမဟုတ်ပေမဲ့
တောအုပ်လေးကို ပစ်လွှတ်မဲ့လေးညှို့ ရန်တွေကို
အကြင်နာရှစ်သောင်း ခံစစ်အမြှေုာင်းမြှေုာင်းနဲ့ 
ခုခံကာကွယ် ၀တ်မှုန်လိုသင်းပျံ့ စေချင်တယ် . . . . .
ငါ့ရင်ဘတ်က မျှော်လင့်ခြင်းအထပ်ထပ်
ဘယ်ကံရှင်နတ်က သိတတ်နိုင်မလည်း
သမိုင်းမတွင်နိုင်သေးတဲ့ အက္ခရာလေးလုံးဟာ
ဝှက်ထားခြင်းခံရတဲ့
" အမှန်တရား " ပဲ . . . . .
မျှော်ရည်ငေးလင့်
တစ်နေ့ တော့ပွင့်မဲ့ ရနံ့ နဲ့ 
တောတန်းလေးကိုမွှေးပျံ့ စေချင်တယ်
ငါတွေးရင်းပျော်တယ်
သူများတွေအတွက်လည်းငါပျော်နေမိတယ်
ခုထိ တောအုပ်လေးအတွက်
ငါ့အိပ်မက်တွေမှာ . . . ငါ ဟာ
တစ်ကိုယ်တော်မဖြစ်ခဲ့သေးဘူးကွယ် . . . . .
10 comments:
နူးညံ့တဲ့ နှလုံးသားဆိုပေမယ့်
သူ့ဝန်သူထမ်း သူ့လမ်းသူလျှောက်
ရဲဝံ့စွာ ခရီးပေါက်ခဲ့သူ.....။
မျိုးဂုဏ်ထိန်းသိမဘာသာမပျက်
သာသနာတွယ်ဖက်
မာန်ဂုဏ်မဝင့်ကြွား ထောင်လွှားကင်းမဲ့
လူလိမ္မာသား ယဉ်ပါးလှသူ....။
ခံစားချက်နုနုကို “ပျိုး”
ကဗျာပန်းဥယျာဉ်မှာ
ပန်းတစ်ကုံးပြီးတစ်ကုံး သီကုံးခဲ့သူ.....။
ခံစားမှုစိတ်ကူးယဉ်ပြတိုက်က
မာဖီးယားအချစ်ရုပ်ကြွင်းစစ်စစ်ကို
ပန်းကလေးတစ်ပွင့် ဖန်ဆင်းပေးခဲ့သူ...။
လိပ်ပြာတွေရစ်ဝဲ
နှင်းဆီတွေကြွေပြတောင်
နှလုံးသားမီးမှိတ် တိတ်တဆိတ် အိပ်စက်ခဲ့သူ...။
ချစ်သူပြုံးဖို့ဆိုရင်မေတ္တာကိုခင်း
ချစ်ခြင်းတွေသီကျူး
ကြင်နာခြင်းကို လွှမ်းခြုံပေးတတ်သူ...။
ချစ်သူ့မျက်ရည်တစ်စက်
ငရဲမီး ဝဲကယက်လို ....
သောကမွှေနှောက် သူ့စိတ်တွေ ယောက်ယက်ခတ်တတ်သူ...။
အရပ်မှာ(၈)မျက်နှာ
ချစ်သူ့မျက်နှာသာ တစ်ကမ္ဘာဆိုသူရေ...
ယနေ့မှ“စ”လို့ မင်းလျှောက်တဲ့လမ်း
ပန်းပွင့်တို့ ကြို....
ကျေးငှက်တို့ တေးဆို
လမိုက်မဲ့ ညတွေကိုဖြတ်သန်း
ချစ်သူရှိရာ မျှော်စင်တန်းကို
နှင်းမပျောက်ခင် မင်းအရောက်ပြန်နိုင်ပါစေ.....
မင်းရဲ့ပြည်တော်ပြန် “အချစ်”လမ်းမှာ
ကံကောင်းခြင်း ပန်းတွေ ပွင့်ပါစေသား....။
HAPPY BIRTHDAY.....“ MOE SET EIAN”
happy birthday nyi
မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ကျောင်းစာများနှင့်လည်း
အောင်မြင်ပါစေ။
ပျော်ရွင်သော မွေးနေ့ဖြစ်ပါစေ ညီ။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွင်စွာဖြင့် ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ပါစေလို့ အကို ဆုတောင်းပေးခဲ့ပါတယ်။
ခင်မင်လျှက်
တောသားလေး
ကိုမိုးစက်ရေ Happy Birthday ပါ ရှင် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာပျော်ရွှင်ပါစေ. လို့ဆုတောင်းပေးပါတယ်..
happy birthday ပါ မိုးစက်ရေ..။
ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးဖြစ်ပါစေဗျာ။
ချစ်ခင်သူနဲ့ ဘဝခရီးအတူလက်တွဲပြီး မွေးနေ့ပေါင်းများစွာကို ကျော်ဖြတ်နိင်ပါစေ။
ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့လေးပါ ..း))
ဘ၀တလျှောက်လုံး သာယာ ပျော်ရွှင် ချမ်းမြေ့ပါစေ .. ဆန္ဒနဲ့ ဘ၀ ထပ်တူကျပါစေ ..း))
ကေသရာဇာဆိုတော့ အင်္ဂါသားများလား :P
Happy Birthday!!!!!!!!!!!!!!!!!!!!!!!!!!!
အဲကြည့်...နတ်သာမီး ကော်ပီပေ့စ်လုပ်သွားပြန်ပြီ..။
ဘာပဲဖြစ်ဖြစ် ကိုယ့်မွေးနေ့ကိုပြန်ရေးတဲ့ ကဗျာလေးကိုတော့ ဖတ်ဖူးပြီးသွားပြီ...။ ကောင်းလိုက်တဲ့ ကဗျာ...။ ပြန်လာရင် တွေ့ဘူး ကြောာက်တယ်...ဟင်းချက်ကျွေးရမှာကို...။
ခင်တဲ့
မိုးငွေ့
မင်္ဂလာရှိတဲ့မွေးနေ့ပဲဗျို့း)
အရပ်မှာ(၈)မျက်နှာ
ချစ်သူ့မျက်နှာသာ တစ်ကမ္ဘာဆိုသူရေ...
ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့လေးဖြစ်ပါစေလို့
ဆုတောင်းနောက်ကျနေတယ်
ခွင့်လွတ်ပါ
ခင်ခင်မင်မင် jasmine
Post a Comment