ကမ္ဘာပျက်စက္ကူ တစ်ရွက် . . .
နေမထွက်တဲ့  ညတစ်ညမှာ
ကြယ်တွေ လတွေ ခြံရံလို့ 
အိမ်မွေ့ ချ နတ်သမီးတစ်ပါး
တိုင်းတစ်ပါးသို့  ခရီးထွက်ချေပြီ
သိုဝှက်ထားသော နှလုံးအိမ်မှ နှင်းသိုးများ
တမန်တော်စေတန်မှ တဆင့် အခစားဝင်လာကြ၏ . . . . .
ယေဘုယျဝိဥာဉ်မဲ့  နွေခေါင်ခေါင်ဂီတကို
ပူဖောင်းကွဲသူတစ်ယောက်ဟာ
သစ္စာမီးအိမ်မှာ သီချင်းလုပ်ဆိုရင်း
ထာဝရအိပ်ပျော်ဖို့  ကြယ်တစ်လုံးကို
ပြုစားခဲ့  လေရဲ့  . . . . .
လေထုထဲ အသက်ရှုခြင်း ရပ်ခြင်းဟာ
ကမ္ဘာဦးကျမ်းစာအစမှာ
ဝင်သက် ထွက်သက် အဖြစ်
နှောင်းလူများက တွေ့ ခဲ့ ရလေပြီ . . . . .
ဒီလိုနဲ့  . . .
ပက်စီ အတွေ့ ထူးမှာ
နှလုံးသား အတုကို ရေရောလိုက်တယ်
" ဆေးဆိုးပန်းရိုက်တစ်ရှုး " ဟာ
ညဖြစ်လျက်နဲ့  မျက်မှန်ထူထူတပ်လာခဲ့ တယ် . . . . .
ပွင့်အားကောင်းတဲ့ 
နှင်းဆီဖူးမီးပြန်အလင်းကြောင့်
အပြုံးတစ်ဝက်မှာ အမုန်းတစ်သက်စာ
ကပ်လျက်ပါလာခဲ့ ရပေါ့ . . . . .
( ၂ )
အရှေ့ ဖျားအလှရဲ့  လှို့ ဝှက်ချက်မှာ
အီဂျစ်ကမာမီရဲ့  နှလုံးရောဂါအကြောင်းမပါဘူး
ဒါဟာ . . . ကဗျာဦးက
ခေတ်ဦး ပရိုင်းမိတ် တွေပေါ့ကွယ် . . . . .
ပြီးတော့ . . .
မာယာကော့စကီး ကဗျာတွေမှာ
လှည်းယဉ်ကြော့ကြော့လေး သော့သော့နှင်နေတဲ့ 
ဖုန်ထူထူတောသူမလေး အနမ်းတွေ
မပါခဲ့ ဘူး . . . . .
မူယာမာယာနဲ့  ပျိုးတဲ့ ရန်ကုန်မိုးအလှက
ဥာဏ်ဝါ ဥဏ်ပြာ တွေပါပေမဲ့ 
အနုသုခုမဆန်ဆန်ပွင့်တဲ့ 
အိုးမဲ့  အိမ်မဲ့  ဗာဒံရွက်ရှုတဲ့ လေမှာတော့
PH-7 မပြည့်ခဲ့ ဘူး . . . . .
ကျီးပေါင်းတက်နေတဲ့ 
ကျောရိုးမဲ့ သတ္တ၀ါဟာ
ပရောဂအမှိုက်မှာ အသိုက်ဖွဲ့ ဖို့ 
လေးသည်တော် မေတ္တာအနမ်းတွေနဲ့ 
၁၂ရာသီအလွမ်းကို ခေါင်းလောင်းသံနဲ့ 
ပစ်ခွင်းခဲ့ တော့ . . . . .
လကွယ်ညတိုင်းမှာ . . .
စောင်းအိုတစ်လက် ကြိုးခဏခဏပြတ်သလို
ကုဗပေကြားမှာ မုဒိတာပွားပြီး
ကျည်ဆန်မရှိတဲ့  ငါ့သေနတ်ပြောင်းဝမှာ
ခြင်္သေ့ တစ်ကောင်လို ရဲရဲရင့်ရင့်ဂူအောင်းခဲ့ တယ် . . . . . .
( ၃ )
အသက်မရှုတဲ့ လောကပါလတရားဟာ
ဗျတ္တရဲ့ ပန်းဆက်လမ်းကို ခမ်းနားစေခဲ့ သလို
ဒုဋ္ဌ၀တီမြစ်ရေစီးသံဟာလည်း
ကမ္ဘာကြီးမကောင်းကြောင်း
ဘယ်တော့မှ မသီကြူးခဲ့ ဖူးဘူး . . . . .
မြောက်ပြန်လေမှာပွင့်တဲ့ 
စပါးပျိုကိုယ်သင်းနံ့ လေးကိုချစ်ကြိုးသွယ်
ဘ၀ရဲ့ အဘိဓမ္မာမှာ
'ဓမ္မာ ' ' သောက ' ' အင်းဝ ' ' ရာဇာ ' ကိုလည်မှာဆွဲ
ဗင်းနစ်အချစ်ပွဲကိုသွားကြမယ် . . . . .
နတ်ဆိုးမလေးပေးတဲ့ အိမ်မက်မှာ
အလင်းမဲ့ နိယာမနဲ့  ကိုယ်ပျောက်ဝတ်စုံပါခဲ့ တယ်
ဒါပေမဲ့  . . . ဘေဘီလုံတော့
တကယ်မရောက်ဖူးသေးပါ . . . . .
ဗန်ဂိုးရဲ့ ဌက်များဟာ
ပုပ္ပါးနေ၀င်ချိန်ကိုမခံစားတတ်ကြသလို
ရွာရိုးကိုးပေါက်ပွင့်နေတဲ့  ဂန္ဓာမာပန်းခြောက်တွေကတော့
မြို့ ပြတစ်လျှောက် ဂျစ်ပဆီတစ်ယောက်လို
လေလွှင့်နေခဲ့ ကြပြီ . . . . .
ပါဠိစာလုံးတွေနဲ့  သင်ပုန်းကြီးကွဲအားမှာ
နောက်ဆုံးစာမျက်နှာကိုလှန်လှောရင်း
နွေယဉ်စွန်းတန်းလေးဟာ
ခင်ဗျားတို့ ထင်ထားတာထက်
ပိုအေးမြလေရဲ့ ဗျာ . . . . .
( ၄ )
ကံ့ကော်နဲ့  ၀တ်ဆံမပြေလည်မှုကြောင့်
တမာတွေခါးခဲ့ ရတယ်
ဒါဆိုရင် . . . လိုက်မဆုံနိုင်တဲ့ 
မျဉ်းပြိုင်နှစ်ကြောင်းမှာလည်း
လှည်းလမ်းကြောင်းကြီးတွေ
ရှိကိုရှိရမယ် . . . . .
ယမမင်းကဗျာရွတ်သံအဆုံးမှာ
အာခိမိတိ ပရင်စပယ်ဟာ
ပြန်လှန်သင်ကြားခြင်း မကျေတဲ့ 
ချောက်ကမ်းပါးထဲ နယ်နှင်ဒဏ်အပေးခံခဲ့ ရတယ် . . . . .
ဘယ်တော့မှ မမေ့ပါဘူး . . . မမေ့ပါဘူးကွယ်
လမ်းဆုံရောက်တိုင်း လမ်းပျောက်နေတတ်တော့
ဘ၀သင်ရိုးညွှန်းတမ်းမှာတောင်
ကြက်ခြေခတ်တွေနဲ့ 
အောင်မှတ်ကို ကပ်ရခဲ့ တယ် . . . . .
တိမ်ညိုနယ်နမိတ်ကို
ဖြတ်သွားဖြတ်လာလုပ်ရင်း
ပင်လယ်တစ်အုပ်ဟာ
ငွေမိုးညို ငိုကာစလို
လှတပတ်နွမ်း သက္ကရာဇ်အနမ်းနဲ့ 
တိမ်ဖြူတစ်အုပ်
ရှိုက်ထုတ်ပေးခဲ့ တာပါတဲ့  . . . . .
( ၅ )
ဖြူ နီ ပြာ ၀ါ . . . စာတစ်အုပ်
ဒြပ်ရှိ ဒြပ်မဲ့  ကိုပြောင်းပြန်လုပ်လို့ 
မာဃဒေ၀ကို ပိတ်
တိတ်တဆိတ်ဘဲ ကိုယ်အိပ်လိုက်တယ် . . . . .
ဘာမှန်းမသိတဲ့  အနာဂါတ်မှာ
မာရ်နတ်ပေးတဲ့  ကျမ်းတစ်အုပ်ကို
ကံမကုန်ရင်ပြန်ဆုံကြတာပေါ့လို့ 
လက်ဆွဲနှုတ်ဆက်မနေချင်ဘူး . . . . .
" အဝေးဆိုတဲ့  အဝေးကြီးကိုသွားဖို့  "
မှိုင်းညှို့ ညှို့ စကားလုံးတွေမှာ
ဂူရိုင်းတွေက အပြိုင်းအရိုင်းကြွေဆင်းလို့  . . . . .
ဥယျာဉ်မှုးမဲ့  ဧဒင်ဟာ
လောကမာယာ အဆိပ်ပင်ကြောင့်
ဂျစ်ပဆီမှတ်တိုင်တစ်လျှောက်
မိုးကတစ်ဖြောက် . . . နှစ်ဖြောက်
. . . တစ်ဖြောက် . . . နှစ်ဖြောက် . . . . .
( ၆ )
ကံကြမာဆိုတဲ့  ကားယားကောင်က
လောကမဖိတ်ဘဲ လောကဓံတရားတွေ
ပေးပြီး ပြန်သွားတတ်တယ်
ဒါပေမဲ့  . . . အမြဲတော့မဟုတ်ဘူးပေါ့
တစ်ခါတစ်လေတော့
မျက်လုံးစုံမှိတ် ယဉ်ကျေးပြသွားတတ်ရဲ့  . . . . .
အနမ်းတွေကို စာသီကုံး
ဂဏန်းနှစ်လုံးနဲ့  " ၀ " လုံးကို
" သုည " ဖြစ်အောင်ရေးခဲ့ မိတယ် . . . . .
ဘာဖြစ်ဖြစ် . . .
အဲဒီ " ၀ " လုံးကို
လိမာပါးနပ်တဲ့  လက်တွေနဲ့ 
ဝိုင်းအောင်ရေးတတ်ရမယ် . . . . .
ဘာကြောင့်လဲ . . . ဘာအတွက်လည်း
ဖြေလို့ မရတဲ့  ပုစ္တာများစွာဟာ
မနက်ဖြန်ဆိုတဲ့  စာမျက်နှာမှာ
ပျားရည်တစ်စက်လို
ချိုလောင်ပြင်းသ ရှ တ တ ဖြစ်မှာတော့
အသေအချာပါပဲ . . . . .
နေ့ တစ်နေ့  ခိုးယူခြင်းခံရတဲ့ 
မီးခိုးလက်က ကြာတစ်ပွင့်ဟာ
ခိုးကြောင် ခိုးဝှက်တော့
မပွင့်ကောင်းပါဘူး
အချိန် အခါ တော့လိုတာပေါ့
ခမ်းခြောက်ခါးနီး ရေပြင်မှာ
အချိန်နည်းနည်းလောက်
ခိုးထားဖို့  လိုမှာအမှန်ပါဘဲ . . . . .
( ၇ )
ဒီမြို့ ပျက်က . . .
လူမသိ သူမသိ မောင်းကွဲသံမှာ
နံပတ်မပါတဲ့  မြေပုံတစ်ရွက်
မီးတောက်မပါတဲ့  စုတ်ချက်တွေနဲ့ 
တစ်ယောက်တည်း မိုးချုပ်နေတယ် . . . . .
ပြာကျသွားတဲ့  အသက်ငွေ့ ငွေ့  မှာ
" ၀ိမုတ္တိ " ဟာကလောင်တစ်ချောင်းဆို
တို့ ခေတ်မှာ တို့ ယဉ်ကျေးမှုနဲ့ 
တို့ နှစ်လုံးသားကို ထုဆစ်ကြရမယ် . . . . .
ဘယ်နွေဦးပေါက်မှ ကိုယ့်မီးတောက်နဲ့ ကိုယ်
" မီး " ထမတောက်ဘူး . . .
ခြေထောက်တွေမှားသွားနေတဲ့  လမ်းတွေမှာ
လမ်းမှားတွေ မသွားမိစေဖို့ 
ကိုလိုနီရင်ဘတ်ကို ဒဏ်ပြင်းပြင်းခတ်ပါ . . . . .
မြောက်ပြန်လေနဲ့  ခရီးကြုံလိုက်တဲ့  တောင်ပြိုမိုး
တောကြီး မျက်မည်းထဲ လမ်းပျောက်နေတယ်
ဝေါ . . . ဝေါ . . . ဝေါ . . .
ငြိမ်းချမ်းရေး တောင်ပံတစ်ဖက်ခတ်လျက်
ပန်းတစ်ဆုပ်ကြဲလို့  ဖိနပ်ပါးပါးစီးလျက်ပြန်လာ၏
တောမီးကား ငြိမ်းခဲ့ လေပြီ . . . . .
သို့ သော် . . . သို့ သော်
နေကားဝင်တော့မည်
လှိုင်းတို့ ကားပြင်းထန်ဆဲ
" တောင်ကြီးဖ၀ါးအောက်
လှိုင်းကြီးလှေအောက် " ဟုဆိုလျှင်
သင်တို့ ၏ အိမ်ပြန်ချိန်ကို . . . အိမ်မက်တွေကို
မည်သူကအာမခံပါမည်နည်း . . . အာမခံမည်နည်း . . . . .
မြို့ ပြတစ်လျှောက် ဂျစ်ပဆီတစ်ယောက်လို
လေလွှင့်နေခဲ့ ကြပြီ . . . . .
ပါဠိစာလုံးတွေနဲ့  သင်ပုန်းကြီးကွဲအားမှာ
နောက်ဆုံးစာမျက်နှာကိုလှန်လှော
နွေယဉ်စွန်းတန်းလေးဟာ
ခင်ဗျားတို့ ထင်ထားတာထက်
ပိုအေးမြလေရဲ့ ဗျာ . . . . .
( ၄ )
ကံ့ကော်နဲ့  ၀တ်ဆံမပြေလည်မှုကြောင့်
တမာတွေခါးခဲ့ ရတယ်
ဒါဆိုရင် . . . လိုက်မဆုံနိုင်တဲ့ 
မျဉ်းပြိုင်နှစ်ကြောင်းမှာလည်း
လှည်းလမ်းကြောင်းကြီးတွေ
ရှိကိုရှိရမယ် . . . . .
ယမမင်းကဗျာရွတ်သံအဆုံးမှာ
အာခိမိတိ ပရင်စပယ်ဟာ
ပြန်လှန်သင်ကြားခြင်း မကျေတဲ့ 
ချောက်ကမ်းပါးထဲ နယ်နှင်ဒဏ်အပေးခံခဲ့ ရတယ် . . . . .
ဘယ်တော့မှ မမေ့ပါဘူး . . . မမေ့ပါဘူးကွယ်
လမ်းဆုံရောက်တိုင်း လမ်းပျောက်နေတတ်တော့
ဘ၀သင်ရိုးညွှန်းတမ်းမှာတောင်
ကြက်ခြေခတ်တွေနဲ့ 
အောင်မှတ်ကို ကပ်ရခဲ့ တယ် . . . . .
တိမ်ညိုနယ်နမိတ်ကို
ဖြတ်သွားဖြတ်လာလုပ်ရင်း
ပင်လယ်တစ်အုပ်ဟာ
ငွေမိုးညို ငိုကာစလို
လှတပတ်နွမ်း သက္ကရာဇ်အနမ်းနဲ့ 
တိမ်ဖြူတစ်အုပ်
ရှိုက်ထုတ်ပေးခဲ့ တာပါတဲ့  . . . . .
( ၅ )
ဖြူ နီ ပြာ ၀ါ . . . စာတစ်အုပ်
ဒြပ်ရှိ ဒြပ်မဲ့  ကိုပြောင်းပြန်လုပ်လို့ 
မာဃဒေ၀ကို ပိတ်
တိတ်တဆိတ်ဘဲ ကိုယ်အိပ်လိုက်တယ် . . . . .
ဘာမှန်းမသိတဲ့  အနာဂါတ်မှာ
မာရ်နတ်ပေးတဲ့  ကျမ်းတစ်အုပ်ကို
ကံမကုန်ရင်ပြန်ဆုံကြတာပေါ့လို့ 
လက်ဆွဲနှုတ်ဆက်မနေချင်ဘူး . . . . .
" အဝေးဆိုတဲ့  အဝေးကြီးကိုသွားဖို့  "
မှိုင်းညှို့ ညှို့ စကားလုံးတွေမှာ
ဂူရိုင်းတွေက အပြိုင်းအရိုင်းကြွေဆင်းလို့  . . . . .
ဥယျာဉ်မှုးမဲ့  ဧဒင်ဟာ
လောကမာယာ အဆိပ်ပင်ကြောင့်
ဂျစ်ပဆီမှတ်တိုင်တစ်လျှောက်
မိုးကတစ်ဖြောက် . . . နှစ်ဖြောက်
. . . တစ်ဖြောက် . . . နှစ်ဖြောက် . . . . .
( ၆ )
ကံကြမာဆိုတဲ့  ကားယားကောင်က
လောကမဖိတ်ဘဲ လောကဓံတရားတွေ
ပေးပြီး ပြန်သွားတတ်တယ်
ဒါပေမဲ့  . . . အမြဲတော့မဟုတ်ဘူးပေါ့
တစ်ခါတစ်လေတော့
မျက်လုံးစုံမှိတ် ယဉ်ကျေးပြသွားတတ်ရဲ့  . . . . .
အနမ်းတွေကို စာသီကုံး
ဂဏန်းနှစ်လုံးနဲ့  " ၀ " လုံးကို
" သုည " ဖြစ်အောင်ရေးခဲ့ မိတယ် . . . . .
ဘာဖြစ်ဖြစ် . . .
အဲဒီ " ၀ " လုံးကို
လိမာပါးနပ်တဲ့  လက်တွေနဲ့ 
ဝိုင်းအောင်ရေးတတ်ရမယ် . . . . .
ဘာကြောင့်လဲ . . . ဘာအတွက်လည်း
ဖြေလို့ မရတဲ့  ပုစ္တာများစွာဟာ
မနက်ဖြန်ဆိုတဲ့  စာမျက်နှာမှာ
ပျားရည်တစ်စက်လို
ချိုလောင်ပြင်းသ ရှ တ တ ဖြစ်မှာတော့
အသေအချာပါပဲ . . . . .
နေ့ တစ်နေ့  ခိုးယူခြင်းခံရတဲ့ 
မီးခိုးလက်က ကြာတစ်ပွင့်ဟာ
ခိုးကြောင် ခိုးဝှက်တော့
မပွင့်ကောင်းပါဘူး
အချိန် အခါ တော့လိုတာပေါ့
ခမ်းခြောက်ခါးနီး ရေပြင်မှာ
အချိန်နည်းနည်းလောက်
ခိုးထားဖို့  လိုမှာအမှန်ပါဘဲ . . . . .
( ၇ )
ဒီမြို့ ပျက်က . . .
လူမသိ သူမသိ မောင်းကွဲသံမှာ
နံပတ်မပါတဲ့  မြေပုံတစ်ရွက်
မီးတောက်မပါတဲ့  စုတ်ချက်တွေနဲ့ 
တစ်ယောက်တည်း မိုးချုပ်နေတယ် . . . . .
ပြာကျသွားတဲ့  အသက်ငွေ့ ငွေ့  မှာ
" ၀ိမုတ္တိ " ဟာကလောင်တစ်ချောင်းဆို
တို့ ခေတ်မှာ တို့ ယဉ်ကျေးမှုနဲ့ 
တို့ နှစ်လုံးသားကို ထုဆစ်ကြရမယ် . . . . .
ဘယ်နွေဦးပေါက်မှ ကိုယ့်မီးတောက်နဲ့ ကိုယ်
" မီး " ထမတောက်ဘူး . . .
ခြေထောက်တွေမှားသွားနေတဲ့  လမ်းတွေမှာ
လမ်းမှားတွေ မသွားမိစေဖို့ 
ကိုလိုနီရင်ဘတ်ကို ဒဏ်ပြင်းပြင်းခတ်ပါ . . . . .
မြောက်ပြန်လေနဲ့  ခရီးကြုံလိုက်တဲ့  တောင်ပြိုမိုး
တောကြီး မျက်မည်းထဲ လမ်းပျောက်နေတယ်
ဝေါ . . . ဝေါ . . . ဝေါ . . .
ငြိမ်းချမ်းရေး တောင်ပံတစ်ဖက်ခတ်လျက်
ပန်းတစ်ဆုပ်ကြဲလို့  ဖိနပ်ပါးပါးစီးလျက်ပြန်လာ၏
တောမီးကား ငြိမ်းခဲ့ လေပြီ . . . . .
သို့ သော် . . . သို့ သော်
နေကားဝင်တော့မည်
လှိုင်းတို့ ကားပြင်းထန်ဆဲ
" တောင်ကြီးဖ၀ါးအောက်
လှိုင်းကြီးလှေအောက် " ဟုဆိုလျှင်
သင်တို့ ၏ အိမ်ပြန်ချိန်ကို . . . အိမ်မက်တွေကို
မည်သူကအာမခံပါမည်နည်း . . . အာမခံမည်နည်း . . . . .
20 comments:
အနောက်တိုင်းစာလုံးတွေနဲ့ မြန်မာစာလုံးတွေ ရောယှက်ဖျာဆင်းနေတဲ့ ညီလေးကဗျာရှည်လေးရဲ့ အသက်ဝင်မှုက အနုပညာဆန်တဲ့ ကကြိုးတစ်ကွက်ပြလိုက်သလိုပါပဲ ညီရေ။Sweet December မှာ ပျော်ရွှင်ချိုမြိန်ပါစေဗျာ။
sweet december မှာ ချိုမြိန်သာယာပါစေ မိုးစက်ရေ ..
ကဗျာရှည်ရှည်တွေ ဖတ်ရမှာ ပျင်းပေမယ့် ဒီတပုဒ်တော့ ဆုံးသွားတယ် ..း)
မိုးစက်ရေ...
ကဗျာကို သေသေချာချာ လာဖတ်သွားတယ်...
ကဗျာရှည်ရေးတဲ့သူရဲ့ အိုင်ဒီယာကို လေးစားတယ်...
ကျွန်တော် ရေးဖို့ကြိုးစားခဲ့ဖူးတယ်....
မရဘူး...အကြောင်းအရာတွေက မကွဲဘူး...
ဟိုရောက်ဒီရောက်နဲ့....
ခုကဗျာလေးကတော့ အဓိပ္ပါယ်တွေ အများကြီးပေမယ့်....
ကျွန်တော်ကတော့ ဘ ၀ ဆိုတဲ့ မွေးဖွားခြင်းက သေဆုံးခြင်းထိ သက်တမ်းမှာ
ဖြတ်သန်းရမယ့် ပွိုင့်လေးတွေလို့ တွေးသွားတယ်ဗျာ... (ကျွန်တော့်အတွေးပါ)
ညီမိုးစက်အိမ် ပျော်ရွှင်ဖွယ်ရာ နေ့ကလေးတွေ ဖြစ်ပါစေ...
ခင်မင်လျက်...
ညရဲ့ကောင်းကင်
ကဗျာက ရှည်ပေမဲ့ ဖွဲ့စည်းမှုအား အရမ်းကောင်းတော့ ဖတ်ပြီးရင်းဖတ်ချင်ပါဘဲ။ သံစဉ်များစွာ စီးဆင်းနေတဲ့
ညီရဲ့  ကဗျာရှည်မျောမျောဟာ တကယ် အမောကို ပြေစေပါတယ်။
ပျော်ရွှင်ပါစေ ညီ။
ကျွန်တော်ကဖတ်ပြီးမျောပါ မောသွားတယ်ဗျာ
မောတယ်ဆိုတာက လိုက်ခံစားရင်း တွေးရင်းနဲ့
မောတာကိုပြောတာပါ
ကဗျာရှည်တပုဒ်ရေးနိုင်ဖို့လွယ်ဖူး လေးစားတယ်
ကဗျာက ကောင်းလွန်းလို့ ဘယ်နေရာကောင်းတယ်မှန်း မပြောတတ်အောင်ဖြစ်ခဲ့ရတယ်
ကဗျာကိုဖတ်ပြီး သေချာကို ရေးထားတာ မန့်လိုက်တော့မှ
Not Found
Error 404.. အဲလိုဖြစ်သွားတာ တစ်ခါမှကို မဖြစ်ဖူးဘူး အတောလေးကို ပေါက်ကွဲသွားတယ်
ပြန်လာခဲ့မယ်ဗျာ..
ပျော်ရွှင်ပါစေ..
ဟူး ကဗျာရှည်လေးကို ဖတ်ရင်းမောသွားတယ်..။တညိုးလေးပဲနော်..တစ်ခုခုတော့ ရင်ထဲခံစားသွားရတယ်။ ဘယ်လိုညိုးလဲ တော့သိဘူး။ ကောင်းပါတယ် ကဗျာတွေဆို အကုန်ကြိုက်တယ်။
ခင်တဲ့
မြတ်မွန်*
ကဗျာရှည်လေးကို ရသမြောက်အောင် လှပတဲ့ စကားလုံးတွေ ပေါင်စပ်ပြီး သီကုံးထားတာ အရမ်းကို အသက်ဝင်ပါတယ်။
ကဗျာအပိုဒ်တိုင်းမှာ လေးနဲ့တဲ့ အဓိပ္ပါယ်တွေ ပါနေတယ်လို့ ခံစားမိတယ်။ ကဗျာလေး ဘယ်လေက်ရှည်ရှည် ရည်ညွန်းချက်တွေ မထပ်အောင် စပ်ဆိုသွားတာကိုလည်း ချီးကျူးပါတယ်။ အမက ကဗျာလေးတွေကို အရမ်းနှစ်သက်တယ်။ ခံလည်းခံစား တတ်တယ်။ ဒါပေမယ့် ကိုယ်တိုင်တော့ ကဗျာမစပ်တတ်ဘူး။း)
အမြဲအားပေးနေပါတယ်။
ခင်မင်လေးစားလျှက်
ကဗျာတိုလေးတစ်ပုဒ်တောင် ဖြစ်ဖြစ်မြောက်မြောက်မရေးတတ်တဲ့အမ ဒီကဗျာရှည်ကို တမေ့တမောဖတ်သွားခဲ့ပါတယ်...သိပ်လှတဲ့စကားလုံးတွေကို အဆက်အစပ်လေးမိအောင် သီကုံးသွားနိုင်ခဲ့တယ်...ချီးကျူးပါတယ် ဆရာမိုးစက်ရေ...
We're sorry, but we were unable to complete your request.
When reporting this error to Blogger Support or on the Blogger Help Group, please:
* Describe what you were doing when you got this error.
* Provide the following error code and additional information.
bX-i4g2i
Additional information
blogID: 3563695082744839060
host: www.blogger.com
postID: 5301921702167257498
uri: /comment.do
This information will help us to track down your specific problem and fix it! We apologize for the inconvenience.
Find help
See if anyone else is having the same problem: Search the Blogger Help Group for bX-i4g2i
If you don't get any results for that search, you can start a new topic. Please make sure to mention bX-i4g2i in your message.
အဲလိုပြန်ဖြစ်တယ် ကိုမိုးစက်အိမ်ရေ.. ဘယ်လိုဖြစ်တာလဲမသိဘူး .. အခုပေးတာကျတော့ ဘာဖြစ်လို့ ရတာလဲ မတွေးတတ်တော့ဘူး..
ဘယ်လိုလုပ်ရမှန်း မသိဘူးဗျ.. သိသောသူများ ရှိရင်လည်း ဖြေကြားပေးပါလို့ တောင်းဆိုပါတယ်..
ကဗျာရဲ့  အာနိသင်တွေက ပြောမပြလောက်အောင် ပါပဲ .. အစအဆုံးဖတ်ရင်း ခံစားချက် အမျိုးမျိုးနဲ့ လိုရာ ဆွဲတွေးသွားပါတယ်ဗျာ ..
အရှည်ကြီးပဲ ကဗျာက ကျွန်မဆို တိုတိုလေးတောင် မရေးတတ်ဘူး လေးစားပါတယ် ကိုမိုးစက်အိမ်
ကဗျာအရှည်ကြီးကို မိန်းမောစွာ ဖတ်သွားတယ်... အိမ်ပြန်ချိန် ကို မည်သူက အာမခံပါမည်နည်းလို့ စဉ်းစားရင်း...............
No Comment ပါ.....
Congratulation ...မိုးစက်...
No Comment ပါ.....
Congratulation ...မိုးစက်...
ကဗျာလေး လာခံစားသွားတယ်ဗျာ
တော်တယ် ကျွန်တော်ဆို တကြောင်းတောင်
မရေးနိုင်ဘူး မရေးတတ်ဘူးဆို ပိုမှန်တယ်ဗျ
ကဗျာရှည်ကြီးကို အားပါးတရ ဖတ်သွားတယ်။ ခံစားသွားတယ်။
ကဗျာတပုဒ်ဆုံးတိုင်း နောက်တပုဒ်က ရသပြောင်းသွားတယ်နော့။ ကောင်းတယ်ဟ။
နောက်ဆုံးအပိုဒ်လေးကို ကြိုက်တယ်... ဘယ်သူ အာမခံမလဲဗျ...း)
အား ... မိုက်တယ် ....
အားကျတယ် ... အဲလို ရေးတတ်ချင်တယ်.. ဘယ်လိုလုပ်ရပါ့.....
Post a Comment