" သိုးဆောင်းတစ်လက်ရဲ့ ဒဏ္ဍရီ "
ဆောင်းစက်ပျို နန်းတော်ရာမှာ
" ပန်းမဉ္ဖူ " ယွန်းယွန်းဟာ ကဗျာကိုသွန်းတဲ့ 
နှစ်ချို့ ရာဇ၀င်များကိုတူးဖော်ရင်း
" စင်ဒရဲလား " ' က ' ကြိုး ' က ' ကွက်များနဲ့ 
အာရုံဦးသူရဲကောင်းကို ဗျက်စောင်းတစ်လက်နဲ့ ကြိုဆိုတယ် . . . . .
ကနုတ်တစ်ချက်ရဲ့ စုတ်ချက်တွေမှာ
အက္ခရာတွေ အစီအရီ ဖြန့် ကျဲထားတယ်
ရှေးဟောင်းရင်ဘတ်ရဲ့  " လှို့ ဝှက်ကျောက်စာ " ဟာ
အက်ကြောင်းရာကြောင့် တန်ဖိုးအားဖြင့်လျော့မသွားဘူး . . . . .
တစ်ခြမ်းပဲ့ ဝတ်မှုန်လေး လွင့်မျောမသွားဖို့ 
ကဗျည်းဖြူ ပိတ်ရောင်ပါးပါးမှာ
စကြာဝဋ္ဌာ ရဲ့  အမြင့်ဆုံးလမ်းကိုဖောက်
သံလွင်ခက်ကိုဆောင်းရင်း မိုးမလင်းခင်အိမ်မက်ချိုချိုမှာ
ပထမတန်းစား အချစ်သူရဲကောင်းတံဆိပ်တွေ အခါခါရခဲ့ တယ် . . . . .
အညောင်းမိနှလုံးသားရဲ့ ခံစားမှုသိုက်စာမှာ
' ရေ ' ' မြေ ' ' နေ ' ' လ ' တွေကွယ်ပျောက်နေပေမဲ့ 
" ကြယ် "တစ်လုံးရဲ့  အ" ဖြူ " ရောင်သစ္စာမှာတော့ " စင် " ကြယ်တဲ့ 
သမုဒ္ဒရ ၀ိရောဓိလေးများဟာ မှိတ်တုတ် မှိတ်တုတ် လင်းလက်လျက် . . . . .
ဆည်းဆာဝင်ရိုး စောင်းကြိုးနက်ချိန်
သိုးဆောင်းတစ်လက်ရဲ့  " ဧ က ရီ စာ " လွမ်းချင်းမှာ
ကြည်နူးဖူးတဲ့  လမ်းအိုဟောင်းလေးပါခဲ့ ဖူးတယ်
မဟူရာညမှာ မှည့်တဲ့  အလင်းနှစ်သန်းပေါင်းများစွာဟာ
မိုးသောက် သောင်ပြင်မှာ ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ် သီကြူးနေတယ် . . . . .
လွင်တီးခေါင်ပြင်က အလွမ်းတယောသံအဆုံး
ဂီတာ တစ်လက် ကြိုးပြတ်သွားသလို
အမြဲစိမ်းဂီတ ရဲ့  ကာရန်မဲ့  ယဉ်ကျေးမှုမှာ
မြို့ ဟောင်းတစ်လက် ပုံမပျက်ရှိခဲ့ တယ်
" လေရူးသုန်သုန် " မှာ" ဗီးနပ်(စ်) " ပေးတဲ့  အဖြူရောင်တောင်ပံတစ်စုံဟာ
" ဂျူးလိယက် " အတွက် စွယ်တော်ပင်ရိပ်အိုက " လ၀န်းပျို " ဖြစ်ပါစေ . . . . .
ဘလော့လောကမှ အနားယူသွားသော အမကြယ်ဖြူစင် က မွေးနေ့ လက်ဆောင်ကဗျာပေးပါရန်တောင်း
ဆို လာသဖြင့်အတတ်နိုင်ဆုံးရေးဖွဲ့ ပေးလိုက်ပါတယ် . . . . . ပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါစေခင်ဗျာ
Subscribe to:
Post Comments (Atom)
13 comments:
ကဗျာ အရေးအသားက အတော်ကို ကောင်းတယ်...
စာသားလေတွေက ဘာလို့ဒီလောက်နုရွနေတာလဲ မသိဘူးနော်...
စကားလုံးလည်း အရမ်းကြွယ်တယ်..
အမှန်ပြောရရင် ညီရေးတဲ့ ကဗျာတွေက နဲနဲမြင့်တယ်...း)
အစ်မကြယ်ဖြူစင်အတွက် ပါဆုတောင်းပေးသွားပါတယ်...
မွေးနေ့မှာ ပျော်ရွှင်ပါစေ...
ခင်မင်လျက်
ညရဲ့ကောင်းကင်
ညီလေး မိုးစက်အိမ် ရေးတဲ့ ကဗျာလေး တွေ ကြိုက်လွန်း လို့  အမြဲလာဖတ်တယ်။
စာသားလေးတွေ က အမြဲလိုလို အသစ်အဆန်းလေး
တွေ နော်။ အကို တို့ တော့ လိုက်မှီတော့ဘူး။ :)
အင်း မွေးနေ့ ရှင် ကြယ်ဖြူစင် ပျော်ရွှင်နိုင်ပါစေ လို့ လဲ ဆုတောင်းလိုက်ပါတယ်။
ကိုမောင်မောင်
" ကြယ် "တစ်လုံးရဲ့  အ" ဖြူ " ရောင်သစ္စာမှာတော့ " စင် " ကြယ်တဲ့ ....
အဲဒီအကြောင်းလေးက မွေးနေ့ရှင်ကို ပိုပျော်ရွှင်စေမှာပါ။
ညီရေ..
ဆုတောင်းပေးလိုက်ပါတယ်။ ကဗျာရှင်ကော မွေးနေ့ရှင်ကော လိုရာတွေပြည့်ပါစေ။
မွေးနေ့ ရှင်
ကြယ်ဖြူစင် တစ်ပွင့်ရော
ကဗျာ ရှင် ရော
ပျော်ပါစေ ခင်ဗျာ
လေးစားစွာ
ကဗျာတွေက လန်းနေတာပဲဗျာ..
ဒီလိုမျိုး တစ်ပုဒ်လောက် ရေးကျင့်ချင်တယ်..ဟဲဟဲ
အညောင်းမိနှလုံးသားရဲ့ ခံစားမှုသိုက်စာမှာ
' ရေ ' ' မြေ ' ' နေ ' ' လ ' တွေကွယ်ပျောက်နေပေမဲ့ 
" ကြယ် "တစ်လုံးရဲ့  အ" ဖြူ " ရောင်သစ္စာမှာတော့ " စင် " ကြယ်တဲ့ 
သမုဒ္ဒရ ၀ိရောဓိလေးများဟာ မှိတ်တုတ် မှိတ်တုတ် လင်းလက်လျက်..
မွေးနေ့ရှင်လေးအတွက် ဖွဲ့ဆိုထားတဲ့ စာအဖွဲ့အနွ့လေး အရမ်းကိုကောင်းတယ်ဗျာ..
ကဗျာရေးသူနဲ့ တကွ မွေးနေ့ရှင်လည်း ကန်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ..
ကဗျာလေးက လန်းလိုက်တာ။ နင်ကလေ တော်ကိုတော်တယ်လို့ ငါမပြောချင်ဘူး။ ဒီလိုရန်စသွားတာ။
အမကြယ်ဖြူစင်ရေ
ဟတ်ပီဘတ်ဒေးးးးးးးးးးးးးးးးးးးးးးးးး2ယူ
း)
တော်တယ်.... သူတို့ပြောသလိုပဲ ရေးတာတွေ မြင့်တယ်... :)
သူတို့ပြောသွားကုန်ပြီ
မောင်ဘကြိုင်လဲငုတ်တုတ်ကိုမေ့သွားတယ်
ကဗျာလေးကောင်းလွန်းတယ်
မွေးနေ့ရှင်သေချပေါက်သဘောကျမှာ
း)
ပုံလေးကလဲလှ... ကဗျာလေးကလဲလှ
မွေးနေ့ရှင်လေး နဲ့ ကဗျာရှင်လေးရေ...
ကဗျာလှလှလေးတပုဒ် ပေါ်ထွက်လာပြန်ပြီနော်....
ရွှင်လန်းချမ်းမြေ့ပါစေရှင်...
မွေးနေ့ရှင်ကိုတော့ အွန်လိုင်းကနေ ဆုတောင်းပေးလိုက် တယ်။
ကဗျာရှင်ကိုတော့ ဒီနေရာကနေပဲ ကဗျာလေးတွေ အရေးကောင်းကြောင်း ပြောလိုက်တော့မယ် :)
စာသားတွေကတော့ အမြဲလန်း..အမြဲလန်း...အဲဗားလန်းပါလားညီရေ့...
မွေးနေ့ရှင်ကျေနပ်မှာပါ.....
အမကြယ်ဖြူစင်ကို ဒီကဗျာလေးဖတ်ရင်း ဆုတောင်းပေးပါတယ်ဗျာ ... ကိုမိုးစက်ရဲ့  ကဗျာတွေက တော့ အရမ်းလန်းနေတယ်ဗျာ ... ကဗျာတွေက လိုက်လိုတော့ မမှီဘူးဗျ ဒါပေမယ့် ကြိုက်တယ်ဗျ .. စိတ်ထဲရှိသလို ဘာသာပြန်သွားပါတယ်ဗျာ ..
Post a Comment