" အလွမ်းတန်ဆောင်တိုင် "
ဝတ်မှုန်အချင်းချင်း ထိခိုက်ကျကွဲသံကြောင့်
ဂုဏ်သရေရှိ နံနက်ခင်းဟာ
ပန်းကလေးတွေ ရနံ့ မပြယ်ရအောင်
သူ့ ဥပဓိရုပ်နဲ့  လူကြီးလူကောင်းဆန်စေခဲ့ တယ် . . . . .
ခေတ်အဆက်ဆက်က ရှေးကျတဲ့ 
အဖြူရောင် ပါးလွှလွှ ကဗ္ဗလာခင်းတစ်အုပ်
ငါ့ ပြတင်းပေါက်နားက ခပ်ရွရွလေး အုပ်ဖွဲ့  ဖြတ်ပျံသွားကြတယ် . . . . .
ပြက္ခဒိန်ဟာ သွေးအေး သတ္တ၀ါတစ်ကောင်လို
တိတ်ဆိတ်ငြိမ်သက်ရင်း ငါ့ကိုစိုက်ကြည့်နေတယ် . . . . .
ထမင်းရည်ပူစီးမှာ ခေါင်သူကြီးမဖြစ်ခဲ့ပေမဲ့ 
ဌက်ပျောဖတ်နုနု နဲ့  ဗြောသံကဗျာကြားတိုင်း
ဗောဓိရွှေကျောင်းက " ကထိန် " ပုံရိပ်တွေမြင်ယောင်ရင်း
ကုန်လွန်ခဲ့ တဲ့  ရာစုနှစ်က နေ့ ရက်များကို
အလွမ်းတယောထိုးနေမိတယ် . . . . .
ဒါဟာ . . . သီအိုရီအရ
ကောင်းကင်မှာ ပန်းမပွင့်တော့တာမို့ 
လွမ်းကောင်း လွမ်းနေပါလိမ့်မယ် . . . . .
နတ်ဝှက်ခံရမှုကြောင့် မယ်ဇလီဖူးလေးတွေဟာ
ကြေးစားမဆန်တဲ့  လပြည့်ညရောင်အောက်မှာ
ပိန်းကြာရွက်ပေါ်ကရေလို ဆေးပေါင်းခပြီး တောက်ပနေကြပါလိမ့်မယ် . . . . .
ဒါပေမဲ့ ပေါ့လေ . . .
အမိမြေရင်ခွင်ခြားက ဆောင်းခိုဌက်တစ်ကောင်ရဲ့ 
အိပ်ရာဝင် ပုံပြင်အတွက်ကတော့
စည်း ၀ါး ကျချင်မှ ကျပါလိမ့်မယ် . . . . .
တစ်နေ့ နေ့ မှာပေါ့ . . .
ပြန်ရှာမရနိုင်တဲ့  အတိတ်မှာ
အရောင်မပြယ်တဲ့  ဘ၀ပန်းချီကားတစ်ချပ်ကိုဆက်ဆွဲရင်း
ဒီလို . . . တန်ဆောင်တိုင် ညမျိုးတော့ပြန်လိုချင်ပါသေးတယ် . . . . .
Subscribe to:
Post Comments (Atom)
16 comments:
ကိုမိုးစက်အိမ်ရေ...ခင်ဗျားလိုကျုပ်လဲ...လွမ်းတယ်ဗျာ...လူငယ်ဘ၀...လပြည့်ည...လွမ်းတယ်လွမ်းတယ်...ပြန်လည်ရနိုင်ပါဦးမလား.....???
ဆီမီးထွန်းပွဲလေးတွေကို အမှတ်ရနေတုန်းပါခင်ဗျာ
တန်ဆောင်မုန်း ရဲ့ အလှတရားတွေကို
မင်သက်ရင်း....သတိရမိပါရဲ့ ..
ဟိုး...တချိန်တုန်းက တဆောင်မုန်း ညများ ကို ပေါ့...
ထမင်းရည်ပူစီးမှာ ခေါင်သူကြီးမဖြစ်ခဲ့ပေမဲ့ 
ဌက်ပျောဖတ်နုနု နဲ့  ဗြောသံကဗျာကြားတိုင်း
ဗောဓိရွှေကျောင်းက " ကထိန် " ပုံရိပ်တွေမြင်ယောင်ရင်း
ကုန်လွန်ခဲ့ တဲ့  ရာစုနှစ်က နေ့ ရက်များကို
အလွမ်းတယောထိုးနေမိတယ် . . . . .
လှတယ်။
ကဗျာကိုယ်မှာပဲ ရင့်ကျင်ခြင်းသဘောတွေ တွေ့ရသလိုပဲ။
မိုးစက်ရေ..တန်ဆောင်တိုင်အတွက်တမ်းချင်းကဗျာလေးကို လာရောက်ခံစားဖတ်ရှုသွားပါတယ်။ အဆင်ပြေပျော်ရွှင် ပါစေ။
ခေတ်အဆက်ဆက်က ရှေးကျတဲ့ 
အဖြူရောင် ပါးလွှလွှ ကဗ္ဗလာခင်းတစ်အုပ်
ငါ့ ပြတင်းပေါက်နားက ခပ်ရွရွလေး အုပ်ဖွဲ့  ဖြတ်ပျံသွားကြတယ် .
ဖွဲ့ထားပုံလေးက လှတယ်ညီလေးရေ....
ကိုမိုးစက်ရေ..
လွမ်းသွားပြီဗျာ..
ပံမှန်ဖြစ်နေကြအတိုင်းလေးပဲဆိုတော့ သတိမထားမိဘူးဗျ ..
အခုလိုဖွဲ့ဆိုလိုက်တော့ တော့်ကို အသက်ဝင်ပြီး စဉ်းစားရင်း ကြည်နူးတယ်..
စဉ်းစားရင်း လွမ်းတယ်ဗျာ..
ကဗျာလေးဖတ်ပြီး လွမ်းသလို ဆွေးသလို ပျော်သလို ဖြစ်သွားတယ်..
အဓိပ္ပါယ် ရှိရှိနဲ့ ကဗျာကောင်းလေးတွေ များများ ရေးနိုင်ပါစေလို့ ဆုမွန်ချွေပါတယ်..
လေးစားစွာဖြင့်
စည်သူ။
ထမင်းရည်ပူစီးမှာ ခေါင်သူကြီးမဖြစ်ခဲ့ပေမဲ့ 
ဌက်ပျောဖတ်နုနု နဲ့  ဗြောသံကဗျာကြားတိုင်း
ဗောဓိရွှေကျောင်းက " ကထိန် " ပုံရိပ်တွေမြင်ယောင်ရင်း
ကုန်လွန်ခဲ့ တဲ့  ရာစုနှစ်က နေ့ ရက်များကို
အလွမ်းတယောထိုးနေမိတယ် . . . . .
တစ်နေ့ နေ့ မှာပေါ့ . . .
ပြန်ရှာမရနိုင်တဲ့  အတိတ်မှာ
အရောင်မပြယ်တဲ့  ဘ၀ပန်းချီကားတစ်ချပ်ကိုဆက်ဆွဲရင်း
ဒီလို . . . တန်ဆောင်တိုင် ညမျိုးတော့ပြန်လိုချင်ပါသေးတယ် . . . . .
ထိထိရှရှကို ခံစားမိလိုက်ရတဲ့ ကဗျာလေး
ထမင်းရည်ပူစီးမှာ ခေါင်သူကြီးမဖြစ်ခဲ့ပေမဲ့ 
ဌက်ပျောဖတ်နုနု နဲ့  ဗြောသံကဗျာကြားတိုင်း
ဗောဓိရွှေကျောင်းက " ကထိန် " ပုံရိပ်တွေမြင်ယောင်ရင်း
ကုန်လွန်ခဲ့ တဲ့  ရာစုနှစ်က နေ့ ရက်များကို
အလွမ်းတယောထိုးနေမိတယ် .
ဒီအပိုဒ်လေးနဲ့ အတူ အလွမ်းတယောထိုးမိပါ့ဗျာ။
ဒါပေမဲ့ ပေါ့လေ . . .
အမိမြေရင်ခွင်ခြားက ဆောင်းခိုဌက်တစ်ကောင်ရဲ့ 
အိပ်ရာဝင် ပုံပြင်အတွက်ကတော့
စည်း ၀ါး ကျချင်မှ ကျပါလိမ့်မယ် .
ဒီအပိုဒ်လေးလည်း ဆွေးဆွေးမြေ့ မြေ့ ပါပဲ
ခင်လျက်
တလနွန်
ထမင်းရည်ပူစီးမှာ ခေါင်သူကြီးမဖြစ်ခဲ့ပေမဲ့ 
ဌက်ပျောဖတ်နုနု နဲ့  ဗြောသံကဗျာကြားတိုင်း
ဗောဓိရွှေကျောင်းက " ကထိန် " ပုံရိပ်တွေမြင်ယောင်ရင်း
ကုန်လွန်ခဲ့ တဲ့  ရာစုနှစ်က နေ့ ရက်များကို
အလွမ်းတယောထိုးနေမိတယ် . . . . .
ဒီအပိုဒ် ကိုအကြိုက်ဆုံးပဲ
ငယ်ဘဝ ကိုလွမ်းသွားပြီ
လွမ်းတယ် ......... ဒို့လဲလွမ်းတယ်....ရေကျော်ပွဲကိုလွမ်းတယ်........
ညီရေ..
တန်ဆောင်တိုင်ညတွေရဲ့  စီးဆင်းမှုတွေက ရှယ်ချည်းပါလား။ ကျေးလက်ရဲ့ တန်ဆောင်တိုင် ကဟန်က မြို့ပြနှင့်နဲနဲကွဲပေမဲ့ တန်ဆောင်တိုင်ဟာ တန်ဆောင်တိုင်ပါဘဲ ညီရာ။ သတိရမှုဖြစ်စေတာကတော့ အမှန်ပါ။
ပျော်ရွှင်ပါစေ။
တန်ဆောင်တိုင်လွမ်းချင်းလေးကို လွမ်းမောစွာလာဖတ်ပါတယ် ကိုမိုးစက်အိမ်ရေ.
တန်ဆောင်တိုင်လွမ်းလိုက်တာ.....
ပြန်ချင်တယ်။
wow !!!!!!!
ဆန္ဒရှိရင် ဖြစ်ရမှာပေါ့ ...း))
မိုးစက်ရေ..အမိမြေအဝေးမှာ ကထိန်ဆိုတာနဲ့ဝေးလို့ မယ်ဇလီဖူးသုပ်လေး ဝေးနေတာကို ပို သတိရအောင် ကဗျာလေးက လုပ်သွားတယ်။ မကြာခင် ပြန်ရတော့မှာပါ
ဝေးးးးးးးးးး အိမ်လွမ်းနေလားးးးးး
နောက်နှစ်ကြုံရတော့မှာပါဟာာာ
Post a Comment