" ပန်းညှို့ သခင်မ "
သံတူကြောင်းကွဲ ခံစားမှုနှစ်မျိုး ရှိပေမဲ့
စွယ်တော်ရွက်လို အချစ်မျိုးနဲ့ 
ပန်းလေးတစ်ပွင့် ဖန်ဆင်းပေးခဲ့သူ . . . . .
ဆောင်း
ဦး
ခေတ်
သစ်ရွက် ကြွေသံလေးလို
သင်း
တ
မြ
မြ
နွေပန်းတို့  ပွင့်ဖူးသွားချိန် . . . . .
လူတစ်ယောက်ကို ပြုစားဖို့ 
ဘယ်လို နတ်ဘုရားဆီမှာများ
" နှလုံးလှ လူမိုက်ဆု " ဆုတောင်းမှားခဲ့ပါသလည်း
အို . . . နတ်မိမယ်လေးရေ . . . . .
အဖြေရှာဆဲ အိမ်မက်ကဗျာမှာ
မြူးနှင်းလေးတွေ မူးဝေသွားလို့ 
ရီဝေေ၀သျှတတ ဖြစ်သွားချိန်
ကံကကြမ္မာတွေက တော့လွဲကောင်းတုန်း . . . . .
ဆုံမှတ်တွေလွဲနေတဲ့ ကိုယ့်ရဲ့ ကွက်လပ်မှာ
မိုးစက်တင်လေ သီတာမျက်ဝန်းသခင်မရဲ့ 
စူးရှရှ ညှို့ အားတစ်သိန်း အကြည့် ကြောင့်
ကမ်းရိုး မိုးစက်မှုန်မှုန်ရီဝေ
အနောက်ဘက် မိုးတိမ်ဆီက
" ကောက်စိုက်သမ ဗုံကြီးသံ " ဆိုတာ
ငါ့ ရင်ခုန်သံများလား မိန်းကလေး ရယ် . . . . .
Subscribe to:
Post Comments (Atom)
19 comments:
ကဗျာလေးက..တင်စားထားချက်တွေ
အပြည့်နဲ့နုရွ..လှပလို့.......
တယ်ဆိုတဲ့စာပါလား.... ဖတ်လို့တကယ်ကောင်းတယ်
"ကောက်စိုက်သမ ဗုံကြီးသံ" လို
ရင်ခုန်သံမျိုး ဆို တော်တော်
နားညီးမှာဘဲ.... (^ ^)
သံတူကြောင်းကွဲဆိုတာ အချစ်နဲ့ အခြစ်လား မသိဘူး။ဒီလိုတော့ နားလည်လိုက်တယ်။ဆောင်းဦးရွက်ကြွေသံတွေခံစားလိုက်ရင်း နွေပန်းပွင်ချိန်လေးတော့ ငေးမိလိုက်တယ်။အရမ်း အရမ်းကို လှပနုနယ်တာပဲ။ပျော်ရွှင်ပါစေ ညီရေ။
ကဗျာလေးက နုရွလှပနေလိုက်တာ။ ဒါပေမယ့် ရင်ခုန်သံကတော့ ဆိုးသကွယ်။ ကောက်စိုက်သမ ဗုံကြီးသံဆိုတော့။
း)
ငါ့ကို တင်စားပြီးကဗျာတွေ အဖွဲ့ ပါနဲ့ လို့ ပြောထားရက်နဲ့ 
အဟင့်
ဟားဟားဟား
ရန်စသွားတယ်ကွယ်
ကောက်စိုက်သမဗုံကြီးသံ ကိုကြားဖူးသေးဘူး ဟီး
ကမ်းရိုး မိုးစက်မှုန်မှုန်ရီဝေ
အနောက်ဘက် မိုးတိမ်ဆီက
" ကောက်စိုက်သမ ဗုံကြီးသံ "
ဒီအဖွဲ့ လေးက ဖတ်လို့ ကောင်းတယ်။ ကဗျာလေးကတော့ အမြဲတမ်း စကားလုံးတွေ သစ်နေတာပဲ။
ဆုံမှတ်တွေလွဲနေတဲ့ ကိုယ့်ရဲ့ ကွက်လပ်မှာ
မိုးစက်တင်လေ သီတာမျက်ဝန်းသခင်မရဲ့ 
စူးရှရှ ညှို့ အားတစ်သိန်း အကြည့် ကြောင့်
ကမ်းရိုး မိုးစက်မှုန်မှုန်ရီဝေ
အနောက်ဘက် မိုးတိမ်ဆီက
" ကောက်စိုက်သမ ဗုံကြီးသံ " ဆိုတာ
ငါ့ ရင်ခုန်သံများလား မိန်းကလေး ရယ် . . . .
လှလိုက်တဲ့ အဆုံးသတ် ရေးချက်လေး ကောင်းတယ် မိုးစက်အိမ်ရေ
ဆုံမှတ်တွေလွဲနေတဲ့ ကိုယ့်ရဲ့ ကွက်လပ်မှာ
မိုးစက်တင်လေ သီတာမျက်ဝန်းသခင်မရဲ့ 
စူးရှရှ ညှို့ အားတစ်သိန်း အကြည့် ကြောင့်
ကမ်းရိုး မိုးစက်မှုန်မှုန်ရီဝေ
အနောက်ဘက် မိုးတိမ်ဆီက
" ကောက်စိုက်သမ ဗုံကြီးသံ " ဆိုတာ
ငါ့ ရင်ခုန်သံများလား မိန်းကလေး ရယ် . . . .
လှလိုက်တဲ့ အဆုံးသတ် ရေးချက်လေး ကောင်းတယ် မိုးစက်အိမ်ရေ
အောင်မလေး
ဆူညံနေတာပဲ :P
ရင်ခုန်သံပြင်းထန်ပုံများ
ကောက်စိုက်သမလက် နဲ့တီးတဲ့ဗုံသံတောင် ခိုင်းနှိုင်းလို့ရသတဲ့လား...း)
အချစ်ထဲမှာပျော်ဝင်သွားတာသေချာပါပီ
ကိုမိုးစက်
ဘယ်သူ့...ကိုစောင်းရေးထားတာလဲ။
မီးကိုတော့.....မဟုတ်ပါဘူးနော် :) :P
ယမင်း
ကဗျာကရေလည်လန်းတယ် ကိုမိုးစက်ရေ..
ညီလေးရေ
ကဗျာလေးကို လာခံစားသွားတယ်နော်။
ချင်တဲ့ ကိုရီနို
စာသားတွေ နုလွန်းလို့  အသာလေးဖတ်ယူရ တယ် .... ကောက်စိုက်သမဗုံကြီးသံ တွေ တောင်ကြားလုမတတ်ပဲ ကောင်းတယ်ဗျာ ....
ခင်တဲ့
ရန်ကုန်သား :))
ရင်ခုန်သံတွေ တကယ် မြည်ဟီးနေတယ်ထင်ပါ့ ညီရေ...
ပြုစားတတ်တဲ့အချစ်ကို အချစ်က ပြန်ပြုစားတတ်ပါတယ်။
ပျော်ပါစေ ညီ။
သံတူကြောင်းကွဲ
ခံစားမှု နှစ်မျိုးရှိပေမယ့်
နှစ်ချေင်းပေါင်းမှ တစ်ချောင်းဖြစ်တဲ့
အီကြာကွေးကို ပြုလုပ်ပေးခဲ့သူ......း)
စကားလုံးလေးတွေက လန်းတယ် ကိုမိုးစက်ရေ..
ခင်မင်စွာဖြင့်
စည်သူ
ကောက်စိုက်သမ ဗုံသံကြီး ကောင်းတယ်။
ဘယ်လိုရေးေ၇းးးးး ကဗျာလေးတွေက အသက်ဝင်ဆဲပဲ။
ဝါးးး ဒါမှ ငါ့မောင် မိုးစက်အိမ်..စာသားတွေ တအားလှတယ်။ ဒီကဗျာလေးတော်တော်ကောင်းတယ်။
"ကောက်စိုက်သမဗုံကြီးသံဆိုတာ ငါ့ရင်ခုန်သံများလား မိန်းကလေးရယ် "
Post a Comment