" ငါ့ နတ်သမီး "

|

သိက္ခာ ရှိတဲ့  လေညှင်းနု က
ကမ္ဘာလေထု ကို အဖော်ပြုရင်း
ရှင်သန်ခြင်း " ပါး " မှာ
နတ်သမီးတစ်ပါးကို ခပ်ပါးပါးကြွေပြခဲ့ တယ် . . . . .

" ငါ့ နတ်သမီး " . . .
မီးပြတိုက် အလင်းကြောင့်
လင်းလက်နေတဲ့  တစ်ခြမ်းပဲ့ လလေးလို
ငါ့  တစ်ကိုယ်ရည် အလင်းနဲ့ ဘဲ လင်းပရစေ
ဒါမှ . . . ငါ့ကိုလွမ်းတဲ့ ညတွေ ဖြစ်လာမှာမို့ ပါ . . . . .

" ငါ့ နတ်သမီး " . . .
ကောင်းကင်ကို ထူထူဝတ်ပါ
မြေကြီးကို ခပ်ပါးပါးခြုံပါ
လေထုကိုတော့ ပုံမှန်ရှုပါ
ကြယ်တစ်စင်း ပေးခဲ့ တဲ့ 
နေတစ်စင်း အမွေမှာ
ရံရွှေတော် အပျိုစင်တစ်သန်းနဲ့ တောင်
တစ်ယောက်နဲ့  မလဲနိုင်ခဲ့ပြီ . . . . .

ငါ့ ရင်ခွင်နွေဦးပေါက်ကို မီးထတောက် စေတဲ့ 
" ငါ့ နတ်သမီး " . . .
မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး ဖူးခဲ့ ရတာလေ
နေညိုညို ဘ၀တွေ အိုသွားတောင်မှ
မပြောင်းမလဲဘဲ ကျန်ခဲ့မဲ့  ရုပ်ကြွင်းသစ်ဟာ
" ငါရဲ့  အချစ် " ဘဲ ဖြစ်မယ် . . . . .

" ငါ့ နတ်သမီး " . . .
ကြယ်စင်ကိုစီးပြီး ခရီးနှင်ပါ
ဘုံ အဆင့်ဆင့်မှာ စံ ပြီး
ကံအဆင့်ဆင့်လည်း မြင့်သထက်မြင့်ပါစေ . . . . .

ဝန်ခံချက် . . . ကိုရီးယားဒရမ်မာ ဇာတ်လမ်းတစ်ခုမှ စာသားအချို့ ကို ယူငင်သုံးစွဲထားပါသည် ။

16 comments:

Anonymous said...

ငါ့ ရင်ခွင်နွေဦးပေါက်ကို မီးထတောက် စေတဲ့ 
" ငါ့ နတ်သမီး " . . .
မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး ဖူးခဲ့ ရတာလေ
နေညိုညို ဘ၀တွေ အိုသွားတောင်မှ
မပြောင်းမလဲဘဲ ကျန်ခဲ့မဲ့  ရုပ်ကြွင်းသစ်ဟာ
" ငါရဲ့  အချစ် " ဘဲ ဖြစ်မယ် တဲ့လား

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
တစ်ခုခုတော့ တစ်ခုခုဘဲ။ မဟုတ်မှလွဲရော။ ငါ့ညီ အချစ်နဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းမှု ကြုံတွေ့နေပြီထင်တယ်။

အဆင်ပြေပျော်ရွှင်ပါစေ ညီ။

အဖြူရောင်နတ်သမီး said...

“မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး ဖူးခဲ့ ရတာလေ
နေညိုညို ဘ၀တွေ အိုသွားတောင်မှ
မပြောင်းမလဲဘဲ ကျန်ခဲ့မဲ့  ရုပ်ကြွင်းသစ်ဟာ
" ငါရဲ့  အချစ် " ဘဲ ဖြစ်မယ် . . . . .”
-------------------------------------------------
စာသားလေးတွေ အရမ်းလှတယ်.....
လာရောက်ခံစားသွားပါတယ်ရှင့်.....
---------------------------------------------------
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ.....

မေသစ္စာမောင် said...

" ငါ့ နတ်သမီး " . . .
ကြယ်စင်ကိုစီးပြီး ခရီးနှင်ပါ
ဘုံ အဆင့်ဆင့်မှာ စံ ပြီး
ကံအဆင့်ဆင့်လည်း မြင့်သထက်မြင့်ပါစေ . . . . .

နတ်သမီး ကပြောခိုင်းလိုက်တယ်
" ပေးတဲ့ဆုနဲ့ပြည့်ပါစေ...."တဲ့ ;P :D

Anonymous said...

ငါ့ ရင်ခွင်နွေဦးပေါက်ကို မီးထတောက် စေတဲ့ 
" ငါ့ နတ်သမီး " . . .
မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး ဖူးခဲ့ ရတာလေ
နေညိုညို ဘ၀တွေ အိုသွားတောင်မှ
မပြောင်းမလဲဘဲ ကျန်ခဲ့မဲ့  ရုပ်ကြွင်းသစ်ဟာ
" ငါရဲ့  အချစ် " ဘဲ ဖြစ်မယ် . . . . .

ကောင်းလိုက်တဲ့စာသားတွေပဲ ကိုမိုးစက်ရေ လန်းတယ်ဗျ

အိုက်ခီလောက် said...

ကိုမိုးစက် ကလေး သဘော ကနေ င့ါနတ်သမီးဖြစ်သွားပြီပေါ့လေ
ဟုတ်တယ် ကိုမိုးစက် အချစ်ကိုတွေ့ နေပြီထင်တယ်ဗျ
သူ့ တို့ ပြောသွားသလိုပဲ အဲ့အပိုဒ့်လေး တော်တော်ကြိုက်တယ်

ညလင်းအိမ် said...

မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး ဖူးခဲ့ ရတာလေ
နေညိုညို ဘ၀တွေ အိုသွားတောင်မှ
မပြောင်းမလဲဘဲ ကျန်ခဲ့မဲ့  ရုပ်ကြွင်းသစ်ဟာ
" ငါရဲ့  အချစ် " ဘဲ ဖြစ်မယ် . . . . .


စာသားလေးကို အရမ်းကြိုက်တယ်...
ကောင်းလိုက်တာ မိုးစက်ရယ် ညီဆီကို လာပြီးရင် ကဗျာပိုရေးချင်လာတယ်.. မိုးစက်လို ကဗျာနုနုလေးတွေ ရေးချင်လိုက်တာ...

မောင်သီဟ said...

အားကျတယ်ဗျာ
ခံစားမိတယ်
ကျွန်တော်နတ်သမီးလေးကိုလဲ သတိရလို့လေ

desertraindrops said...

ကဗျာလေး ကောင်းလှချည်းလားဟ။ ပထမဆုံးတပိုဒ်နဲ့ နောက်ဆုံးအပိုဒ် စာသားလေးလှတယ်။

မြတ်မွန် said...

အားကျတာဘဲ ပြောတတ်တော့တယ်
မိုးစက်ရေ...
စကားလုံးနုနုရွရွတွေ ဘယ်လိုများ စဉ်းစားတက်ပါလိမ့်နော်။
ကဗျာလေးတွေတိုင်းက ထူးထူးဆန်းဆန်းလေးတွေ..ကောင်းတယ်။

တလနွန် said...

ဘယ်တော့မှ မရိုးသွားတဲ့ လက်ရာပါပဲ... ကဗျာစာသားတွေ အရမ်းလှတယ်....

ခင်မင်ခြင်းများနှင့်
တလနွန်

နွေဆူးလင်္ကာ said...

ကိုရီးယား ကဗျာပေါ့နော်

သုခုမလေဒီ said...

ကိုရီးယားကားတွေကြည့်ပြီး စိတ်ကူးယဉ်တယ်ပေါ့။ မိုးစက်ရဲ့ နတ်သမီးလေးကရော ကိုရီးယားကပဲလား။း))
ကဗျာလေး ကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ

khun said...

နင်မရိုးတော့ဘူး....
နောက်မှသေချာစစ်ဆေးမေးမြန်းရအုံးမယ်
ဟဲ....
ကဗျာလေးကောင်းတယ်။

may kyaw said...

" ငါ့ နတ်သမီး " . . .
ကောင်းကင်ကို ထူထူဝတ်ပါ
မြေကြီးကို ခပ်ပါးပါးခြုံပါ
လေထုကိုတော့ ပုံမှန်ရှုပါ
ကြယ်တစ်စင်း ပေးခဲ့ တဲ့ 
နေတစ်စင်း အမွေမှာ
ရံရွှေတော် အပျိုစင်တစ်သန်းနဲ့ တောင်
တစ်ယောက်နဲ့  မလဲနိုင်ခဲ့ပြီ . . . . .
------------------
ဒီတစ်ယောက်နဲ့  မလဲနိုင်ခဲ့ပြီ . . . . .ဆိုရင် ပိုဖတ်လို့ကောင်းမလားလို့..း)....

Unknown said...

ဟီးးးး တစ်ခုလောက်ပြောချင်တယ် ဆောင်းတွင်းကြီးမှာ ငါ့နတ်သမီးလည်း ချမ်းနေလောက်ပီနော် အနွေးထည်လေးဘာလေး ၀တ်ပေးလိုက်ဦးနော်သိလား
ခင်တဲ့
အဖြူရောင်ညီမလေး