" အချစ်ကပြောသော ဘာသာစကား "

|


ဆိုက်ကလုန်း တိုက်ဖုန်း နဲ့ 
လှိုင်းလုံးနုနု တွေ နောက်မှာ
အ၀ါရောင်နဂ္ဂတစ် တွေရှိတယ်ဆိုတာ
ဘယ်သူမှ မသိပေမဲ့  . . .
အင်ဂျလီနာ ကလီယိုပက်ထရာ မာရီလင်မွန်ရိုး
အားလုံးကတော့ ဒူးထောက် လက်မြှောက်လို့  . . . . .

အချစ်ကြိုးဝိုင်းမှာ
နူးညံ့တဲ့  ဘယ်ဝိုက် ညာဝိုက်ကြောင့်
အနီရောင်မီးပွိုင့်ဟာ ဗျက်စောင်းကိုပိုက်
ခမ်မိုက်မိုက်ဘဲ ကြွေကျလိုက်တယ် . . . . .

" ပန်းပျိုးသူတို့  အလင်္ကာ " လက်နဲ့ 
ရှုရှိုက်ခွင့် ရတဲ့  ပန်းလေးတစ်ပွင့်တန်ဖိုးဟာ
အဲလောက် ကဗျာ ဆန်မယ်မှန်းသိရင်
ပန်းနု ဖြူ ပြာ ဟာ ကျွန်တော့် မူယာ ပေါ့ဗျာ . . . . .

သနပ်ခါးပန်းနဲ့  အချစ်တောင်ကြားလမ်းက
အစိမ်းရောင် မျဉ်းကြားဟာ
လေဖိအားနည်း ရပ်ဝန်းဖြစ်လာပြီး
တဖြည်းဖြည်းနဲ့ 
ဧရာဝတီဟာ ကျဉ်းမြောင်းလာခဲ့ ပြီ . . . . .

သံစဉ် ကျတဲ့  ကဗျာ ရွတ်သံဆိုတာ
" စည်း " နဲ့  " ၀ါး " လိုလိုက်ဖက်ညီမှာ အမှန်ပဲ . . . . .

ဒီလိုနဲ့  . . .
ကျွန်တော့်ဓားအိမ်က မြှားတစ်စင်းကိုဆွဲထုတ်
အာကာသမှာ မိုးစုန်းစုန်းချုပ်ခဲ့ ကြတယ် . . . . .

နောက်ဆုံးတော့ . . .
သိက္ခာရှိတဲ့  နှင်းဆီဖူးလေးက
နူးညံ့ သိမ်မွေ့ စွာပြုံးရင်း
ပိုင်နက်ကျူးလွန်ခြင်းကို
မယ်လိုဒီ တစ်ပုဒ်အဖြစ် ပြောင်းလဲခဲ့ တာပေါ့ကွယ် . . . . .


အားလုံးဘဲ Happy New Year ပါခင်ဗျာ . . . ပျော်ရွှင်သောနှစ်သစ်ကူးလေးဖြစ်ပါစေ . . .

15 comments:

အဖြူရောင်နတ်သမီး said...

လှိုင်းလုံးနုနု တွေ နောက်မှာ
အ၀ါရောင်နဂ္ဂတစ် တွေရှိတယ်ဆိုတာ
ဘယ်သူမှ မသိပေမဲ့  . . .
သံစဉ်ကျတဲ့ ကဗျာရွတ်သံဆိုတာ
“စည်း”နဲ့“ဝါး” လိုလိုက်ဖက်ညီနေမှာ အမှန်ပဲ....
----------------------------------------------
Happy New Year ပါ....မိုးစက်ရေ...
နှစ်သစ်မှာ လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေနော်...

သူကြီးမင်း (တုံးဖလား) said...

နှစ်သစ်မှာ ကဗျာလေးကလဲ သစ်ဝေလို့ပါလား။
လှပနုရွပေမဲ့ စကားလုံးတိုင်းမှာ စွမ်းအင်ရှိတယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါဟာလဲ ကဗျာရဲ့ တန်ဖိုးတစ်ခုပေဘဲပေါ့။

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ညီ။

Cameron said...

မိုးစက်ရဲ့နှစ်သစ်ကိုကြိုတဲ့ကဗျာလေးက လှလိုက်တာ...။
စကားလုံးတွေက အားလုံးပန်းရောင်လေးတွေဖြစ်နေတယ်..။


2010ခုနှစ်မှာ လိုအင်အားလုံးပြည့်ဝပါစေ
မိုးငွေ့

အိုက်ခီလောက် said...

အချစ်ကြိုးဝိုင်းမှာ
နူးညံ့တဲ့  ဘယ်ဝိုက် ညာဝိုက်ကြောင့်
အနီရောင်မီးပွိုင့်ဟာ ဗျက်စောင်းကိုပိုက်
ခမ်မိုက်မိုက်ဘဲ ကြွေကျလိုက်တယ် . . . . .


ဒါလေးလှတယ် ထိတယ်ကိုမိုးစက်ရေ
သုံးသွားတာလေးက လှတပတလေးဗျ
ကြိုက်တယ်
ဟက်ပီးနယူးယားပါ ပျှော်ရွှင်တဲ့နေသစ်ဖြစ်ပါစေနော်

မယ့်ကိုး said...

Happy New Year ပါ
ပျော်ရွှင်ဖွယ် နှစ်သစ်ကစ အစစ အရာရာ အဆင်ပြေ အောင်မြင်ပါစေ...ကဗျာကောင်းတွေလည်း အများကြီးရေးနိုင်ပါစေ။

Flower said...

သံစဉ်လေးတွေလှပနေတဲ့ ကဗျာလေးတွေကို ထွက်သက်လေးနဲ့အတူ ခံစားသွားပါတယ်.. ကဗျာမိုးကောင်းကင်မှာ ဒီထက်ပိုပြီးထွန်းတောက်နိုင်တဲ့ ကြယ်လေးတစ်စင်းဖြစ်လာနိုင်ပါစေ..

ပျော်ရွှင်စရာနှစ်သစ်ပါ...

may16 said...

ကဗျာလာဖတ်ပြီး နှစ်သစ်မှာ ပျော်ရွှင်ပါစေ...

Dream said...

ဟက်ပီးနယူးရီးရားပါ...ပွပွေ၇....

နှစ်သစ်မှာ ချစ်သူသစ်နဲ့ ဆုံပါစေ..အဲလေ..ယောင်လို့...

အဟီးးး အလကား ပွားတွားဒါ....ခိခိ...
ရှိတဲ့ချစ်သူကောင်မလေး ချိတ်ချိုးအောင်...း))
ပြေးပြီးပွပွရေ...တော်နေ...လာရိုက်နေဦ.းမယ်...း))

Dream said...

ဟက်ပီးနယူးရီးရားပါ...ပွပွေ၇....

နှစ်သစ်မှာ ချစ်သူသစ်နဲ့ ဆုံပါစေ..အဲလေ..ယောင်လို့...

အဟီးးး အလကား ပွားတွားဒါ....ခိခိ...
ရှိတဲ့ချစ်သူကောင်မလေး ချိတ်ချိုးအောင်...း))
ပြေးပြီးပွပွရေ...တော်နေ...လာရိုက်နေဦ.းမယ်...း))

မြတ်မွန် said...

2010 မှာ ဒီထက်မက လှပနုရွနေတဲ့ ကဗျာလေးတွေ များများ သီကုံးနိုင်ပါစေ မိုးစက်ရေ........။

yangonthar said...

စကားလုံးတွေ သန့် ခန့် လာတယ် ကိုမိုးစက်ရေ ကျနော်လည်း ဘလော့ ရွာလေးကို တစိမ်းပြင်ပြင် ရှိနေတာမို့ အလည်မလာ စကားမဆို ရှိခဲ့တာတွေ ခွင့်လွှတ်ဦးဗျို့ မင်္ဂလာ နှစ်သစ်ပါဗျာ
ခင်တဲ့
ရန်ကုန်သား :))

မြစ်ကျိုးအင်း said...

၂၀၁၀ အတွက် ပထမဆုံး အချစ်ကဗျာလေးပေါ့
ဆက်လက်ပြီး အားပေးနေအုံးမှာပါဗျာ

နှစ်သစ်မှာပျော်ရွှင်အဆင်ပြေပါစေ

မောင်သီဟ said...

အရမ်းလန်းတယ်ဗျာ ကြိုက်တယ်း)
နှစ်သစ်မှာပျော်ရွှင်ပါစေး)

ညလင်းအိမ် said...

ညီမိုးစက်ကဗျာတွေက မိုက်တယ်ဗျာ...
ပိုက်နက်ကျူးလွန်ရင် အရေးယူခံရမှာနော် သတိထားလို့း)

ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေနော်...
နောက်တော်တော်လေးကို ကျနေပါပြီ ဆုတောင်းပေးတာ :D

desertraindrops said...

ပိုင်နက်ကျူးလွန်မှု့နဲ့ :)) စတာပါ။

နင့်ကဗျာကတော့ နုပြီးရင်နုနေတော့တာပဲ။