" ဖီးနစ်ပေးမဲ့  ' က ' ကြီး "

|


' က ' ကြီးဆိုတာ ကြုံဆုံဖို့ ပါ
ကွဲကွာဖို့ မဟုတ်ဘူး . . . . .

ငါဟာ . . .
" ဖီးနစ် " မီးနတ်သမီး ဖန်ဆင်းတဲ့ 
ကိုယ်သင်းနံ့ လေးကို ရှုရှိုက်မိရင်း
အရှင်လတ်လတ် ခူးခွင့်ရခဲ့ တဲ့ သူမို့ 
မိန်းကလေး တစ်ယောက်ကို
" အရူးအမူးချစ်တယ် " . . . . .

အနာဂါတ် " ဟားဗက်စ် " ချစ်ပုံပြင်မှာ
တီးကွက်တစ်ပင်တိုင်နဲ့  ကကြိုးမှာမြိုင်ထဖို့ 
ကျွန်တော့် အလင်းနှစ်သန်းပေါင်းများစွာကို
သံယောဇဉ်မို့ မို့ နဲ့  တည်ဆောက်ထားမယ် . . . . .

ဒီလိုနဲ့  . . .
ရက နှစ် တွေကြာ
နွေအလင်္ကာမှာ
ကဗျာတစ်အုပ်ကို ပူဖောင်းလိုမှုတ်ပြီး
အိုအေစစ်ရင်ခွင်နွေးနွေးကို
ခုတည်းက
ခပ်ထွေးထွေး ပွေ့ ထားချင်မိပြီ . . . . .

17 comments:

Anonymous said...

ကဗျာ ကောင်းလေး လာခံစား သွားတယ်
လန်းတယ်ဟေ့

Beauty Studio USA Branded Store said...

ညီဆီမှာ ကအက္ခရာ ကွဲကွာခြင်းနဲ့ တိုက်ရိုက်တသွယ်၊သွယ်ဝှိုက်တဖုံ ကြုံဆုံမှုလေးမရှိပါစေနဲ့ဗျာ။
ကဗျာလေးက တစ်စုံတစ်ယောက် အတွက်လား။?????
သူတော ဒီဇင်ဘာအအေးဒဏ်လုံပြီ ခပ်ထွေးထွေးပွေ့ထားတဲ့ လက်တွေကြားမှာမို့။ =)

khun said...

(' က ' ကြီးဆိုတာ ကြုံဆုံဖို့ ပါ
ကွဲကွာဖို့ မဟုတ်ဘူး . . . . .)
ကောင်းတယ်...
လောကဓမ္မတာအရဆိုရင်တော့
ကြုံပြီးရင်ကွဲရတယ်.....
ငါတို့တွေမလိုချင်ဆုံးအရာလေ....

အဆင်ပြေပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

မောင်သီဟ said...

သိပ်မပြောတတ်ပေမယ့် ခံစားရတယ်ဗျာ
ကောင်မလေးတယောက်ကို အရူးမူးချစ်ချစ်တယ်

ဒဏ္ဍာရီ said...

မောင်လေးရေ... ကြုံဆုံခွင့်ရတဲ့အချိန်မှာ တန်ဘိုးရှိလှတဲ့ "က" ဆိုတဲ့ စာလုံးလေးက ချစ်သူတွေကြားမှာ လှပနေမှာပါ။ ကြုံဆုံခွင့် အမြန်ဆုံးရနိုင်ပါစေနော်။

ခင်မင်လေးစားလျှက်

ညလင်းအိမ် said...

အိုအေစစ်ရင်ခွင်နွေးနွေးကို
ခုတည်းက
ခပ်ထွေးထွေး ပွေ့ ထားချင်မိပြီ
လားညီရယ်...

ကောင်းလိုက်တာ...ခံစားလိုက်ရတယ်...
အရူးအမူး ချစ်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အိုအေစစ်ရင်ခွင်နွေးနွေးလေးမှာ ကဗျာတွေနဲ့တင် မကပဲ
ခပ်မြန်မြန်ပွေ့ဖက်နိုင်ပါစေဗျာ...

Cameron said...

ကဗျာလေးအရမ်းကောင်းလို့
ဖတ်ရင်းအသက်ရှုဖို့မေ့သွားတယ်ဗျာ...

ဆောင်းယွန်းလ said...

ဒီလိုနဲ့  . . .
ရက် လ နှစ် တွေကြာ
နွေအလင်္ကာမှာ
ကဗျာတစ်အုပ်ကို ပူဖောင်းလိုမှုတ်ပြီး
အိုအေစစ်ရင်ခွင်နွေးနွေးကို
ခုတည်းက
ခပ်ထွေးထွေး ပွေ့ ထားချင်မိပြီ

လှလိုက်တဲ့ စကားလုံးတွေပါလား ညီလေးရေ. .

မြတ်မွန် said...

ကဗျာလေးက ကောင်းတယ်နော်..
"က"ဆိုတဲ့ ကြုံဆုံဖို့ရဲ့နောက်ကွယ်မှာ
"ခ "ဆိုတဲ့ ခွဲခွါရခြင်းကပ်လိုက်နေတာ စိတ်မကောင်းစရာပဲနော်..။
အိုအေစစ်ရင်ခွင်နွေးနွေးလေးကို ထာဝရ ထွေးပွေ့နိုင်ပါစေနော် မိုးစက်ရေ..။
ခင်မင်လေးစားလျှက်ပါနော်..

may16 said...

ကောင်းတဲ့ "က" ကြီးဖြစ်ပါစေရှင်

desertraindrops said...

အိုအေစစ် ရင်ခွင်နွေးနွေးကို ခုကတည်းက ခပ်ထွေးထွေး ပွေ့ထားချင်မိပြီ တဲ့လားး

ကဲ မိုးစက်ရေ ကဗျာလေးကောင်းသလို လှသလို အမြန်ဆုံး ထွေးပွေ့ခွင့်ရပါစေတော့ရယ်လို့ ဆုတောင်းသွားတယ်နော့

နေ၀သန် said...

အိုး.. လှလိုက်တဲ့ စကားလုံးတွေ.... ဒါနဲ့ ဖီးနစ်က အချစ်နတ်သမီး မဟုတ်ဘူးလား.. မီးနတ်သမီးတဲ့လား... ???

မြစ်ကျိုးအင်း said...

တမူထူးခြားတဲ့ကဗျာရေးဟန်ကို အခုထိ ဆုပ်ကိုင်ထားနိင်သေးတာ ချီးကျူးမိတယ်။
ဒါကိုကပဲ မိုးစက်အိမ်ရယ်လို့ ဖြစ်လာတာနဲ့ တူပါရဲ့။ သေချာတာတော့ တခြားကဗျာတွေနဲ့ သုံးနှုန်းဟန်မတူတာပါပဲ။
ကဗျာဖတ်ပြီးတိုင်း အတွေးလေးတွေ တွေးမိတယ်။

Dream said...

အမလေး ပွလေးတို့ရဲ့ ကဗျာလေးက လန်ထွက်နေတာပဲ...လူနဲ့များတခြားဆီ။
နုရွချက်က ကမ်းကုန်ပဲ.... ဟဲဟဲ..

စည်သူ said...

ဘယ်ကနေ ဘယ်လိုပြောရမှန်း မသိဘူးဗျ..

ဖတ်လိုက်တိုင်း ရင်ထဲမှာ ကြည်နူးမိတယ်
ထူးဆန်းသစ်လွင်တဲ့ စကားလုံးလေးတွေကြောင့်ပေါ့..

“ကကြီး” ရဲ့ အဓိပ္ပါယ်လေးကို သဘောကျတယ်ဗျာ

ခင်မင်လေးစားစွာဖြင့်
စည်သူ။

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်ညီရေ..
ကကြီးဆိုတာ ကြုံဆုံဖို့ပါ။ ကြည်နူးဖို့ပါ။ ကြင်နာဖို့ပါ။ ကျေနပ်ဖို့ပါ။ ကွဲကွာဖို့မဟုတ်ဘူး။ ကြေကွဲဖို့လဲ မဟုတ်ပါဘူး။

ကဗျာလေးတွေ သဘောကျတယ် ညီရေ....

may kyaw said...

က ကြီး ဆိုတာ ကြုံဆုံဖို့တဲ့လား...
ကျနော့်အတွက်တော့ ကွဲကွာဖို့ပါ... တကယ် ကွဲကွာဖို့ပါ... ခုလို ကွဲကွာဖို့ အကြောင်းဖန်ခံနေရတဲ့ အချိန်မှာ ဒီလိုကဗျာကို ဖတ်လိုက်ရတာ လူကို ရွဲ့နေသလို ခံစားရတယ်... အဟီး... ဆိုင်တော့ မဆိုင်ဘူး ... ဒါပေမယ့် လာပြီးေ ပါက်ကွဲသွားတယ်....