" တစ်ဦးပိုင်အကြည့် "

|

အချစ်က မွေးဖွားလာခြင်း ဆိုပေမဲ့ 
ဘယ်သူမှ မရေးတတ်တဲ့ အက္ခရာသုံးကြောင်းဟာ
ပန်းတစ်ပွင့်ရဲ့ ရနံ့ ခက်စစ်ပါပဲ . . . . .

အနမ်းပြာပြာ ရှီရှဲဒိုးမှာ
ငါဝှက်ထားစေချင်တဲ့  အလှအပတရားတွေနဲ့ 
ဖဲပွင့်ဖတ်လေး တစ်ချပ်ဟာ
ကမ္ဘာဦးကျမ်းစာတွေကို အေးမြစေရဲ့  . . . . .

ဒါပေမဲ့  . . .
ငါ့နှလုံးသား ရစ်သမ်မှာတော့
နွေခေါင်ခေါင်မှာ အတီးခံနေရတဲ့ 
" အရိပ်စစ်ဗုံသံ " လိုပါဘဲကွယ် . . . . .

ကောင်မလေးရေ . . .
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဘဲ
ငါ့...ကိုယုံကြည်ပေးပါ
ကောင်းကင်မြူခိုးတစ်လျှောက်
ကို့  အကြည့်တစ်ဖြောက်ကလည်း
ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ . . . . .


ကိုယ့် ချစ်သူဟာ အများဆိုင် နာမ်မဟုတ်ပါ တစ်ဦးပိုင် နာမ်သာ ဖြစ်ပါသည် သို့ သော်
ချစ်သူသည် သက်ရှိ ဒြပ်ရှိ ဖြစ်သဖြင့် အရာအာလုံး ကိုမူ မိမိသည် လည်းမပိုင်ဆိုင်ပေ
ထိုခံစားချက်မှ ဖြစ်ပေါ်ဖြာထွက်လာသောအချစ်အပိုဒ်ခွဲတစ်ခုကိုသ၀န်တိုခြင်းဟုဆိုလျှင် . . .

18 comments:

မောင်မောင် said...

" ကောင်မလေးရေ . . .
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဘဲ
ငါ့...ကိုယုံကြည်ပေးပါ
ကောင်းကင်မြူခိုးတစ်လျှောက်
ကို့  အကြည့်တစ်ဖြောက်ကလည်း
ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ.."
ညီလေး မိုးစက်အိမ်ကဗျာ လေးထဲက နှစ်သက်မိတဲ့
စာသားလေးပါ။
ညီလေး ရဲ့  ကောင်မလေး ကိုယ်တိုင်ဖတ်ကြည့်ယင်တော့ ဘယ်လိုနေမလဲမသိဘူးနော်။
အမြဲအားပေးနေတဲ့
မောင်မောင်

Anonymous said...

မိုက်တယ် ကောင်မလေးတော့ ပျော်နေမှာပဲနော်

Anonymous said...

ကောင်မလေးရေ . . .
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဘဲ
ငါ့...ကိုယုံကြည်ပေးပါ
ကောင်းကင်မြူခိုးတစ်လျှောက်
ကို့  အကြည့်တစ်ဖြောက်ကလည်း
ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ . . . . .

ကဗျာအရမ်းလှတယ် ကိုမိုးစက်ရေ

လင်းကြယ်ဖြူ said...

အကြည့်များကို
တစ်ဦးတည်း ပိုင်ရင်း
မြူးလည်းမြူး နိုင်ပါစေ..
*.*.*

သူကြီးမင်း (တုံးဖလား) said...

အချစ်ရဲ့ စွမ်းအင်တွေကို ဘယ်အရာမှ လွှမ်းမိုးနိုင်မှာမဟုတ်တာတော့ သေချာပါတယ်။
အချစ်ကြောင့် လောကကြီးရပ်တည်နိုင်တာလဲ ငြင်းပယ်လို့မရတဲ့အရာတစ်ခုပါဘဲ။

အဆင်ပြေပါစေ ညီ။

နေ၀သန် said...

လှလိုက်တဲ့စာသားတွေ...

“ကောင်မလေးရေ . . .
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဘဲ
ငါ့...ကိုယုံကြည်ပေးပါ
ကောင်းကင်မြူခိုးတစ်လျှောက်
ကို့  အကြည့်တစ်ဖြောက်ကလည်း
ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ . . . . .”

ဒီစာသားကို အရမ်းခိုက်တယ်...း)))

မောင်သီဟ said...

ကောင်မလေးရေ . . .
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဘဲ
ငါ့...ကိုယုံကြည်ပေးပါ
ကောင်းကင်မြူခိုးတစ်လျှောက်
ကို့  အကြည့်တစ်ဖြောက်ကလည်း
ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ . . . . .ဟုတ်တယ်ဗျ ကျွန်တော်လည်းကြိုက်တယ်
ကူးသွားပြီဗျာ ချစ်သူကိုပြမလို့
း)

စည်သူ said...

မရိုးအီနိုင်တဲ့ ကဗျာဖွဲ့ဆိုမှုတွေ များများ ပိုင်ဆိုင်နိင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်ဗျာ..

ကဗျာလေးတွေက ဘယ်ခါဖတ်ဖတ် လန်ထွက်နေတာပဲ ကိုမိုးစက်ရေ..

ညလင်းအိမ် said...

ကောင်မလေးရေ . . .
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဘဲ
ငါ့...ကိုယုံကြည်ပေးပါ
ကောင်းကင်မြူခိုးတစ်လျှောက်
ကို့  အကြည့်တစ်ဖြောက်ကလည်း
ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ . . . . .


ကဗျာကို ကြိုက်တယ်...
အောက်က စာသားလေးကို ပိုကြိုက်တယ်...

Beauty Studio USA Branded Store said...

ကဗျာလေးက တစ်ဦးပိုင်နာမ်ချစ်သူအတွက် တောင်မကလောက်ဘူး ဘုံအများအတွက်တောင် ကြွေကြလောက်တယ် ညီရေ။

မြတ်မွန် said...

အင်းးးးးးးး
အားလုံးပြောသွားတလိုပါဘဲရှင်..
အားလုံးကြိုက်တဲ့ အပိုက်ကလေးက မိုက်တယ်..။

ကိုယ့် ချစ်သူဟာ အများဆိုင် နာမ်မဟုတ်ပါ တစ်ဦးပိုင် နာမ်သာ ဖြစ်ပါသည်။
ဒီလိုဘဲ ဖြစ်သင့်တာပေါ့ရှင်။
ဒါဟာ အမှန်တရားဘဲ။
ထိုခံစားချက်မှ ဖြစ်ပေါ်ဖြာထွက်လာသောအချစ်အပိုဒ်ခွဲတစ်ခုကိုသ၀န်တိုခြင်းဟုဆိုလျှင် . . .
အားပေးလျှက်ပါရှင်..။

may kyaw said...

ပုံမှန်အချိန်ဆိုရင် ဒီလိုကဗျာလေးမျိုးဖတ်ရတာ ကြည်နူးစရာပေါ့ .... ဒါပေမယ့် ခုလိုအချိန်မျိုးမှာ ဖတ်ရတော့ ငိုချင်သွားတယ်....

အဖြူရောင်နတ်သမီး said...

ထိုခံစားချက်မှ ဖြစ်ပေါ်ဖြာထွက်လာသောအချစ်အပိုဒ်ခွဲတစ်ခုကို
ိုသ၀န်တိုခြင်းဟုဆိုလျှင် . .....
-----------------------------------------
လာရောက်ခံစားသွားပါတယ်....

အဖြူရောင်နတ်သမီး said...

ထိုခံစားချက်မှ ဖြစ်ပေါ်ဖြာထွက်လာသောအချစ်အပိုဒ်ခွဲတစ်ခုကို
ိုသ၀န်တိုခြင်းဟုဆိုလျှင် . .....
-----------------------------------------
လာရောက်ခံစားသွားပါတယ်....

မေသစ္စာမောင် said...

ကဗျာလေးကို လာရောက် ဖတ်ရှု ခံစားသွားပါတယ်...
အောက်ဆုံးက စာသားလေးတွေကိုတော့ သဘောအတွေ့ဆုံးပဲ :))

poemflower said...

ကိုမိုးစက်ရဲ့ ချစ်သူ ကတော့ တကယ်ကံကောင်းတယ်ဗျာ

မြစ်ကျိုးအင်း said...

ကမ္ဘာကြီးတောင် ပြောင်းပြန်လှန်မတဲ့လား
ညွှန်းချက်က ......

desertraindrops said...

ကဗျာလေး ကောင်းတယ်။ ကိုယ့်ချစ်သူဟာ အများဆိုင် နာမ်မဟုတ်ပါ တစ်ဥိးပိုင် နာမ်သာ ဖြစ်ပါသည်။ ကြိုက်တယ်။