" နီ. . .ကို. . .ရဲ သို့  ကဗျာတစ်ပုဒ် "

|

အနောက်ဘက်မြို့ ရိုးဆီက နေ၀င်သံဟာ
ဒီနေ့ မှ တော်တော်လေး ကျယ်လောင်ခဲ့တယ်
ရင်ခတ်ပန်းခင်းထဲက ဓားသွားတစ်လက်ကြွေကျသံအဆုံးမှာ
နက္ခတ်တစ်ဝက်နေကြတ်သွားတယ် . . . . .

ဒီတောတန်းလေးအဆုံးမှာ
" လွတ်ငြိမ်းချမ်းသာခွင့် " ရှိတယ် . . . . .

ဒီဆောင်းအိုရဲ့  ရိုးတံ ကြားမှာ
" နဂ္ဂတစ် " တွေ ပျောက်ဆုံးသွားကြတယ် . . . . .

လေညှင်းတိတ်တစ်ခိုး ရှိုက်သံတိုးတိုးနဲ့  အတူ
လမင်းရဲ့  ငြိုးငယ်နေတဲ့  မျက်နှာကိုပါတွေ့ ခဲ့ ရတယ်
တိမ်ညို တိမ်လိပ်တွေကတော့  ဟန်ဆောင်အပြုံးတာင်မပြုံးနိုင်ရှာဘူးထင်ရဲ့ 
ရိုးပြတ်တောလေးမှာတော့ တံတိုင်းရှစ်ခွင် မှိုင်း . . . ပြာ . . . ရီ မို့ လို့  . . . . .

ကြယ်အစင်းစင်းနဲ့  ထွေခင်းနေရတဲ့ 
ဟောဒီ ကမ္ဘာမြေရဲ့  အတွင်းနာဟာ
မျက်လှည့်ဆရာရဲ့  " မငြိမ်းသောမီး " ပြကွက်အဆုံးမှာ
ကြယ်ပြာရောင်အလင်းတန်း တစ်ခု ကမ္ဘာမြေနှုတ်ခမ်းကို အနမ်းနဲ့ နှုတ်ဆက်သွားတယ် . . . . .

ခေတ်သစ်ပျိုးတဲ့  လေထန်ကုန်းယဉ်ကျေးမှုမှာ
မုန်သုန်မြို့ ရဲ့  မှော်ဝင်နေတဲ့  စကားလုံးတွေနဲ့ 
" အိုဇုံးလွှာ " ကိုပြုံးစေခဲ့ တယ် . . . . .

" ကြယ်ကြွေသတို့ သား " ရဲ့  ဇာတ်ညွှန်းကို နီ ကို ရဲ ရေးတယ်
ဒီအတ္ထူပတ္တိကို အလင်းအားကောင်းတဲ့ ပြတင်းတံခါးနဲ့ ဖွင့်ကြည့်ရင်
အဲဒီ နှလုံးသားထဲမှာ ခုထိ " ကြွက် " တစ်ကောင်ရှိနေပါလိမ့် မယ် . . . . .



24.10.09 တွင်ကွယ်လွန်သွားသော လေးစားရသော ဆရာနီကိုရဲ အားအမှတ်တရ
ဓာတ်ပုံ အား မမနော်ဟရီ ဘလော့မှ ကူးယူဖော်ပြပါသည် . . .

12 comments:

ကျောပိုးအိတ် said...

မိုး

နင်ဘယ်ပျောက်နေလဲ။ ငါလာတိုင်းမရှိဘူး။ ပုန်းနေတာလား။
း(

ကျောပိုးအိတ် said...

နီကိုရဲကို ငါသိပ်ကြိုက်တာ။ သူ့ စာအုပ်တော်တော်များများ ငါဝယ်ထားတယ်။ နောက်ဆို သူရေးတဲ့စာတွေ မဖတ်၇တော့ဘူးနော်။

ဝမ်းနည်းတယ်အေ့။

မောင်မောင် said...

ညီလေး ကဗျာလေး ကို လာခံစားသွားပါတယ်။
တကယ်ကောင်းတဲ့ စာသားတွေ ကို ဘယ်လိုခံစားရေးဖွဲ့ လဲ ဆိုတာ ကို မစဉ်းစားတတ်သလိုပဲ ချီးကျူးမိတယ်။
အင်း နီကိုရဲ အတွက် ကဗျာလေး လဲ ကိုခံစားမိတယ်။
ကျေးဇူးတင်တယ်ညီမလေး မိုးစက်အိမ်ရေ

ကောင်းကင်ပြာ said...

ခံစားပြီး လာဖတ်သွားပါတယ် မိုးစက်ရေ..

ခရေညို said...

ကဗျာလေးကို ရင်ဘတ်ထဲ ထည့်သွားပါတယ်

ကဗျာမလေး said...

ဟယ်.... တိတောင် မတိဘူး.... လူတော် တစ်ယောက်လျော့ပြန်ပြီပေါ့...
ကဗျာမလေး စိတ်မကောင်းဖြစ်သွားပါတယ်။

poemflower said...

နှမြောစရာပါ သူ့စာတွေ တကယ်ကောင်းတယ် နော်.

မြစ်ကျိုးအင်း said...

ကျနော်တို့လေးစားတဲ့ စာရေးဆရာတယောက်အတွက် အမှတ်တရ ကဗျာလေးရေးတာ ကျေနပ်စရာပါပဲ

သူ့ရဲ့စာတွေ ထပ်မဖတ်ရတော့ဘူးဆိုတဲ့ အသိက စိတ်မကောင်းဖြစ်စေတယ်။

နှမျောမိတယ်။

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
သေခြင်းတရားတွေက ဘယ်သူ့ကိုမှ မညှာတာဘူးနော်။
ဒီလိုနဲ့ ခွဲခွါသွားကြတဲ့သူတွေ မနည်းတော့ပါလား။

desertraindrops said...

ဆရာနီကိုရဲ ရဲ့စာတွေကို အကြိုက်ဆုံးစာရင်းထဲမှာ ပါတယ်။ ဆရာ့အတွက် ကဗျာလေးဖွဲ့ထားတာလေး ခံစားသွားတယ် မိုးစက်ရေ..

Angel Shaper said...

ကဗျာလေး ဖတ်ရင်း ဆရာနီကိုရဲကို နှမြောမိတယ်။ ဆရာနီကိုရဲ ကောင်းရာ သုဂတိလားပါစေ။။။

Beauty Studio USA Branded Store said...

အကိုလဲ ဆရာရဲ့ ချစ်ခြင်းနဂ္ဂတစ်ကို အရမ်းသဘောကျတယ်။ မကြည်ပြာတို့ အတွဲကိုပေါ့။