" တနင်္ဂနွေ၏ အဖြူရောင်သတို့ သမီး "

|



ဆိုက်ပရပ်(စ်) အချစ်ပန်းတွေ ပွင့်တဲ့ 
" ခံစားမှု စိတ်ကူးယဉ်ပြတိုက် " တစ်ခုမှာ
နှစ်ဆယ့်တစ်ရာစု မော်ဒန်လက်ရာ
မာဖီးယား အချစ်ရုပ်ကြွင်း စစ်စစ်နဲ့ 
ဆိုက်ပရပ်(စ်) နတ်သမီးတစ်ပါးရှိတယ် . . . . .

ကောင်းကင်မှာနက္ခတ်တွေ ရှက်သွေးရောင်တောက်ပချိန်
ရွှေအိမ်မက်ကို ခြေကျင်းလိုဝတ်ဆင်လျက်
နှင်းမြှားတစ်လက်နှင့် " ခ၀ဲပန်း " တို့ ကိုပစ်ခွင်းကာ
ကဗျာဝိညာဉ်မှာ ကဗ္မည်းတင်ဖို့ လာသည့်
" တနင်္ဂနွေ၏သတို့ သမီး " . . . . .

မြင်းမိုရ်တောင် တစ်ဝက်တစ်ပျက်မှတ်တမ်းမှာ
ကမ္ဘာပျက်လို့  ဇာတာမှိန်ခဲ့ ရတဲ့ " ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ " ဟာ
" ဖယောင်းတိုင် " က မီးတောက်ကိုချစ်သလိုမျိုး
မေတ္တာတရား ခြေရင်းကို မှိုတစ်ပွင့်လို ၀ပ်စင်းခဲ့  . . . . .

" ဆောင်းရတုပွဲ " မှာ နှင်းစက်တို့ ဖားလျားချသလို
မျက်ရည်ကို စားတဲ့  ငွေကြယ်တစ်ပွင့် အပြုံးဟာ
ရွှေမြန်မာကို တစ်ကြိမ်တစ်ခါတော့ ခြုံလွှမ်းခဲ့  ဖူးတယ် . . . . .

ပွင့်လင်းခြင်းနောက် ရိုးသားမှု စာမျက်နှာက
" ရွှေနှင့်ယိုးမှားပန်းစကား " ရဲ့ " နိုဝင်ဘာ ၁၉ " ဟာ
ခံစားချက်ကို ရှေ့ တန်းမှာ အခိုင်အမာတပ်စွဲ
မိုင်ပေါင်းကုဋေက သစ္စာတရား ကိုဦးညွှတ်လို့ 
အောင်မြင်လိုက် ကျရှုံးလိုက် ဂုဏ်ပုဒ်များကိုတလှည့်စီဆုပ်ကိုင်ရင်း
ဘ၀ပညာမှော်ဝင်စားမှုကို ကဝေပျိုအလင်းနဲ့  ပိုလင်းစေခဲ့ တယ် . . . . .

ဘ၀သံသရာမှာ အရွက်ချင်းမတူပေမဲ့  ဒီအတိုင်းပွင့်ချင်တဲ့ 
လေကြို လေကြားက ပန်းရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲမှုကြောင့်
လောကဓံမှာ " စိတ် " စာမေးပွဲ " ကျ " ခဲ့တယ်
မီးလျှံစ တစ်ခုလို ပြာ ညို ယိမ်း ညှိုး ခဲ့ ပေမဲ့ 
ဂျူးလီယက်ဆီဇာ ပြက္ခဒိန်မှာတော့ " ဥမ္မာဒန္ဓိ " ဟာနာမည်ဆိုးနဲ့ မကျော်ကြားခဲ့ဘူး . . . . .

ကော်ဖီတစ်ခွက်ကို ဘယ်အချိန်ခမ်းခြောက်မလည်းလို့ 
အနီရောင်ပန်း တစ်ပွင့်ကို ခဏခဏ မေးတတ်သလို
ဒဏ္ဍရီ ပန်းချီကားတစ်ချပ်ကိုလည်း ရင်ဘတ်တစ်စုံနဲ့ 
ဝင်ကြည့်တတ်လောက်အောင် Romantic ဆန်တတ်ပေမဲ့ 
တစ်ခါ တစ်လေ တော့လည်း " လမသာတဲ့  ည " မှာ
စပျစ်ဝိုင်ထဲ ယဉ်ယဉ်လေး မူးနေတတ်သူ . . . . .

စိမ်း ဝေ လင်း မြ တဲ့  ပန်းညများမှာ
ရင်ခုန်ရခြင်း အလင်္ကာ ဟာ
ဥသြ ဌက်ရဲ့  တေးသံစဉ်ထက် ချိုမြလို့ 
ကိုယ့်ယဉ်ကျေးမှု နဲ့  အိပ်စက်နေသူလေး
အာငွေ့ မှုတ်သံကြားမှ ဇာခန်းဆီးကိုပိတ်
အချစ်ဆိုတာ " နှလုံးသားက ဂီတသံစဉ် " ပါတဲ့  . . . . .

လက်ဖ၀ါးနုနုမှာ အက္ခရာတွေ ဥ ထားတဲ့ 
လင်းတစက်စက် မျက်တောင်လေးရဲ့ 
ပန်းရောင်ပျပျ " နမ်းမ၀ " ဘ၀မှာ
" ပထမ " ဆိုတဲ့  အယူတော်နမိတ်ကို အပြုံးဂုဏ်ဒြပ်ထဲထည့်
ခံစားချက်ကို လက်ဆွဲ ရာဇ၀င်ထဲမှာ ခရီးဆက်အုံးမယ် . . . . .



ခင်မင်ရသော အမနမ်းမ၀ ( အဖြူရောင်နတ်သမီး ) မှ မွေးနေ့ မတိုင်ခင်တစ်ပတ်အလိုမှာ
ကဗျာ တောင်းဆိုလာသဖြင့် အမ၏ဘ၀ အားအတတ်နိုင်ဆုံး သရုပ်ပေါ်အောင်ကြိုးစားရေး
ဖွဲ့ ပေးလိုက်ပါသည် . . . အမအနေနဲ့ ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါသည် . . .

18 comments:

ကောင်းကင်ပြာ said...

နှလုံးသားက ဂီတ သံစဉ်တွေပါပဲ၊
ပန်းရောင်ပျပျ နမ်းမ၀ ဘ၀ မှာ အမြဲတမ်း ပထမ တွေ ရပါစေ၊ ကြိုပီး ဟက်ပီးဘတ်ဒေးပါ...

may16 said...

မွေးနေ့ အမှတ်တရ ကဗျာလေး လာဖတ်ပါတယ်
ကျွန်မတို့မွေးနေ့ကျရင်လည်း ရေးပေးပါနော်..:)

သူကြီးမင်း (တုံးဖလား) said...

ညီရေ
တနင်္ဂနွေရဲ့ အဖြူရောင်သတို့သမီးလား။
တနင်္ဂနွေရဲ့ အဖြူရောင်နတ်သမီးလား။
နဲနဲရောနေလို့။ :D :D

သတို့သမီးဆိုရင်တော့ မွေးနေ့ဆုတောင်းကော မင်္ဂလာဆုတောင်းကော တစ်ခါထဲ တောင်းပေးမလို့ပါ။

အခုကတော့ သိပ်မရှင်းသေးလို့ Happy Birthday ဘဲ လုပ်သွားလိုက်ပါတယ်။

မွေးနေ့ရှင်ကော ညီကော လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

အဖြူရောင်နတ်သမီး said...

အလုပ်ပြီးပြီးချင်း ပြေးလာဖတ်သွားတယ် မိုးစက်ရေ...
ကဗျာလေးအတွက်ကျေးဇူးပါနော်...
ကဗျာလေး အရမ်းလှပါတယ်...
ရွှင်လန်းချမ်းမြေ့ပါစေရှင်...

မေသစ္စာမောင် said...

ပျော်ရွှင်စရာမွေးနေ့လေးပါ အဖြူရောင်နတ်သမီးရေ...။

ဒါနဲ့ ကဗျာဆရာမိုးစက်ရေ
အပေါ်က စာဖတ်သူတယောက်ပြောသလိုပဲ
တနင်္ဂနွေရဲ့ အဖြူရောင် သတို့သမီး လား။
တနင်္ဂနွေရဲ့ အဖြူရောင်နတ်သမီး လား????

အဟဲ ကဗျာကိုသေသေချာချာဖတ်ကြောင်း:P :D

Anonymous said...

နတ်သမီးက ကဗျာကို ကြိုက်မကြိုက်တော့ မသိဘူး ကျွန်တော်ကတော့ ကဗျာကို ခိုက်သွားပြီ

မောင်သီဟ said...

ကျွန်တော်လဲ တော်တော်ကြိုက်တယ်ဗျာ
ကဗျာလေးကောင်းလွန်းလို့
လာခံစားသွားတယ်ဗျို့
း)

Waing said...

အမှတ်တရ မွေးနေ့ အမှတ်တရ ကဗျာလေးတစ်ပုဒ်ပဲ
Happy Birthday to အမနမ်းမ၀ ;)

မိုးခါး said...

ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေကြောင်း ......း)))

ဒဏ္ဍာရီ said...

မွေးနေ့ရှင် သူငယ်ချင်းတော့ မသိဘူး။ အမတော့ သူ့အတွက် လက်ဆောင်ကဗျာလေးတွေ လိုက်ဖတ်နေတာ ရုံးမှာအလုပ်မလုပ်တော့ဘူး။း)

ကဗျာမရေးတတ်တဲ့ အမ အတွကတော့ ကဗျာလေးတွေက တကယ့်ကို ကာရံမိတယ်၊ တန်ဘိုးရှိတဲ့ စကားလုံးလေးတွေပဲ မောင်လေးရေ....။
"စိမ်း ဝေ လင်း မြ တဲ့  ပန်းညများမှာ
ရင်ခုန်ရခြင်း အလင်္ကာ ဟာ
ဥသြ ဌက်ရဲ့  တေးသံစဉ်ထက် ချိုမြလို့ 
ကိုယ့်ယဉ်ကျေးမှု နဲ့  အိပ်စက်နေသူလေး
အာငွေ့ မှုတ်သံကြားမှ ဇာခန်းဆီးကိုပိတ်
အချစ်ဆိုတာ " နှလုံးသားက ဂီတသံစဉ် " ပါတဲ့  . . ."

အမနှစ်သက်တဲ့ အပိုဒ်လေးကို ပြန်ရေးခဲ့တယ်နော်။

ခင်မင်လေးစားလျှက်

Beauty Studio USA Branded Store said...

နမ်းမဝ (ခ) အဖြူရောင်နတ်သမီးရေ ကဗျာလေးတွေနဲ့ အတူ Happy Birthdayပါ။ ညီလေးမိုးစက်ရေ ခရီးက ပြန်ရောက်လို့ ကဗျာလေးတွေ လာဖတ်သွားတယ်ညီရေ။ လက်ရာတွေက ပိုကောင်းလာတယ်။ စာသားအားတွေလဲ ပိုများလာတယ်။ပျော်ရွှင်ပါစေဗျာ။

khun said...

မွေးနေ့ရှင်အတွက်လည်းကြိုတင်ပြီးဆုတောင်း
လိုက်ပါတယ်...
Happy Birthday!! ပါနော်...
ကဗျာရေးတဲ့သူလည်း
အမြဲပျော်ရွင်နိုင်ပါစေငါ့မောင်ရေ....

မောင်မောင် said...

ဘာပဲရေး ရေး ကဗျာလေးတွေ ရဲ့  စာသားတစ်လုံးချင်းစီ ကို တော့ သဘောကျတယ်ညီရေ.
မွေးနေ့ ရှင်လဲ ဒီကဗျာ လေး အပေါ် အတော် ကိုပဲ ပီတီ ဖြစ်ခံစားရမယ်ထင်ပါတယ်။
ကဗျာစပ်သူ ညီလေး မိုးစက်အိမ်ရော
မွေးနေ့ ရှင် အဖြူရောင်နတ်သမီးလေး ရော
ပျော်ရွှင်ချမ်းမြေ့ ကြပါစေနော်။

ဇော် said...

ကိုစက် .. ကိုဗညားရှိန်ရဲ့ နောက်ဆုံးကဗျာကို ဖတ်ပြီးပြီလား .. =)

yangonthar said...

ကဗျာလေးဖတ်သွားတယ် ကိုမိုးစက်ရေ ... မွေးနေ့ ရှင်လည်း ပျော်ရွှင်ပါစေဗျာ ...
ခင်တဲ့
ရန်ကုန်သား :))

ညလင်းအိမ် said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ...
ကဗျာရေးသူရဲ့စိတ်ကို ၀င်ခံစားကြည့်လိုက်တယ်...
မျောလွင့်သွားတယ် အဆုံးမရှိတိုင်အောင်ပဲ...

သုံးထားတဲ့ အသုံးအနှုံးတွေက ကောင်းတယ်...
အစ်မ နမ်းမ၀လိုချင်တဲ့ ခေါင်းစဉ် စကားလုံးတွေကို
အတတ်နိုင်ဆုံးပါအောင်သုံးထားတယ်...

တကယ်ကောင်းတယ်ဗျာ...

ဆောင်းယွန်းလ said...

စကားလုံးတွေကောင်းလှချည့်လားညီလေးရေ
ပြောင်မြောက်တယ်....မွေးနေ့ရှင်အရမ်းကြိုက်မယ့် ကဗျာလေးတပုဒ်ပါပဲ

rose of sharon said...

ကဗျာလေးကလှတယ်... မွေးနေ့ရှင်တော့ သိပ်ဝမ်းသာသွားမှာဘဲ