" ကိုလိုနီ နှလုံးသား "

|


" ရှန်ဘဲလား " အိမ်မက်မှာ
ဧဒင်ကချေသည် ရဲ့  နေမ၀င် အင်ပါယာမရှိဘူး . . . . .

ဗျူဟာမြောက် အချစ်ဝင်္ကပါနဲ့ 
စစ်တုရင်တစ်ပွဲ ရဲ့  စီးချင်းထိုးပွဲ ကိုခုတ်ထွင်ပေးပါ . . . . .

ဒီတိုက်ပွဲကျမှ ပွန်ပေတို့ ကလည်း ကဗျာမြေကြီးဆုံးရှုံးခဲ့ ရ

ခုတော့လည်း ဒီအလင်းမှာ ငါမှောင်ဖို့ 
" ကိုလိုနီနှလုံးသား " ကိုစတေးခဲ့ မိတယ် . . . . .

မှတ်ချက် . . . ရှန်ဘဲလားအိမ်မက် စကားလုံးအား ကိုချမ်းလင်းနေ ၏ ပို့ စ်
ခေါင်းစဉ်အား အသုံးပြု ထားပါသည်။

15 comments:

Beauty Studio USA Branded Store said...

ကျေးဇူးပါဗျာ။ ကဗျာမြေကြီးဆိုတာလေး သဘောကျတယ်။ ဟုတ်တယ်....ကဗျာမြေကြီး.... ကဗျာမြေကြီး .....ညီရေ။

ညလင်းအိမ် said...

ကိုလိုနီ နှလုံးသား တဲ့လား ....
ကိုချမ်းလိုပဲ ကဗျာမြေကြီး ... ကိုသဘောကျသွားတယ်ဗျာ...

poemflower said...

ခေါင်းစဉ်က တော်၂ မိုက်တယ် ကိုမိုးစက်ရေ

poemflower said...

ခေါင်းစဉ်က တော်၂ မိုက်တယ် ကိုမိုးစက်ရေ

ဇော် said...

စကားလုံးလေးတွေ လှတယ်နော် .. ကိုစက် .. =)

ဒဏ္ဍာရီ said...

မိုးစက်ရေ ... ကဗျာလေးနဲ့ ခေါင်းစဉ်လေးက ဆွဲဆောင်မှုအပြည့်နဲ့။
ဧဒင်ကချေသည်ရဲ့ နေမ၀င်အင်ပါယာ မရှိဘူး .... ဆိုတာလေးပေါ့။ ကဗျာတိုပေမယ့် စကားလုံးတိုင်း လှပနေတယ်။

ခင်မင်လေးစားလျှက်

မေသစ္စာမောင် said...

ကဗျာစာသားလေးတွေ မိုက်တယ်ဗျို့....

ဒီအလင်းမှာ ငါမှောင်ဖို့ 
" ကိုလိုနီနှလုံးသား " ကိုစတေးခဲ့ မိတယ်
အင်း ဖြစ်ရလေနော်...:P :D

rose of sharon said...

ကိုလိုနီနှလုံးသားလေးကို ဖတ်သွားတယ်...

မြစ်ကျိုးအင်း said...

ဘယ်သူကများ ကိုလိုနီအဖြစ်နဲ့ နှလုံးသားကို နယ်ချဲ့ တာပါလိမ့်

စကားစု တိုင်းက လန်းတယ်

ဆောင်းယွန်းလ said...

ခုတော့လည်း ဒီအလင်းမှာ ငါမှောင်ဖို့ 
" ကိုလိုနီနှလုံးသား " ကိုစတေးခဲ့ မိတယ် .

ဘယ်သူများ သိမ်းပိုက်သွားပါလိမ့်...မိုက်တယ် ညီရေ့

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
ကိုလိုနီနှလုံးသားကို စတေးပြီးရင်တော့ ဖက်ဆစ် နှလုံးသားဘဲ ကျန်တော့တယ်နော့။ ဟဲ ဟဲ။

ပျော်ပါစေ ညီ။

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
ညီမငယ် မြူးသျှရီတစ်ယောက် ဘာဖြစ်သွားတာလဲ မသိဘူး။ အနားယူတော့မယ်ဆိုပါလား။ ကွန်မင့်ပေးမလို့လုပ်တော့လဲ စီဘောက်ကော ကွန်မင့်ကော ဖြုတ်ထားတော့ ဘာမှလုပ်လို့ မရဘူး။
ဘာတွေများ ၀မ်းနည်းစရာဖြစ်သွားပါလိမ့်။
ဘလော့ဂါတွေဘ၀လဲ သိပ်မလွယ်သလိုဘဲ။

ညီနှင့်အဆက်အသွယ်ရှိရင် အားပေးလိုက်ပါဦးညီရာ။
ပို့စ်တွေကိုလဲ ဆက်တင်ပါ။ မကြိုက်တဲ့သူနဲ့ နှိုင်းယှဉ်ရင် ကြိုက်တဲ့သူတွေက ပိုများတဲ့အကြောင်းလဲ ပြောလိုက်ပါဦး။ ဆက်ရေးပါ အားပေးနေမယ်ဆိုတဲ့အကြောင်းရောပေါ့။

ညီရော အဆင်ပြေတယ်မဟုတ်လား။ ကဗျာတွေ များများရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ပျော်ရွှင်အဆင်ပြေပါစေ။

စည်သူ said...

ကိုလိုနီနှလုံးသား ဆိုပါလားဗျ..

ခေါင်းစဉ်ကြားတာနဲ့တင် ကြက်သည်းမွေးညှင်း ထတယ်ဗျာ..

ဖွဲ့ဆိုမှုအား အရမ်းကောင်းတယ်..

ဟဲဟဲဟဲ.. တကယ်ဆိုရင်တော့ မလွယ်ဘူးဟ..းP

ခင်မင်စွာဖြင့်
စည်သူ။

desertraindrops said...

ကဗျာကောင်းတယ်။ စာသားလှတယ်ဟ။

may kyaw said...

ကိုယ့်ဘာသာကိုယ်စတေးတာနော်....
ဘယ်သူကမှ အတင်း မရိုက်သွင်းဘူး.... :D
ဒါနဲ့ စကားမစပ် အိပ်မက် ကိုမိုးစက်ရ အိမ်မက် လို့မရေးရဘူး.....