" လေညှင်းကြားက ပန်းဧကရီ "

|

ဒုတိယမြောက် ရဲရင့်ခြင်းအဖြစ်
စွယ်တော်တစ်ရွက်ကို လေနဲ့ လိုက်မှုတ်တယ်
စိန် ပန်း ပြာ က ကဆုန်ပေါက်လို့ ပြေးမလိုက်ဘူး . . . . .

" ဒေါက် " ကနဲ တံခါးခေါက်သံအဆုံးမှာ
ဇာတ်ညွှန်းတစ်ပုဒ် ပိတ်ကားပေါ်က ပြုတ်ကျလာတယ် . . . . .

စက္ကူလှေတစ်စင်း လှိုင်းတို့ ကိုတိမ်းမှောက်ပြီး
အာရုံဦး မှာ ခြေသံအချို့ 
နှလုံးအိမ် ကို ကမ်းကပ်လာကြတယ် . . . . .

ငါ့ရင်ခွင် ဆောင်းဦးလေပြည်မှာတော့
အငွေ့  တထောင်းထောင်း ထနေအောင် တုန်ရီနေလေရဲ့  . . . . .

" ဘီလူးပန်းစိုက် အက " ကြောင့်
စမ်းရေကား ခမ်းခဲ့ လေပြီ . . . . .

ငါ့ ၀ိဥာဉ်များ အက်ကွဲမသွားရအောင်
ဘယ်လိုအနမ်း နှင့် ဒီပန်းကို နမ်းရမည်နည်း . . . . .

ဒီကျည်တစ်တောင့် နဲ့  ဒီဂူမှာ ငါ အောင်းမယ်
" သူယောင်နတ်သမီးများမလာရ "
ငါပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်
ဝှက်ထားတဲ့  ဂူတံခါးတစ်ချပ် ပွင့်လာတယ် . . . . .

ငါ . . . တရှိုက်မက်မက် နမ်းရှိုက်လိုက်တယ်
ပန်းမျိုးတစ်ထောင်အောင်စေသည့် ချစ်သူရနံ့  သင်းပျံ့ ပျံ့ လေး . . . . .

20 comments:

Anonymous said...

သူကြီးမင်း (တုံးဖလား) said...

ချစ်သူရနံ့သင်းသင်းလေး။
ပန်းမျိုးတစ်ထောင်အောင်စေတယ်။

ဟုတ်ပါတယ်။

ချစ်သူသင်းရနံ့ကို ပန်းမျိုးတစ်ထောင် လိုက်မမီနိုင်ပါဘူး။

ပျော်ရွင်ပါစေ ညီ။

mysterysnow said...

တယ်ဆိုတဲ့စာပါလား...
မဟုတ်မှလွဲရော
ချစ်သူသင်းရနံ့ ကောက်ရနေပြီထင်ပါရဲ့.....
ရေမွှေးတွေ ရောင်းမစွံဖြစ်ကုန်တော့မှာပဲ....

နှင်း

Anonymous said...

စက္ကူလှေတစ်စင်း လှိုင်းတို့ ကိုတိမ်းမှောက်ပြီး
အာရုံဦး မှာ ခြေသံအချို့ 
နှလုံးအိမ် ကို ကမ်းကပ်လာကြတယ် . . . . .

ငါ့ရင်ခွင် ဆောင်းဦးလေပြည်မှာတော့
အငွေ့  တထောင်းထောင်း ထနေအောင် တုန်ရီနေလေရဲ့  . . . . .

ဇော် said...

အယ် .. စီပုံးမှာ စိတ်တိုတိုနဲ့ အော်ပလိုက်ပြီးမှ နောက်ဆုံးတစ်ခေါက် ၀င်တာကွလို့ ကျုံးဝါးပြီးဝင်လိုက်တာ .. ကျနော့်ဒေါသကို ကြောက်သွားပုံပဲ .. မန့်လို့ရသွားပြီ .. ဟီဟိ ..

ဟမ် .. ကျနော် ကြိုက်လို့ ကော်ပီပြီး မန့်မယ့်အပိုဒ်ကို ကိုဗညားရှိန်ကလဲ ကြိုက်လို့မန့်ထားတယ် .. ကောင်းရော .. အကြိုက်ချင်းတွေ တူနေကြတယ် .. ဟက် ..
ပြောနေကြာတယ် .. ကျနော်လဲ အဲ့ဒီအပိုဒ်တွေကို ခိုက်သွားတယ်ဗျ .. ဟီး .. ( ကော်ပီရမှာ ပျင်းသွားပြီ) ခိခိ ..

ရေတမာ said...

လှတယ်

may16 said...

ဒါဆို ကျွန်မမလာတော့ ဘူး သူယောင်နတ်သမီးမလာရတဲ့ :P

မြစ်ကျိုးအင်း said...

ညွှန်းလှချည်လားဗျာ

ပန်းမျိုးတထောင် ရနံ့နဲ့ ချစ်သူကို ညွှန်းထားများ

ကိုမိုးစက်ချစ်သူဖတ်ပြီးရင် ကြွေသွားလောက်တယ် :)

ဆောင်းယွန်းလ said...

ငါ . . . တရှိုက်မက်မက် နမ်းရှိုက်လိုက်တယ်
ပန်းမျိုးတစ်ထောင်အောင်စေသည့် ချစ်သူရနံ့  သင်းပျံ့ ပျံ့ လေး . . .

ကောင်မလေးတော့ တော်တော်ကြွေသွားမှာ...ကိုယ့်ညီရေ

မောင်မောင် said...

ငါ....တရှိုက်မက်မက် နမ်းရှိုက်လိုက်တယ်
ပန်းမျိုးတစ်ထောင် အောင်စေသည့် ချစ်သူရနံ့  သင်းပျံ့ ပျံ့ လေး......

ဘယ်လိုများစပ်ထားပါဘိ ကောင်းခြင်းတွေ နဲ့  ပြည့်စုံ တဲ့  ကဗျာ။
နောက်ဆုံး အပိုဒ်လေး ကို သဘောကျလွန်းလို့  ကူးယူလိုက်ပါတယ်။

desertraindrops said...

ပထမဆုံးအပိုဒ်လေးကို တအားသဘောကျတယ်။

"စွယ်တော်တစ်ရွက်ကို လေနဲ့ လိုက်မှုတ်တယ်
စိန် ပန်း ပြာ က ကဆုန်ပေါက်လို့ ပြေးမလိုက်ဘူး "

ကဗျာလေးလှတယ် မိုးစက်ရေ

khun said...

"ငါ့ ၀ိဥာဉ်များ အက်ကွဲမသွားရအောင်
ဘယ်လိုအနမ်း နှင့် ဒီပန်းကို နမ်းရမည်နည်း . . . . ."

ငါလည်းဘယ်လိုအနမ်းမျိုးနဲ့နမ်းရမလဲ
မသိဖြစ်နေတယ် ငါ့မောင်ရေ

rose of sharon said...

ကဗျာလေးဖတ်ရင်း သင်းပျံ့ပျံ့ရနံ့လေး ရလိုက်တယ်

Angel Shaper said...

စက္ကူလှေတစ်စင်း လှိုင်းတို့ ကိုတိမ်းမှောက်ပြီး
အာရုံဦး မှာ ခြေသံအချို့ 
နှလုံးအိမ် ကို ကမ်းကပ်လာကြတယ် . . . . .

တယ်ဟုတ်ပါလားးးးး
ကိုမိုးစက်ရေ ချစ်သူအတွက် ဂုဏ်ယူပါတယ်။
အဲလို ကဗျာလှလှလေးတွေ ဖန်တီးပေးမဲ့ ချစ်သူတစ်ယောက် ရထားလို့။ အဟိ
ပျော်ရွှင်ပါစေနော်။

သက်ထွန်းညိမ်း said...

ဒီကျည်တစ်တောင့် နဲ့  ဒီဂူမှာ ငါ အောင်းမယ်

သက်ထွန်းညိမ်း

ourstream said...

နှစ်သက်သဘောကျတယ်ဗျာ...

ourstream said...

နှစ်သက်သဘောကျတယ်ဗျာ...

သုခုမလေဒီ said...

တယ်ဆိုတဲ့စာပါလား မိုးစက်ရေ. ချစ်သူကျလောက်ပါတယ်း))
အဆင်ပြေပျော်ရွှင်ပါစေ။ ဂူတံခါးတစ်ချပ်လည်းပွင့်ပြီဆို တော့...။

မေသစ္စာမောင် said...

အဟမ်းးးးအဟမ်း
ကဗျာတွေက အမြဲလန်းနေတာပဲ
မိုးစက်တို့များ Romantic ဖြစ်နေလိုက်တာ :P
ပြောကိုမပြောချင်ဘူး :D