" ချစ်ရ တစ်ရက် လွမ်းရက် တစ်ရာ "

|



မြတ်လေးရုံ မှာ
စံပယ်ဖူးငုံလေးတွေ နှင်းစက်ဝေတော့
ရနံ့ မပြယ်တဲ့  ထိပ်ထားရဲ့  လက်ချောင်းလေးတွေဆုပ်ကိုင်ရင်း
" စစ်တစ်ပွဲ အချစ်ပွဲတစ်ရာ " နွှဲချင်မိတယ် . . . . .

ဂန္တ၀င် ပန်းပုရပိုဒ် မှာ
လမင်း ပန်လျက် ပြန်လာသော မိန်းကလေး
ငြိမ်းချမ်းရေး နဲ့  အိပ်စက်လို့ 
" ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ " ဝေးကွာပါစေ . . . . .

19 comments:

မယ့်ကိုး said...

ဆားချက်တာ ဆိုလည်း ကောင်းပါတယ်။ဖွဲ့ပုံလေးက နွဲ့လှမြဲ =)

ဧရာဝတီသား said...

ကဗျာလေး တွေကတော့ အမြဲတမ်း လန်းဆန်းနေပါလား ...
ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ ဝေးကွာပါစေဗျာ .. :)

မေသစ္စာမောင် said...

ကဗျာလေးက တိုတိုလေးဆိုပေမဲ့ good တယ် :)
စာသားလေးတွေကလှတယ်။

khun said...

အခုတလော
အလွမ်းကဗျာတွေချည်းပါလား.....
ဒါပေမယ့် ကောင်းတယ်။

Ree Noe Mann said...

ငါ့ညီကတော့ တကယ့်ကို ကဗျာဆရာ၊ ကဗျာမင်းသားပါပဲကွာ။

ခင်တဲ့ ကိုရီနို

rose of sharon said...

ထိပ်ထားလေးရဲ့လက်ချောင်းက မပြယ်တဲ့ရနံ့တွေဟာ စပယ်ပန်းရနံ့တွေထင်ရဲ့

Unknown said...

ကဗျာလေးက ကောင်းလှချည်းလား။ တိုတိုလေးနဲ့ ထိမိနေတယ်။ ချစ်ရရက်များစွာနဲ့ လွမ်းရက်တွေဝေးးပါစေနော့

မငုံ

yangonthar said...

yangonthar said...

မြတ်လေးငယ် စံပယ် သင်းတဲ့ ချစ်ချင်း ကဗျာ ကို ဖတ်သွားပါရဲ့  တာရှည်တဲ့လွမ်းရက်တွေ ဝေး စေ လွင့်စေ သတည်း။ လမင်း ပန်လို့ ပြန်လာတဲ့ မိန်းကလေးတဲ့လား ...... စံပယ်နံ့ ကလည်း သင်းသဗျာ ကဗျာ အဆင်းကလည်း လှသဗျာ
ခင်တဲ့
ရန်ကုန်သား

YAMIN said...

မနိုင်မနင်းနဲ့ လမင်းတော့ ပန်ပြီး ပြန်မလာပါရစေနဲ့ ကိုမိုးစက်ရယ်။ ခေါင်းလေးမှာပေါ့။
ခင်တဲ့
ယမင်း

ခရေညို said...

ဟင့် တွံ့တေးသိန်းတန် ကိုတောင် လွမ်းမိတယ်။

မြစ်ကျိုးအင်း said...

အလွမ်းများ ငြိမ်းစေသတည်း....။

Unknown said...

အထက်က အစ်ကို မြစ်ကျိုးအင်းကြီး နော်
သူများ ပို့စ်ခေါင်းစဉ်ကြီးကို Copy ကူးပြီး ပေါက်ပေါက်ရှာရှာ မိုးစက်ဆီမှာ paste လာချသွားတယ်
ဟီး :p နောက်တာ...
မိုးစက်ရေ...
ကဗျာထဲကကောင်မလေးများ နု ရွ လှ ပ လိုက်တာနော်
အားကျမိပါ့ အနှင်း တို့နဲ့များ ကွာပါ့းD
နှင်းဟေမာ

poemflower said...

ကျွန်မဆို ချစ်ရတစ်ရက် လွမ်းရက် ၁ထောင်လို့ရေးမယ် :P

မောင်မောင် said...

ညီလေး မိုးစက်အိမ် က တော့ တွံတေး သိန်းတန် သီချင်း ခေါင်းစဉ် လဲ ကဗျာ ဖြစ်အောင် စပ်နိုင်တယ်နော်။
ဘာပဲပြောပြော ကဗျာဥာဏ် အာဘော် ကို ကလော်တိုင်းထွက်နေတဲ့ တယ် လို့  ဆိုချင်ပါတယ်။
( စလေဦးပုည ) ပြောခဲ့တာ ငှားသုံးမိပါသည်။
မှားတာရှိ ၀န္ဒာမိ ညီလေး

ကိုမောင်မောင်

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
အမှန်ဆို စစ်တစ်ပွဲ.. အချစ်ပွဲတစ်ရာ နွှဲသင့်တာ။ :D။
အချစ်က အမုန်းမဟုတ်လေတော့ လေအကြော့မှာလဲ သူက ခပ်ချိချိုရနံ့လေးတွေကို ဖန်တီးပေးနိုင်မှာမို့ပါ။

may kyaw said...

ချစ်ပွဲ တစ်ရာ တကယ်နွဲချင်တာလား ...
တစ်ပွဲတောင် အနိုင်နိုင်ကိုဗျာ ... တစ်ရာများသာ ဆိုရင်တော့ ....

မိုးခါး said...

နုချက်နော် ..း))

Angel Shaper said...

" ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ " ဝေးကွာပါစေ။
တောင်းဆုပြုခဲ့တယ်နော်။