" ကန္တရ ပင်လယ် "

|


တစ်ပွင့် နှစ်ပွင့် ပန်ချင်ရုံလောက်နဲ့ 
ပန်းချစ်သူလို့  ပြောကြမလား
တစ်ခါ နှစ်ခါ လောက်ရှိုက်တတ် ရုံနဲ့ တော့
သမ္ဘာရင့် တဲ့ အနုပညာရှင် မဖြစ်နိုင်ပါဘူး
ကံကြမ္မာ မသိတဲ့  ၀ှက်ဖဲဆိုတာ
ဇာတ်ဆရာတိုင်း ကလို့ ရတဲ့  ခုနစ်ထွေ အကမှ မဟုတ်တာ
အလင်္ကာတွေ မစိုစွတ်တော့ တဲ့  ဒီကမ္ဘာကြီးမှာ
နှင်းဆီဖူးတွေကတော့ တဖြောက်ဖြောက်နဲ့  စိုရွှဲလို့ 
ကိုယ့် လေးညှို့ ကိုယ်ဆွဲထွက်ဖို့ ကြတော့လည်း
အက္ခရာတွေက ငါ့ကိုဝှက်ထားကြတယ်
တကယ်တော့လည်း ဒီမြို့ ပျက်ကြီးမှာ
ကိုယ့် ယဉ်ကျေးမှု နဲ့  ကိုယ် ရူးနေကြတာပါဘဲ
ဘာ ဖြစ် လဲ . . . . .
ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့ အားပေးမဲ့ လူရှိမှာပါ
ဟော . . . . .
ပြောရင်းနဲ့  မိုးပေါ်မှာ ကောင်းကင်တွေရွာချလို့ 
ကြယ်တွေ စီးချင်းထိုးနေလိုက်ကြတာများ
ပင်လယ်တောင် ကန္တရ ဖြစ်သွားရှာတယ် . . . . .

23 comments:

ကျောပိုးအိတ် said...

မိုးရေ

နင်ဘယ်ပျောက်နေလဲ

ကျောပိုးအိတ် said...

ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့ အားပေးမဲ့ လူရှိမှာပါ

အားမငယ်နဲ့ သိလား။ အားပေးတဲ့သူတွေ အများကြီးဘဲ။ မထင်မှတ်ဘဲ ပထမဆုံးအကြိမ်ကော်မန့် ပေးလိုက်ရတယ်။

ပျော်မှပျော်

poemflower said...

အားပေးမဲ့လူတွေရှိမှာပါ ကိုယ်တိုင်လည်း အားတင်းထားခါးခါးရေ :)

မိုးစက်အိမ် said...

မပန်းတော့ လူမှားနေပြီထင်တယ် :D :)

စည်သူ said...

ဟား..ဟား..ဟား..

ပြောရင်းနဲ့  မိုးပေါ်မှာ ကောင်းကင်တွေရွာချလို့ 
ကြယ်တွေ စီးချင်းထိုးနေလိုက်ကြတာများ
ပင်လယ်တောင် ကန္တရ ဖြစ်သွားရှာတယ်

ဒီစာသားလေးကို သဘောကျသွားတယ် ကိုမိုးစက်ရေ..

ခြေလှမ်းသစ် said...

ကိုမိုးစက်ရေ ... စာသားတွေနဲ့ အသွားလေးတွေက အရမ်းတွဲလုံးတွေနဲ့ မိနေတော့တယ်ဗျာ ... ကိုယ်ပိုင်ပဲ ဘာသာပြန်သွားလိုက်တယ်ဗျာ ... စိတ်ထဲမှာနော် ..

မေသစ္စာမောင် said...

ဒီမြို့ ပျက်ကြီးမှာ
ကိုယ့် အတွေး ကိုယ့်အရေးနဲ့  ကိုယ် ရူးနေကြတာပါဘဲ
ဘာ ဖြစ် လဲ နော်. . . . .:P :D :)

ပေါက်တတ်ကရမန့်သွားတယ်..
ပျော်ပါစေဗျို့

မိုးခါး said...

မပန်းကဗျာ လူမှားတွားဒယ် ထင်တယ်
ကောင်းကင်ကြီးကတော့ ချက်ချင်းကို မိုးတွေရွာပြီး ထောက်ခံလိုက်တာများနော် ..
ကိုယ့်စိတ်ကူးနဲ့ ကိုယ် ရူးကြသည်ပေါ့ဟာ .. :D

ခရေညို said...

"ပြောရင်းနဲ့  မိုးပေါ်မှာ ကောင်းကင်တွေရွာချလို့ 
ကြယ်တွေ စီးချင်းထိုးနေလိုက်ကြတာများ
ပင်လယ်တောင် ကန္တရ ဖြစ်သွားရှာတယ် . . . . ."
ဒီစာသားလေးတွေကိုအကြိုက်ဆုံးပဲ
ကဗျာလေးက အရမ်းလှတယ်

khun said...

ပင်လယ်တောင် ကန္တရဖြစ်သွားရလား....
စိတ်ညစ်စရာတွေရှိနေလို့လား...
ကဗျာရေးတက်တော့ စိတ်ညစ်ရင်
ကဗျာကောက်ရေးနိုင်သေးတယ်...
ဒီမှာတော့ စိတ်ညစ်ရင်
ဘာရေးရမှန်းကိုမသိတော့ဘူး ဝေးးးးးးးး

ပျော်ရွင်ပါစေ

တလနွန် said...

ကဗျာလေးကိုတော့ ခံစားကြည့်သွားတယ် ညီ။

Anonymous said...

အလင်္ကာတွေ မစိုစွတ်တော့ တဲ့  ဒီကမ္ဘာကြီးမှာ
နှင်းဆီဖူးတွေကတော့ တဖြောက်ဖြောက်နဲ့  စိုရွှဲလို့ 
ကိုယ့် လေးညှို့ ကိုယ်ဆွဲထွက်ဖို့ ကြတော့လည်း
အက္ခရာတွေက ငါ့ကိုဝှက်ထားကြတယ်

ကောင်းလိုက်တဲ့ စာသား . . . ကဗျာကောင်းလေးပါပဲ မိုးစက်အိမ်ရေ

mysterysnow said...

ကန္တာရ ဖြစ်သွားတဲ့ ပင်လယ်...
ဘယ်မှာပါလိမ့်.....

နှင်း

yangonthar said...

ကောင်းလိုက်တဲ့ကဗျာလေး ကောင်းကင်တွေ ရွာချတဲ့အခါ မိုးဖို့ ထီးကလေး နဲ့ ဘေးက စောင့် နေမယ့်သူလေးကို တောင့်တမိတယ် .... ဒါပေ မယ် ဇာတ်ဆရာ အလိုအတိုင်း ကနေကြရတာပါပဲလေ ....
စာသားတွေလှချက်က ကဗျာလေးကို ကြွနေတတာပဲဗျ
ခင်တဲ့
ရန်ကုန်သား :)

မယ့်ကိုး said...

ကဗျာလေးက လေးနက်လှပလိုက်တာ။

ဆောင်းယွန်းလ said...

ဟော . . . . .
ပြောရင်းနဲ့  မိုးပေါ်မှာ ကောင်းကင်တွေရွာချလို့ 
ကြယ်တွေ စီးချင်းထိုးနေလိုက်ကြတာများ
ပင်လယ်တောင် ကန္တရ ဖြစ်သွားရှာတယ် . .
ကဗျာလေးကြိုက်တယ်ညီလေးရေ..
စာသားတွေ စကားလုံးတွေလည်း ကောင်းမွန်လှပသေသပ်နေပေါ့...
ကြယ်တွေစီးချင်းထိုးတဲ့ ကောင်းကင်မှာ ပင်လယ်တောင် ကန္တာရဖြစ်သွားရရှာတယ်တဲ့လား.. လှတယ်

သူကြီးမင်း (တုံးဖလား) said...

ပန်းချစ်သူလို့ ပြောလို့မရလောက်ပါဘူး။
ဘ၀မှာ လူတိုင်း တစ်ပွင့်နှစ်ပွင့်လာက်တော့ ပန်းပန်ဖူးကြမှာပါ။

ပင်လယ်ပြင်ကြီး ကန္တာရမဖြစ်ပါစေနဲ့လို့ဘဲ ဆုတောင်းနေပါတယ် ညီရေ့ ။

ရေတမာ said...

မိုက်တယ်

မြစ်ကျိုးအင်း said...

စကားလုံးတွေ မိုက်မှမိုက်

တွဲစပ်ထားတာ ဂွတ် တယ် မိုးစက်ရေ

emayarKhin said...

ကန္တာရပင်လယ်မှာမျောသွားတယ်...

Beauty Studio USA Branded Store said...

ညီရေ ကဗျာ လာဖတ်သွားတယ်။ မာန်ချင်လို့ အတေယ်ကို ကျော်ရခွရနဲ့ တက်လာရတာ။

desertraindrops said...

ပင်လယ်တောင် ကန္တာရုဖြစ်သွားရှာတယ်လားး။။ ကမ္ဘာာမြေတနေရာမှာ မိုးစက်အိမ်အတွက် အကောင်းဆုံး အားပေးဖော်လေး ရှိနေတယ်နော့။ အားတင်းထား.

Angel Shaper said...

တော်လိုက်တာဟာာာာာာ
ဂွတ်တယ်။
အများကြီး ဖတ်ချင်သေးတယ်နော်။