" နယူးကလီးယား အလွမ်း "

|

အချစ်ဆိုတာ . . . . .
အနုမြူ ဥယျာဉ်ထဲက
နယူးကလီးယား ပိတောက်ပွင့်လိုဘဲ

ဓူဝံကြယ် ကြွေတဲ့နေ့ က
စံပယ်တွေက ကပိုကရို
ဂမ္ဘီရ မီးအိမ်ရှင်က
ကဝေပျို အလင်းနဲ့ 
အက် တမ် တွေ ရွာ ချ . . . . .

( * ) ပြထားတဲ့  ငါ့ရင်ဘတ်ပေါ်
( x ) အမှတ်အသားက ကျော်ဖြတ်လို့ 
သခွတ်ပန်း တွေပွင့်သွားချိန်
ဒိုင် ယာ ရီ ထဲမှာ ငါတစ်ယောက်တည်း
. . . . . လွမ်း . . . ရဲ . . . တယ် . . . . .

26 comments:

Dream said...

ကောင်းကင်ကြီးက သနားလို့တဲ့ မိုးတွေရွာချလိုက်တယ်တဲ့

ဦးဦးမိုးစက်အိမ်က နယူးကလီးယား
မိုးတွေ ရွာချလိုက်ရင်တော့...အဟင့်...သွားပါပြီ... :P

rose of sharon said...

ကိုယ်ရေးတဲ့ဒိုင်ယာရီမှာ ကိုယ်တစ်ယောက်ထဲ...လွမ်းရဲရမှာပေါ့.... လွမ်းသာလွမ်း

မေသစ္စာမောင် said...

လွမ်းပါ....အားရပါးရ လွမ်းလိုက်ပါ
မိုးစက်ရေ...မိုးစက်တွေလာ မျက်ရည်စက်တွေလား :P

poemflower said...

လွမ်းတော့လွမ်းပါနော် နူကလီးယား ပိတောက်ပွင့် တော့ မပွင့်ပါရစေနဲ့ :P

ခရေညို said...

နယူးကလီးယား ပိတောက်ပွင့်ကဘယ်အချိန်ပွင့်တာတုန်း ရိုးရိုးပိတောက်က ဒီနေ့တောင်ပွင့်သေးတယ်

Angel Shaper said...

ကိုမိုးစက်ရေ....
တစ်ယောက်တည်းလွမ်းရဲတယ်ပေါ့လေ။
အက်တမ်တွေရွာချလို့  အလွမ်းဖျားမိမှာစိုးတယ်။
ပြန်ဘီဗျာ။။
ကဗျာလေးတွေ လတ်ဆတ်တုန်းးးးးးးးးးး
လှပတုန်းးးးးးးးးးးးးး
ခယ်မီကယ်ဆန်တုန်းးးးးးးးးး
အဟော...
လစ်ပြီဗျိုးးးးးးးးးးး

ကျောပိုးအိတ် said...

ဒိုင်ယာရီ ထဲမှာ ငါတစ်ယောက်တည်း
လွမ်း ရဲ တယ် . . . . .

တစ်ယောက်ထဲလွမ်းတော့ ပျင်းစရာကြီး
း)

Beauty Studio USA Branded Store said...

နယူကလီးယားပိတောက်ပွင့်ဆိုတော့
တနှစ်မှာတခါပဲပွင့်မယ်၊
တခါထဲနဲ့ အစွမ်းသာရော လှိုင်လှိုင်ပွင်မယ့်သဘောလို့ပဲ ယူဆလိုက်တယ်ညီရေ။ (မလေးရှားပိတောက်နဲ့ အဖေမတူ အမေကွဲမျိုးပါ။)
နယူကလီးယားပိတောက်မျိုးလိုချင်သူများ
ဆက်သွယ်ရန်-
http://m-3-kyaw.blogspot.com/
:P

စန္ဒကူး said...

နယူးကလီးယား ပိတောက်ဆိုပါလား..
လုပ်ပါအုံး... တင်စားတာလား..
တစ်ကယ်ရှိတာလား... ရှိရင်တော့မြင်ဖူးချင်သားနော်..
ဓူဝံကြယ်က တစ်လုံးတည်းရှိတယ်လို့ထင်ထားတာ...
အဲဒီကြယ်ကြွေတယ်ဆိုတာရော..
သိချင်တာတွေများနေပီ..
ကဗျာဆရာစိတ်မရှည် ထအော်ရော့မယ်..
ရှင်းပြပေးရင်တော့ကျေးဇူး..

Ree Noe Mann said...

အကိုဆီက ကဗျာတွေကို လာဖတ်တယ်ဆိုလို့
ကျေးဇူးတင်ပါတယ်ညီ။

ညီလေးတို့လောက် ကဗျာကို လှပအောင် မရေးတက်
တော့ ဆက်ရေးရမှာ လက်တွန့်နေတယ်။

ကဗျာဆရာတွေ ဖြစ်တဲ့ ညီလေးတွေက
ဘာမှ မဟုတ်တဲ့ အကိုရဲ့ ရင်တွင်းဖြစ်လေးကို
လာအားပေးတာ ကျေးဇူးပါကွာ။

ခင်တဲ့ ကိုရီနို

mysterysnow said...

လွမ်းရဲသေးဘူး မောင်ရယ်...
တစ်ယောက်တည်းတော့ မထားခဲ့ပါနဲ့...
တစ်ယောက်သောသူကိုယ်စား...
သီချင်းဆိုပြပါတယ်....

mysterysnow said...

လွမ်းရဲသေးဘူး မောင်ရယ်...
တစ်ယောက်တည်းတော့ မထားခဲ့ပါနဲ့...
တစ်ယောက်သောသူကိုယ်စား...
သီချင်းဆိုပြပါတယ်....

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
သခွတ်ပန်းတွေပွင့်ချိန်မှာ တစ်ယောက်ထဲ လွမ်းရဲတယ်လို့ ဆိုထားတဲ့အတွက် အသုရာနဲ့များ ဆွေမျိုးတော်နေရော့သလားလို့ ၀ိပလ္လာသတွေ ဖြစ်နိုင်တယ်နော။

လွမ်းတာမဆန်းပေမဲ့ နျူကလီးယားအလွမ်းဆိုတော့ ဆန်းတော့ဆန်းသား။

မချစ်ရ said...

လွမ်းပေါ့
ကိုယ့်ဒါယာရီထဲကိုယ်လွမ်းတာ
ဘယ်သူ့ဂရုစိုက်လို့.......

သက်ထွန်းညိမ်း said...

ဓူဝံကြယ်လာစီးတား)

တလနွန် said...

တစ်နှစ်မှတစ်ခါပွင့်တဲ့ ပိတောက်နှင့် အင်အားကြီးမားတဲ့ နူးယူးကလီးယားတို့  ပေါင်းစပ်ထားတဲ့ အဓိပ္ပါယ်လေးက လှတယ်။

Chitpalonelay said...

အင်း ခေါင်းစဉ်မြင်ကတည်းက မြင့်မယ်ဆိုတာ ကြိုသိနေလို့ လှေခါးထစ်ပါ တခါတည်းယူခဲ့တယ် ကဗျာက လန်းလွန်းလို့ လိုက်မမှီဘူးမဟုတ်လား။ အလွမ်းတောင် နယူးကလီးယား အလွမ်းဆိုပဲ။ ဒိုင်ယာရီထဲမှာတော့ လူတိုင်းလွမ်းရဲတယ်ဗျ အပြင်မှာ လွမ်းတာကတော့ မလွယ်ဘူးထင်တယ်နော်။ ဟိ သိတော့ဘူး မန့်ချင်သလိုမန့်ပြီး ပြန်ပြီ တာ့တာ
ပျော်ရွှင်ပါစေ
ညီမလေး ပါးလုံး

Chitpalonelay said...

အင်း ခေါင်းစဉ်မြင်ကတည်းက မြင့်မယ်ဆိုတာ ကြိုသိနေလို့ လှေခါးထစ်ပါ တခါတည်းယူခဲ့တယ် ကဗျာက လန်းလွန်းလို့ လိုက်မမှီဘူးမဟုတ်လား။ အလွမ်းတောင် နယူးကလီးယား အလွမ်းဆိုပဲ။ ဒိုင်ယာရီထဲမှာတော့ လူတိုင်းလွမ်းရဲတယ်ဗျ အပြင်မှာ လွမ်းတာကတော့ မလွယ်ဘူးထင်တယ်နော်။ ဟိ သိတော့ဘူး မန့်ချင်သလိုမန့်ပြီး ပြန်ပြီ တာ့တာ
ပျော်ရွှင်ပါစေ
ညီမလေး ပါးလုံး

ကိုရေတမာ said...

နယူးကလီးယားက ဈေးကြီးတယ်တဲ့ အိမ်ပေါ်တလုံးလောက် ကျလာရင်ကောင်းမယ်

emayarKhin said...

လွမ်းရဲတာ..နဲတဲ့သတ္တိမှတ်လို့....

ဧရာဝတီသား said...

ပါးလုံးပြောတိုင်း အတိုင်းပဲ မြင့်မယ်လို့ထင်ထားတာ၊ အမှန်ပဲ နားမလည်ပြန်ဘူး၊ ဒါပေမယ့် နင့်နင့်သည်းသည်း လွမ်းနေမှန်းနေမှန်းတော့ သိတယ်။

ဆောင်းယွန်းလ said...

ကဗျာလေးက လန်းလှချည့်လား ကိုယ့်ညီရေ...

စည်သူ said...

စတားအပေါ်
ခရော့ ဖြတ်သွားတာပေါ့

အင်....
တွေးစရာပဲပေါ့ဗျာ..

ပျော်ရွှင်ပါစေ နောင်ကြီးရေ..

မိုးခါး said...

ငါတို့ အကောင့်မှာဆိုရင်တော့ * ကလည်း မြှောက်တာပဲ x ကလည်း မြှောက်တာပဲ
လွမ်းပြီးရင်းလွမ်း လွမ်း လွမ်း ..
မောပ :P

desertraindrops said...

နယူးကလီးယားနဲ့တောင် လွမ်းရဲတယ်ဆိုပဲ။ တယ်အချစ်ကြီးသကိုး။

သဇင်ဏီ said...

nice poem .. :)