" ရင် . . . ကွဲ . . . ရုံ "

|


( ၁ )

ကံကြမ္မာဆိုတဲ့  အသဲကွဲ MeLoDy က
အဖြူရောင်သစ္စာကို ရွှက်လွှင့်ရင်း
တစ်အချိုးနှစ် ကို ပြောင်းပြန်လို့ 
အယူခံနှလုံးသား ၀င်လိုက်တယ် . . . . .

အိမ်မက်တွေသေနေတဲ့ 
ရင် . . . ကွဲ . . . ရုံ မှာ
နတ်ဆိုးများအား အ၀ါရောင်ပန်းမပေးရ . . . . .

( ၂ )

ခိုလှုံရာရင်ခွင်မဲ့ နေတဲ့ 
သန်းခေါင်ယံ သစ္ဆေတစ်ကောင်ရဲ့  တိတ်တခိုး
ထွက်ကျလာတဲ့  မီးစုန်းတွေကြောင့်
ငါတစ်ကိုယ်ရေ လင်းသွားတဲ့  ည . . . . .

ငါမှာ . . . တစ်ယောက်တည်းဖြစ်နေရတဲ့ အထဲ
ဆောင်းဥတုပါပျောက်သွားတယ်
ဒီလိုအချိန်တော့  ကန်တော်ကြီးထဲ မဆင်းပရစေနဲ့ 
ကြယ်တွေထကကြလို့  " ငါး " တွေမျက်ရည်မြေခမှဖြင့်
ငါ " မုတ်သုန်မြို့ " ကိုဖျက်ဆီးသူဖြစ်နေပါအုံးမယ် . . . . .

( ၃ )

ပန်သစ္စာတွေနဲ့  ပျိုးထားတဲ့  ဆပ်ပြာပူဖောင်းလေးတစ်လုံး
မီးပင်လယ်ထဲ မျောပါသွားခဲ့ ဘူးတယ်
ငါ လိုက်ဆယ်မယ်လုပ်တုန်း
မှိုင်းညို့ နေတဲ့  ကောင်းကင်ကြီးက ရီဝေေ၀ကြည့်ပြီးလှမ်းပြောတယ်
သံယောဇဉ်တွေသွန်ပစ်ပြီး အမုန်းနဲ့ ဆန်တက်သွားတာပါတဲ့ 

အချစ်မရှိတဲ့ တိုင်းပြည်မှာ
အမုန်းကို ငါ ခစားရင်း
အဓိပတိ လမ်းမကြီးကို ခေါက်တုံ့ ခေါက်ပြန်လျောက်နေမိတယ်
တကယ်တော့  . . .
ငါရောက်နေတာ " လမ်းဆုံ " မှမဟုတ်ဘဲ
" လမ်းဆုံး " ကိုရောက်နေတာပါတဲ့  . . . . .

( ၄ )

ကျောက်သင်ပုန်းတွေ မိုးထားတဲ့လေညှင်းလေးရေ
" အီကွေတာ " ဆိုပေမဲ့ " မိုးကုတ်စက်ဝိုင်း " ကိုနမ်းမရတဲ့ ဘ၀ပါ
ငါ ချွင်းချက်မရှိ လက်နက်ချပါတယ်
တို့ တွေ တိုးတိုးလေးဘဲ ငွေ့ ရည်ဖွဲ့ ကြတာပေါ့ 
သွားတော့ ဘေဘီ
ဟိုမှာ နေ၀င်ချိန်လေးတောင် အိပ်တန်းတက်သွားပြီ . . . . .

17 comments:

Anonymous said...

ဝေ့းးးးးးးးးးးးးးးးးးးးးးး
လာဖတ်တယ် နားမလည်ဖူး
ဖတ်လို့ တော့ကောင်းသာ
ဟန်ဆောင်ပြေားသွားဖူးနော်
နားမလည်တာ နားမလည်ဖူးလို့ ဝန်ခံသွားတယ်နော်
အဆင်ပြေပျော်ရွှင် ပါစေ

သူကြီးမင်း (တုံးဖလား) said...

ညီရေ..
နေ၀င်ချိန်လေး အိပ်တန်းမတက်ခင် ဘေဘီလေးကို အတင်းနှင်ထုတ်နေမဲ့အစား ချပြီးသားလက်နက်တွေကို ပြန်ရုပ်သိမ်းလိုက်ပါလား။ ဒါမှ အီကွေတာလေးဘ၀ မိုးကုတ်စက်ဝိုင်းကို နမ်းရှုတ်ခွင့်ရရှာမှာလေ။

ပျော်ရွှင်ပါစေ ညီ။

mysterysnow said...

ကိုမိုးစက်ရေ
စာသားတွေက နုဖတ်နေပါလား...
လမ်းဆုံလား လမ်းဆုံးလား...
သေချာကြည့်နော်...
မီးပွိုင့်တွေ့ရင် လမ်းဆုံ...
ရေအိုးစင်တွေ့ရင်လမ်းဆုံးပဲ သိလား...

နှင်း

မိုးခါး said...

ကြယ်တွေထကကြလို့  " ငါး " တွေမျက်ရည်မြေခမှဖြင့်
ငါ " မုတ်သုန်မြို့ " ကိုဖျက်ဆီးသူဖြစ်နေပါအုံးမယ် . . . . .

လိုက်မမှီဘူးဟေ့း)

ခရေညို said...

ကိုမိုးစက် ရဲ့ စာသားတွေက အရမ်းနူတာပဲနော်

စည်သူ said...

ပန်သစ္စာတွေနဲ့  ပျိုးထားတဲ့  ဆပ်ပြာပူဖောင်းလေးတစ်လုံး
မီးပင်လယ်ထဲ မျောပါသွားခဲ့ ဘူးတယ်
ငါ လိုက်ဆယ်မယ်လုပ်တုန်း
မှိုင်းညို့ နေတဲ့  ကောင်းကင်ကြီးက ရီဝေေ၀ကြည့်ပြီးလှမ်းပြောတယ်
သံယောဇဉ်တွေသွန်ပစ်ပြီး အမုန်းနဲ့ ဆန်တက်သွားတာပါတဲ့ 

ဟုတ်တယ် ကိုမိုးစက်ရေ..
စာသူးတွေ အရမ်းကိုမိုက်တယ်ဗျာ..

မော်ဒန်ဗွိုင်း လုပ်ရင်ကောင်းမလားလို့
ဂွတ်တယ်..

ခင်မင်စွာဖြင့်
စည်သူ။

တလနွန် said...

ညီရေ ရောက်တယ်ဟေ့။ စာသားလေးက ရွတ်လို့ ကောင်းတယ့် ။ အဓိပ္ပါယ်တွေကိုတော့ လိုက်လို့ မမှီသေးဘူးရယ်....

ခင်လျက်
တလနွန်

desertraindrops said...

မိုက်တယ်။ ကဗျာလေးက ထုံးစံအတိုင်း ကောင်းလျက်ပဲ။
" သွားတော့ ဘေဘီ ဟိုမှာနေ၀င်ချိန်လေးတောင် အိပ်တန်းတက်သွားပြီ " တဲ့။

နေ၀င်ချိန်ကို ငှက်ကလေးအိပ်တန်းတက်တဲ့ စကားလေးနဲ့နှိုင်းသွားတာလှတယ်။

may16 said...

ကဗျာလာဖတ်ပါတယ် လန်းလွန်းလို့လိုက်လို့မှီတော့ဘူး :P

may kyaw said...

တော်တော်ကောင်းတယ်...
အတွေးတွေ က မြင့်တော့ တော်တော်လိုက်ရတယ် ...

ငါ လိုက်ဆယ်မယ်လုပ်တုန်း
မှိုင်းညို့ နေတဲ့  ကောင်းကင်ကြီးက ရီဝေေ၀ကြည့်ပြီးလှမ်းပြောတယ်
သံယောဇဉ်တွေသွန်ပစ်ပြီး အမုန်းနဲ့ ဆန်တက်သွားတာပါတဲ့ 

အဲဒါလေး တော်တော်ကြိုက်တယ်

yangonthar said...

ကဗျာလေး ဖတ်သွားတယ် ဗျ လမ်းမဆုံး သေး ပါဘူး ဆက်လျှောက် ဆက်လျှောက် :))

Yu Ya said...

ကဗျာ လှလှလေး ဖတ်ရှုခံစားသွားတယ် ကိုမိုးစက်ရေ..
yu ya

emayarKhin said...

ကဗျာလေးကထိထိရှရှ....

rose of sharon said...

ဖတ်လို့အရမ်းကောင်းတဲ့ကဗျာလေးကို လာခံစားသွားပါတယ်

khun said...

ပေါက်ကရတွေတော့
မမန့်တော့ဘူးနော်........

ဖတ်လို့ကောင်းတယ်။

မချစ်ရ said...

ကျောက်သင်ပုန်းကိုဘယ်လိုလေညှင်းကမိုးလိုက်ပါလိမ့်

Angel Shaper said...

လှလှပပကဗျာလေး ကို သေသေချာချာ ခံစားပြီး ဖတ်သွားတယ်။