
( ၁ )
ကံကြမ္မာဆိုတဲ့  အသဲကွဲ
MeLoDy က
အဖြူရောင်သစ္စာကို ရွှက်လွှင့်ရင်း
တစ်အချိုးနှစ် ကို ပြောင်းပြန်လို့ 
အယူခံနှလုံးသား ၀င်လိုက်တယ် . . . . .
အိမ်မက်တွေသေနေတဲ့ 
ရင် . . .
ကွဲ . . .
ရုံ မှာ
နတ်ဆိုးများအား အ၀ါရောင်ပန်းမပေးရ . . . . .
( ၂ )
ခိုလှုံရာရင်ခွင်မဲ့ နေတဲ့ 
သန်းခေါင်ယံ သစ္ဆေတစ်ကောင်ရဲ့  တိတ်တခိုး
ထွက်ကျလာတဲ့  မီးစုန်းတွေကြောင့်
ငါတစ်ကိုယ်ရေ လင်းသွားတဲ့  ည . . . . .
ငါမှာ . . . တစ်ယောက်တည်းဖြစ်နေရတဲ့ အထဲ
ဆောင်းဥတုပါပျောက်သွားတယ်
ဒီလိုအချိန်တော့  ကန်တော်ကြီးထဲ မဆင်းပရစေနဲ့ 
ကြယ်တွေထကကြလို့ 
" ငါး " တွေမျက်ရည်မြေခမှဖြင့်
ငါ
" မုတ်သုန်မြို့ " ကိုဖျက်ဆီးသူဖြစ်နေပါအုံးမယ် . . . . .
( ၃ )
ပန်သစ္စာတွေနဲ့  ပျိုးထားတဲ့  ဆပ်ပြာပူဖောင်းလေးတစ်လုံး
မီးပင်လယ်ထဲ မျောပါသွားခဲ့ ဘူးတယ်
ငါ လိုက်ဆယ်မယ်လုပ်တုန်း
မှိုင်းညို့ နေတဲ့  ကောင်းကင်ကြီးက ရီဝေေ၀ကြည့်ပြီးလှမ်းပြောတယ်
သံယောဇဉ်တွေသွန်ပစ်ပြီး အမုန်းနဲ့ ဆန်တက်သွားတာပါတဲ့ 
အချစ်မရှိတဲ့ တိုင်းပြည်မှာ
အမုန်းကို ငါ ခစားရင်း
အဓိပတိ လမ်းမကြီးကို ခေါက်တုံ့ ခေါက်ပြန်လျောက်နေမိတယ်
တကယ်တော့  . . .
ငါရောက်နေတာ
" လမ်းဆုံ " မှမဟုတ်ဘဲ
" လမ်းဆုံး " ကိုရောက်နေတာပါတဲ့  . . . . .
( ၄ )
ကျောက်သင်ပုန်းတွေ မိုးထားတဲ့လေညှင်းလေးရေ
" အီကွေတာ " ဆိုပေမဲ့ 
" မိုးကုတ်စက်ဝိုင်း " ကိုနမ်းမရတဲ့ ဘ၀ပါ
ငါ ချွင်းချက်မရှိ လက်နက်ချပါတယ်
တို့ တွေ တိုးတိုးလေးဘဲ ငွေ့ ရည်ဖွဲ့ ကြတာပေါ့ 
သွားတော့ ဘေဘီ
ဟိုမှာ နေ၀င်ချိန်လေးတောင် အိပ်တန်းတက်သွားပြီ . . . . .