" တစ်ဦးပိုင်အကြည့် "

|

အချစ်က မွေးဖွားလာခြင်း ဆိုပေမဲ့ 
ဘယ်သူမှ မရေးတတ်တဲ့ အက္ခရာသုံးကြောင်းဟာ
ပန်းတစ်ပွင့်ရဲ့ ရနံ့ ခက်စစ်ပါပဲ . . . . .

အနမ်းပြာပြာ ရှီရှဲဒိုးမှာ
ငါဝှက်ထားစေချင်တဲ့  အလှအပတရားတွေနဲ့ 
ဖဲပွင့်ဖတ်လေး တစ်ချပ်ဟာ
ကမ္ဘာဦးကျမ်းစာတွေကို အေးမြစေရဲ့  . . . . .

ဒါပေမဲ့  . . .
ငါ့နှလုံးသား ရစ်သမ်မှာတော့
နွေခေါင်ခေါင်မှာ အတီးခံနေရတဲ့ 
" အရိပ်စစ်ဗုံသံ " လိုပါဘဲကွယ် . . . . .

ကောင်မလေးရေ . . .
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဘဲ
ငါ့...ကိုယုံကြည်ပေးပါ
ကောင်းကင်မြူခိုးတစ်လျှောက်
ကို့  အကြည့်တစ်ဖြောက်ကလည်း
ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိတယ်ဆိုတာ . . . . .


ကိုယ့် ချစ်သူဟာ အများဆိုင် နာမ်မဟုတ်ပါ တစ်ဦးပိုင် နာမ်သာ ဖြစ်ပါသည် သို့ သော်
ချစ်သူသည် သက်ရှိ ဒြပ်ရှိ ဖြစ်သဖြင့် အရာအာလုံး ကိုမူ မိမိသည် လည်းမပိုင်ဆိုင်ပေ
ထိုခံစားချက်မှ ဖြစ်ပေါ်ဖြာထွက်လာသောအချစ်အပိုဒ်ခွဲတစ်ခုကိုသ၀န်တိုခြင်းဟုဆိုလျှင် . . .

" မီးမှောင်မှောင်မှ နတ်သျှင်နောင်မိုးလင်းည ရင်ခုန်သံများ "

|

နွေလသံပေါက် နှင်းသောက်တဲ့ 
မိုးမခရင်ခွင်မှာ ရွက်ပုန်းသီးတစ်လုံးဟာ
မဟူရာကျောက်ရိုင်းတုံးရင်ကို တိမ်မင်တုံးလိုဖွင့်
တောင်ပြန်လေညှင်းလေးကိုစီးပြီး
အချစ်ရှစ်မျက်နှာက စစ်ကြေငြာလျက်
" ငွေစံအိမ်မင်းသမီးလေး " ဆီသို့ 
တိတ်တခိုးအခစားဝင်လာ၏ . . . . .

မှုန်ရီနေတဲ့ ဂီတမှာ မူယာကြော့ ဟာ
အချစ်ရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
" ပျားရည်မော်ကွန်း " ထိုးပြီး
အဲဒီစောင်းကြိုးပြတ်ရွာလေးကို
နတ်သျှင်နောင်ဝှက်ထားမယ် . . . . .

ဓာတုကလျာရဲ့ လေးတင်ပွဲမှာ
ပိုးသားအိအိ ဟီးရိုးဟာ
ဆောင်းမြူအိုးပေါက်မှာ မိုးကြိုးကိုအပေါက်ဖောက်ပြီး
သဲကန္တရ က " ရင်ဝှက်ပန်း " ကို
မြောက်ဝင်ရိုးစွန်းဆီသယ်သွားတယ် . . . . .

ခု . . . ကြည့်လေ
ဆိုလာရပ်ဝန်းက အက်ဒီဆင်မရှိတဲ့ ညတွေဟာ
နတ်သျှင်နောင်မိုးလင်းည ရင်ခုန်သံတွေကြောင့်
လောင်ဂျီကျူ့ မျဉ်းတွေပျောက်ပြီး
ဓာတုကလျာနုတ်ဘုတ်မှာ
ကျောက်စက်ကျစမ်းရေဟာ
ရေပန်းစားတဲ့ မင်းသားတစ်ပါးဖြစ်ခဲ့ ရပြီ . . . . .

သူမက . . .
ဖန်သားနန်းတော်
မဆုံးနိုင်တဲ့ ပဉ္စလက်
ခြောက်သွေ့ နေတဲ့ ရတနာတစ်ပါး
အသက်မရှုတဲ့  ပဟေဠိတွေနဲ့ 
အိပ်မက်အိမ်က နှင်းစက်ပိုးမျှင်ဟာ
ဒီဇင်ဘာယဉ်စွန်းတန်းနဲ့ အတူ
နတ်သျှင်နောင်ကို ပြုစားခဲ့ လေရဲ့  . . . . .

" ဖီးနစ်ပေးမဲ့  ' က ' ကြီး "

|


' က ' ကြီးဆိုတာ ကြုံဆုံဖို့ ပါ
ကွဲကွာဖို့ မဟုတ်ဘူး . . . . .

ငါဟာ . . .
" ဖီးနစ် " မီးနတ်သမီး ဖန်ဆင်းတဲ့ 
ကိုယ်သင်းနံ့ လေးကို ရှုရှိုက်မိရင်း
အရှင်လတ်လတ် ခူးခွင့်ရခဲ့ တဲ့ သူမို့ 
မိန်းကလေး တစ်ယောက်ကို
" အရူးအမူးချစ်တယ် " . . . . .

အနာဂါတ် " ဟားဗက်စ် " ချစ်ပုံပြင်မှာ
တီးကွက်တစ်ပင်တိုင်နဲ့  ကကြိုးမှာမြိုင်ထဖို့ 
ကျွန်တော့် အလင်းနှစ်သန်းပေါင်းများစွာကို
သံယောဇဉ်မို့ မို့ နဲ့  တည်ဆောက်ထားမယ် . . . . .

ဒီလိုနဲ့  . . .
ရက နှစ် တွေကြာ
နွေအလင်္ကာမှာ
ကဗျာတစ်အုပ်ကို ပူဖောင်းလိုမှုတ်ပြီး
အိုအေစစ်ရင်ခွင်နွေးနွေးကို
ခုတည်းက
ခပ်ထွေးထွေး ပွေ့ ထားချင်မိပြီ . . . . .

" နှစ်ချို့ သခင် " ( ကဗျာရှည် )

|

( ၁ )

ကမ္ဘာပျက်စက္ကူ တစ်ရွက် . . .
နေမထွက်တဲ့  ညတစ်ညမှာ
ကြယ်တွေ လတွေ ခြံရံလို့ 
အိမ်မွေ့ ချ နတ်သမီးတစ်ပါး
တိုင်းတစ်ပါးသို့  ခရီးထွက်ချေပြီ
သိုဝှက်ထားသော နှလုံးအိမ်မှ နှင်းသိုးများ
တမန်တော်စေတန်မှ တဆင့် အခစားဝင်လာကြ၏ . . . . .

ယေဘုယျဝိဥာဉ်မဲ့  နွေခေါင်ခေါင်ဂီတကို
ပူဖောင်းကွဲသူတစ်ယောက်ဟာ
သစ္စာမီးအိမ်မှာ သီချင်းလုပ်ဆိုရင်း
ထာဝရအိပ်ပျော်ဖို့  ကြယ်တစ်လုံးကို
ပြုစားခဲ့  လေရဲ့  . . . . .

လေထုထဲ အသက်ရှုခြင်း ရပ်ခြင်းဟာ
ကမ္ဘာဦးကျမ်းစာအစမှာ
ဝင်သက် ထွက်သက် အဖြစ်
နှောင်းလူများက တွေ့ ခဲ့ ရလေပြီ . . . . .

ဒီလိုနဲ့  . . .
ပက်စီ အတွေ့ ထူးမှာ
နှလုံးသား အတုကို ရေရောလိုက်တယ်
" ဆေးဆိုးပန်းရိုက်တစ်ရှုး " ဟာ
ညဖြစ်လျက်နဲ့  မျက်မှန်ထူထူတပ်လာခဲ့ တယ် . . . . .

ပွင့်အားကောင်းတဲ့ 
နှင်းဆီဖူးမီးပြန်အလင်းကြောင့်
အပြုံးတစ်ဝက်မှာ အမုန်းတစ်သက်စာ
ကပ်လျက်ပါလာခဲ့ ရပေါ့ . . . . .

( ၂ )

အရှေ့ ဖျားအလှရဲ့  လှို့ ဝှက်ချက်မှာ
အီဂျစ်ကမာမီရဲ့  နှလုံးရောဂါအကြောင်းမပါဘူး
ဒါဟာ . . . ကဗျာဦးက
ခေတ်ဦး ပရိုင်းမိတ် တွေပေါ့ကွယ် . . . . .

ပြီးတော့ . . .
မာယာကော့စကီး ကဗျာတွေမှာ
လှည်းယဉ်ကြော့ကြော့လေး သော့သော့နှင်နေတဲ့ 
ဖုန်ထူထူတောသူမလေး အနမ်းတွေ
မပါခဲ့ ဘူး . . . . .

မူယာမာယာနဲ့  ပျိုးတဲ့ ရန်ကုန်မိုးအလှက
ဥာဏ်ဝါ ဥဏ်ပြာ တွေပါပေမဲ့ 
အနုသုခုမဆန်ဆန်ပွင့်တဲ့ 
အိုးမဲ့  အိမ်မဲ့  ဗာဒံရွက်ရှုတဲ့ လေမှာတော့
PH-7 မပြည့်ခဲ့ ဘူး . . . . .

ကျီးပေါင်းတက်နေတဲ့ 
ကျောရိုးမဲ့ သတ္တ၀ါဟာ
ပရောဂအမှိုက်မှာ အသိုက်ဖွဲ့ ဖို့ 
လေးသည်တော် မေတ္တာအနမ်းတွေနဲ့ 
၁၂ရာသီအလွမ်းကို ခေါင်းလောင်းသံနဲ့ 
ပစ်ခွင်းခဲ့ တော့ . . . . .

လကွယ်ညတိုင်းမှာ . . .
စောင်းအိုတစ်လက် ကြိုးခဏခဏပြတ်သလို
ကုဗပေကြားမှာ မုဒိတာပွားပြီး
ကျည်ဆန်မရှိတဲ့  ငါ့သေနတ်ပြောင်းဝမှာ
ခြင်္သေ့ တစ်ကောင်လို ရဲရဲရင့်ရင့်ဂူအောင်းခဲ့ တယ် . . . . . .

( ၃ )

အသက်မရှုတဲ့ လောကပါလတရားဟာ
ဗျတ္တရဲ့ ပန်းဆက်လမ်းကို ခမ်းနားစေခဲ့ သလို
ဒုဋ္ဌ၀တီမြစ်ရေစီးသံဟာလည်း
ကမ္ဘာကြီးမကောင်းကြောင်း
ဘယ်တော့မှ မသီကြူးခဲ့ ဖူးဘူး . . . . .

မြောက်ပြန်လေမှာပွင့်တဲ့ 
စပါးပျိုကိုယ်သင်းနံ့ လေးကိုချစ်ကြိုးသွယ်
ဘ၀ရဲ့ အဘိဓမ္မာမှာ
'ဓမ္မာ ' ' သောက ' ' အင်းဝ ' ' ရာဇာ ' ကိုလည်မှာဆွဲ
ဗင်းနစ်အချစ်ပွဲကိုသွားကြမယ် . . . . .

နတ်ဆိုးမလေးပေးတဲ့ အိမ်မက်မှာ
အလင်းမဲ့ နိယာမနဲ့  ကိုယ်ပျောက်ဝတ်စုံပါခဲ့ တယ်
ဒါပေမဲ့  . . . ဘေဘီလုံတော့
တကယ်မရောက်ဖူးသေးပါ . . . . .

ဗန်ဂိုးရဲ့ ဌက်များဟာ
ပုပ္ပါးနေ၀င်ချိန်ကိုမခံစားတတ်ကြသလို
ရွာရိုးကိုးပေါက်ပွင့်နေတဲ့  ဂန္ဓာမာပန်းခြောက်တွေကတော့
မြို့ ပြတစ်လျှောက် ဂျစ်ပဆီတစ်ယောက်လို
လေလွှင့်နေခဲ့ ကြပြီ . . . . .

ပါဠိစာလုံးတွေနဲ့  သင်ပုန်းကြီးကွဲအားမှာ
နောက်ဆုံးစာမျက်နှာကိုလှန်လှောရင်း
နွေယဉ်စွန်းတန်းလေးဟာ
ခင်ဗျားတို့ ထင်ထားတာထက်
ပိုအေးမြလေရဲ့ ဗျာ . . . . .

( ၄ )

ကံ့ကော်နဲ့  ၀တ်ဆံမပြေလည်မှုကြောင့်
တမာတွေခါးခဲ့ ရတယ်
ဒါဆိုရင် . . . လိုက်မဆုံနိုင်တဲ့ 
မျဉ်းပြိုင်နှစ်ကြောင်းမှာလည်း
လှည်းလမ်းကြောင်းကြီးတွေ
ရှိကိုရှိရမယ် . . . . .

ယမမင်းကဗျာရွတ်သံအဆုံးမှာ
အာခိမိတိ ပရင်စပယ်ဟာ
ပြန်လှန်သင်ကြားခြင်း မကျေတဲ့ 
ချောက်ကမ်းပါးထဲ နယ်နှင်ဒဏ်အပေးခံခဲ့ ရတယ် . . . . .

ဘယ်တော့မှ မမေ့ပါဘူး . . . မမေ့ပါဘူးကွယ်
လမ်းဆုံရောက်တိုင်း လမ်းပျောက်နေတတ်တော့
ဘ၀သင်ရိုးညွှန်းတမ်းမှာတောင်
ကြက်ခြေခတ်တွေနဲ့ 
အောင်မှတ်ကို ကပ်ရခဲ့ တယ် . . . . .

တိမ်ညိုနယ်နမိတ်ကို
ဖြတ်သွားဖြတ်လာလုပ်ရင်း
ပင်လယ်တစ်အုပ်ဟာ
ငွေမိုးညို ငိုကာစလို
လှတပတ်နွမ်း သက္ကရာဇ်အနမ်းနဲ့ 
တိမ်ဖြူတစ်အုပ်
ရှိုက်ထုတ်ပေးခဲ့ တာပါတဲ့  . . . . .

( ၅ )

ဖြူ နီ ပြာ ၀ါ . . . စာတစ်အုပ်
ဒြပ်ရှိ ဒြပ်မဲ့  ကိုပြောင်းပြန်လုပ်လို့ 
မာဃဒေ၀ကို ပိတ်
တိတ်တဆိတ်ဘဲ ကိုယ်အိပ်လိုက်တယ် . . . . .

ဘာမှန်းမသိတဲ့  အနာဂါတ်မှာ
မာရ်နတ်ပေးတဲ့  ကျမ်းတစ်အုပ်ကို
ကံမကုန်ရင်ပြန်ဆုံကြတာပေါ့လို့ 
လက်ဆွဲနှုတ်ဆက်မနေချင်ဘူး . . . . .

" အဝေးဆိုတဲ့  အဝေးကြီးကိုသွားဖို့  "
မှိုင်းညှို့ ညှို့ စကားလုံးတွေမှာ
ဂူရိုင်းတွေက အပြိုင်းအရိုင်းကြွေဆင်းလို့  . . . . .

ဥယျာဉ်မှုးမဲ့  ဧဒင်ဟာ
လောကမာယာ အဆိပ်ပင်ကြောင့်
ဂျစ်ပဆီမှတ်တိုင်တစ်လျှောက်
မိုးကတစ်ဖြောက် . . . နှစ်ဖြောက်
. . . တစ်ဖြောက် . . . နှစ်ဖြောက် . . . . .

( ၆ )

ကံကြမာဆိုတဲ့  ကားယားကောင်က
လောကမဖိတ်ဘဲ လောကဓံတရားတွေ
ပေးပြီး ပြန်သွားတတ်တယ်
ဒါပေမဲ့  . . . အမြဲတော့မဟုတ်ဘူးပေါ့
တစ်ခါတစ်လေတော့
မျက်လုံးစုံမှိတ် ယဉ်ကျေးပြသွားတတ်ရဲ့  . . . . .

အနမ်းတွေကို စာသီကုံး
ဂဏန်းနှစ်လုံးနဲ့  " ၀ " လုံးကို
" သုည " ဖြစ်အောင်ရေးခဲ့ မိတယ် . . . . .

ဘာဖြစ်ဖြစ် . . .
အဲဒီ " ၀ " လုံးကို
လိမာပါးနပ်တဲ့  လက်တွေနဲ့ 
ဝိုင်းအောင်ရေးတတ်ရမယ် . . . . .

ဘာကြောင့်လဲ . . . ဘာအတွက်လည်း
ဖြေလို့ မရတဲ့  ပုစ္တာများစွာဟာ
မနက်ဖြန်ဆိုတဲ့  စာမျက်နှာမှာ
ပျားရည်တစ်စက်လို
ချိုလောင်ပြင်းသ ရှ တ တ ဖြစ်မှာတော့
အသေအချာပါပဲ . . . . .

နေ့ တစ်နေ့  ခိုးယူခြင်းခံရတဲ့ 
မီးခိုးလက်က ကြာတစ်ပွင့်ဟာ
ခိုးကြောင် ခိုးဝှက်တော့
မပွင့်ကောင်းပါဘူး
အချိန် အခါ တော့လိုတာပေါ့
ခမ်းခြောက်ခါးနီး ရေပြင်မှာ
အချိန်နည်းနည်းလောက်
ခိုးထားဖို့  လိုမှာအမှန်ပါဘဲ . . . . .

( ၇ )

ဒီမြို့ ပျက်က . . .
လူမသိ သူမသိ မောင်းကွဲသံမှာ
နံပတ်မပါတဲ့  မြေပုံတစ်ရွက်
မီးတောက်မပါတဲ့  စုတ်ချက်တွေနဲ့ 
တစ်ယောက်တည်း မိုးချုပ်နေတယ် . . . . .

ပြာကျသွားတဲ့  အသက်ငွေ့ ငွေ့  မှာ
" ၀ိမုတ္တိ " ဟာကလောင်တစ်ချောင်းဆို
တို့ ခေတ်မှာ တို့ ယဉ်ကျေးမှုနဲ့ 
တို့ နှစ်လုံးသားကို ထုဆစ်ကြရမယ် . . . . .

ဘယ်နွေဦးပေါက်မှ ကိုယ့်မီးတောက်နဲ့ ကိုယ်
" မီး " ထမတောက်ဘူး . . .
ခြေထောက်တွေမှားသွားနေတဲ့  လမ်းတွေမှာ
လမ်းမှားတွေ မသွားမိစေဖို့ 
ကိုလိုနီရင်ဘတ်ကို ဒဏ်ပြင်းပြင်းခတ်ပါ . . . . .

မြောက်ပြန်လေနဲ့  ခရီးကြုံလိုက်တဲ့  တောင်ပြိုမိုး
တောကြီး မျက်မည်းထဲ လမ်းပျောက်နေတယ်
ဝေါ . . . ဝေါ . . . ဝေါ . . .
ငြိမ်းချမ်းရေး တောင်ပံတစ်ဖက်ခတ်လျက်
ပန်းတစ်ဆုပ်ကြဲလို့  ဖိနပ်ပါးပါးစီးလျက်ပြန်လာ၏
တောမီးကား ငြိမ်းခဲ့ လေပြီ . . . . .

သို့ သော် . . . သို့ သော်
နေကားဝင်တော့မည်
လှိုင်းတို့ ကားပြင်းထန်ဆဲ
" တောင်ကြီးဖ၀ါးအောက်
လှိုင်းကြီးလှေအောက် " ဟုဆိုလျှင်
သင်တို့ ၏ အိမ်ပြန်ချိန်ကို . . . အိမ်မက်တွေကို
မည်သူကအာမခံပါမည်နည်း . . . အာမခံမည်နည်း . . . . .

" ကိုလိုနီ နှလုံးသား "

|


" ရှန်ဘဲလား " အိမ်မက်မှာ
ဧဒင်ကချေသည် ရဲ့  နေမ၀င် အင်ပါယာမရှိဘူး . . . . .

ဗျူဟာမြောက် အချစ်ဝင်္ကပါနဲ့ 
စစ်တုရင်တစ်ပွဲ ရဲ့  စီးချင်းထိုးပွဲ ကိုခုတ်ထွင်ပေးပါ . . . . .

ဒီတိုက်ပွဲကျမှ ပွန်ပေတို့ ကလည်း ကဗျာမြေကြီးဆုံးရှုံးခဲ့ ရ

ခုတော့လည်း ဒီအလင်းမှာ ငါမှောင်ဖို့ 
" ကိုလိုနီနှလုံးသား " ကိုစတေးခဲ့ မိတယ် . . . . .

မှတ်ချက် . . . ရှန်ဘဲလားအိမ်မက် စကားလုံးအား ကိုချမ်းလင်းနေ ၏ ပို့ စ်
ခေါင်းစဉ်အား အသုံးပြု ထားပါသည်။

" သိုးဆောင်းတစ်လက်ရဲ့ ဒဏ္ဍရီ "

|


ဆောင်းစက်ပျို နန်းတော်ရာမှာ
" ပန်းမဉ္ဖူ " ယွန်းယွန်းဟာ ကဗျာကိုသွန်းတဲ့ 
နှစ်ချို့ ရာဇ၀င်များကိုတူးဖော်ရင်း
" စင်ဒရဲလား " ' က ' ကြိုး ' က ' ကွက်များနဲ့ 
အာရုံဦးသူရဲကောင်းကို ဗျက်စောင်းတစ်လက်နဲ့ ကြိုဆိုတယ် . . . . .

ကနုတ်တစ်ချက်ရဲ့ စုတ်ချက်တွေမှာ
အက္ခရာတွေ အစီအရီ ဖြန့် ကျဲထားတယ်
ရှေးဟောင်းရင်ဘတ်ရဲ့  " လှို့ ဝှက်ကျောက်စာ " ဟာ
အက်ကြောင်းရာကြောင့် တန်ဖိုးအားဖြင့်လျော့မသွားဘူး . . . . .

တစ်ခြမ်းပဲ့ ဝတ်မှုန်လေး လွင့်မျောမသွားဖို့ 
ကဗျည်းဖြူ ပိတ်ရောင်ပါးပါးမှာ
စကြာဝဋ္ဌာ ရဲ့  အမြင့်ဆုံးလမ်းကိုဖောက်
သံလွင်ခက်ကိုဆောင်းရင်း မိုးမလင်းခင်အိမ်မက်ချိုချိုမှာ
ပထမတန်းစား အချစ်သူရဲကောင်းတံဆိပ်တွေ အခါခါရခဲ့ တယ် . . . . .

အညောင်းမိနှလုံးသားရဲ့ ခံစားမှုသိုက်စာမှာ
' ရေ ' ' မြေ ' ' နေ ' ' လ ' တွေကွယ်ပျောက်နေပေမဲ့ 
" ကြယ် "တစ်လုံးရဲ့  အ" ဖြူ " ရောင်သစ္စာမှာတော့ " စင် " ကြယ်တဲ့ 
သမုဒ္ဒရ ၀ိရောဓိလေးများဟာ မှိတ်တုတ် မှိတ်တုတ် လင်းလက်လျက် . . . . .

ဆည်းဆာဝင်ရိုး စောင်းကြိုးနက်ချိန်
သိုးဆောင်းတစ်လက်ရဲ့  " ဧ က ရီ စာ " လွမ်းချင်းမှာ
ကြည်နူးဖူးတဲ့  လမ်းအိုဟောင်းလေးပါခဲ့ ဖူးတယ်
မဟူရာညမှာ မှည့်တဲ့  အလင်းနှစ်သန်းပေါင်းများစွာဟာ
မိုးသောက် သောင်ပြင်မှာ ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ် သီကြူးနေတယ် . . . . .

လွင်တီးခေါင်ပြင်က အလွမ်းတယောသံအဆုံး
ဂီတာ တစ်လက် ကြိုးပြတ်သွားသလို
အမြဲစိမ်းဂီတ ရဲ့  ကာရန်မဲ့  ယဉ်ကျေးမှုမှာ
မြို့ ဟောင်းတစ်လက် ပုံမပျက်ရှိခဲ့ တယ်
" လေရူးသုန်သုန် " မှာ" ဗီးနပ်(စ်) " ပေးတဲ့  အဖြူရောင်တောင်ပံတစ်စုံဟာ
" ဂျူးလိယက် " အတွက် စွယ်တော်ပင်ရိပ်အိုက " လ၀န်းပျို " ဖြစ်ပါစေ . . . . .

ဘလော့လောကမှ အနားယူသွားသော အမကြယ်ဖြူစင် က မွေးနေ့ လက်ဆောင်ကဗျာပေးပါရန်တောင်း
ဆို လာသဖြင့်အတတ်နိုင်ဆုံးရေးဖွဲ့ ပေးလိုက်ပါတယ် . . . . . ပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါစေခင်ဗျာ

" တနင်္ဂနွေ၏ အဖြူရောင်သတို့ သမီး "

|



ဆိုက်ပရပ်(စ်) အချစ်ပန်းတွေ ပွင့်တဲ့ 
" ခံစားမှု စိတ်ကူးယဉ်ပြတိုက် " တစ်ခုမှာ
နှစ်ဆယ့်တစ်ရာစု မော်ဒန်လက်ရာ
မာဖီးယား အချစ်ရုပ်ကြွင်း စစ်စစ်နဲ့ 
ဆိုက်ပရပ်(စ်) နတ်သမီးတစ်ပါးရှိတယ် . . . . .

ကောင်းကင်မှာနက္ခတ်တွေ ရှက်သွေးရောင်တောက်ပချိန်
ရွှေအိမ်မက်ကို ခြေကျင်းလိုဝတ်ဆင်လျက်
နှင်းမြှားတစ်လက်နှင့် " ခ၀ဲပန်း " တို့ ကိုပစ်ခွင်းကာ
ကဗျာဝိညာဉ်မှာ ကဗ္မည်းတင်ဖို့ လာသည့်
" တနင်္ဂနွေ၏သတို့ သမီး " . . . . .

မြင်းမိုရ်တောင် တစ်ဝက်တစ်ပျက်မှတ်တမ်းမှာ
ကမ္ဘာပျက်လို့  ဇာတာမှိန်ခဲ့ ရတဲ့ " ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ " ဟာ
" ဖယောင်းတိုင် " က မီးတောက်ကိုချစ်သလိုမျိုး
မေတ္တာတရား ခြေရင်းကို မှိုတစ်ပွင့်လို ၀ပ်စင်းခဲ့  . . . . .

" ဆောင်းရတုပွဲ " မှာ နှင်းစက်တို့ ဖားလျားချသလို
မျက်ရည်ကို စားတဲ့  ငွေကြယ်တစ်ပွင့် အပြုံးဟာ
ရွှေမြန်မာကို တစ်ကြိမ်တစ်ခါတော့ ခြုံလွှမ်းခဲ့  ဖူးတယ် . . . . .

ပွင့်လင်းခြင်းနောက် ရိုးသားမှု စာမျက်နှာက
" ရွှေနှင့်ယိုးမှားပန်းစကား " ရဲ့ " နိုဝင်ဘာ ၁၉ " ဟာ
ခံစားချက်ကို ရှေ့ တန်းမှာ အခိုင်အမာတပ်စွဲ
မိုင်ပေါင်းကုဋေက သစ္စာတရား ကိုဦးညွှတ်လို့ 
အောင်မြင်လိုက် ကျရှုံးလိုက် ဂုဏ်ပုဒ်များကိုတလှည့်စီဆုပ်ကိုင်ရင်း
ဘ၀ပညာမှော်ဝင်စားမှုကို ကဝေပျိုအလင်းနဲ့  ပိုလင်းစေခဲ့ တယ် . . . . .

ဘ၀သံသရာမှာ အရွက်ချင်းမတူပေမဲ့  ဒီအတိုင်းပွင့်ချင်တဲ့ 
လေကြို လေကြားက ပန်းရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲမှုကြောင့်
လောကဓံမှာ " စိတ် " စာမေးပွဲ " ကျ " ခဲ့တယ်
မီးလျှံစ တစ်ခုလို ပြာ ညို ယိမ်း ညှိုး ခဲ့ ပေမဲ့ 
ဂျူးလီယက်ဆီဇာ ပြက္ခဒိန်မှာတော့ " ဥမ္မာဒန္ဓိ " ဟာနာမည်ဆိုးနဲ့ မကျော်ကြားခဲ့ဘူး . . . . .

ကော်ဖီတစ်ခွက်ကို ဘယ်အချိန်ခမ်းခြောက်မလည်းလို့ 
အနီရောင်ပန်း တစ်ပွင့်ကို ခဏခဏ မေးတတ်သလို
ဒဏ္ဍရီ ပန်းချီကားတစ်ချပ်ကိုလည်း ရင်ဘတ်တစ်စုံနဲ့ 
ဝင်ကြည့်တတ်လောက်အောင် Romantic ဆန်တတ်ပေမဲ့ 
တစ်ခါ တစ်လေ တော့လည်း " လမသာတဲ့  ည " မှာ
စပျစ်ဝိုင်ထဲ ယဉ်ယဉ်လေး မူးနေတတ်သူ . . . . .

စိမ်း ဝေ လင်း မြ တဲ့  ပန်းညများမှာ
ရင်ခုန်ရခြင်း အလင်္ကာ ဟာ
ဥသြ ဌက်ရဲ့  တေးသံစဉ်ထက် ချိုမြလို့ 
ကိုယ့်ယဉ်ကျေးမှု နဲ့  အိပ်စက်နေသူလေး
အာငွေ့ မှုတ်သံကြားမှ ဇာခန်းဆီးကိုပိတ်
အချစ်ဆိုတာ " နှလုံးသားက ဂီတသံစဉ် " ပါတဲ့  . . . . .

လက်ဖ၀ါးနုနုမှာ အက္ခရာတွေ ဥ ထားတဲ့ 
လင်းတစက်စက် မျက်တောင်လေးရဲ့ 
ပန်းရောင်ပျပျ " နမ်းမ၀ " ဘ၀မှာ
" ပထမ " ဆိုတဲ့  အယူတော်နမိတ်ကို အပြုံးဂုဏ်ဒြပ်ထဲထည့်
ခံစားချက်ကို လက်ဆွဲ ရာဇ၀င်ထဲမှာ ခရီးဆက်အုံးမယ် . . . . .



ခင်မင်ရသော အမနမ်းမ၀ ( အဖြူရောင်နတ်သမီး ) မှ မွေးနေ့ မတိုင်ခင်တစ်ပတ်အလိုမှာ
ကဗျာ တောင်းဆိုလာသဖြင့် အမ၏ဘ၀ အားအတတ်နိုင်ဆုံး သရုပ်ပေါ်အောင်ကြိုးစားရေး
ဖွဲ့ ပေးလိုက်ပါသည် . . . အမအနေနဲ့ ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါသည် . . .

" လေညှင်းကြားက ပန်းဧကရီ "

|


ဒုတိယမြောက် ရဲရင့်ခြင်းအဖြစ်
စွယ်တော်တစ်ရွက်ကို လေနဲ့ လိုက်မှုတ်တယ်
စိန် ပန်း ပြာ က ကဆုန်ပေါက်လို့ ပြေးမလိုက်ဘူး . . . . .

" ဒေါက် " ကနဲ တံခါးခေါက်သံအဆုံးမှာ
ဇာတ်ညွှန်းတစ်ပုဒ် ပိတ်ကားပေါ်က ပြုတ်ကျလာတယ် . . . . .

စက္ကူလှေတစ်စင်း လှိုင်းတို့ ကိုတိမ်းမှောက်ပြီး
အာရုံဦး မှာ ခြေသံအချို့ 
နှလုံးအိမ် ကို ကမ်းကပ်လာကြတယ် . . . . .

ငါ့ရင်ခွင် ဆောင်းဦးလေပြည်မှာတော့
အငွေ့  တထောင်းထောင်း ထနေအောင် တုန်ရီနေလေရဲ့  . . . . .

" ဘီလူးပန်းစိုက် အက " ကြောင့်
စမ်းရေကား ခမ်းခဲ့ လေပြီ . . . . .

ငါ့ ၀ိဥာဉ်များ အက်ကွဲမသွားရအောင်
ဘယ်လိုအနမ်း နှင့် ဒီပန်းကို နမ်းရမည်နည်း . . . . .

ဒီကျည်တစ်တောင့် နဲ့  ဒီဂူမှာ ငါ အောင်းမယ်
" သူယောင်နတ်သမီးများမလာရ "
ငါပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်
ဝှက်ထားတဲ့  ဂူတံခါးတစ်ချပ် ပွင့်လာတယ် . . . . .

ငါ . . . တရှိုက်မက်မက် နမ်းရှိုက်လိုက်တယ်
ပန်းမျိုးတစ်ထောင်အောင်စေသည့် ချစ်သူရနံ့  သင်းပျံ့ ပျံ့ လေး . . . . .


" နီ. . .ကို. . .ရဲ သို့  ကဗျာတစ်ပုဒ် "

|

အနောက်ဘက်မြို့ ရိုးဆီက နေ၀င်သံဟာ
ဒီနေ့ မှ တော်တော်လေး ကျယ်လောင်ခဲ့တယ်
ရင်ခတ်ပန်းခင်းထဲက ဓားသွားတစ်လက်ကြွေကျသံအဆုံးမှာ
နက္ခတ်တစ်ဝက်နေကြတ်သွားတယ် . . . . .

ဒီတောတန်းလေးအဆုံးမှာ
" လွတ်ငြိမ်းချမ်းသာခွင့် " ရှိတယ် . . . . .

ဒီဆောင်းအိုရဲ့  ရိုးတံ ကြားမှာ
" နဂ္ဂတစ် " တွေ ပျောက်ဆုံးသွားကြတယ် . . . . .

လေညှင်းတိတ်တစ်ခိုး ရှိုက်သံတိုးတိုးနဲ့  အတူ
လမင်းရဲ့  ငြိုးငယ်နေတဲ့  မျက်နှာကိုပါတွေ့ ခဲ့ ရတယ်
တိမ်ညို တိမ်လိပ်တွေကတော့  ဟန်ဆောင်အပြုံးတာင်မပြုံးနိုင်ရှာဘူးထင်ရဲ့ 
ရိုးပြတ်တောလေးမှာတော့ တံတိုင်းရှစ်ခွင် မှိုင်း . . . ပြာ . . . ရီ မို့ လို့  . . . . .

ကြယ်အစင်းစင်းနဲ့  ထွေခင်းနေရတဲ့ 
ဟောဒီ ကမ္ဘာမြေရဲ့  အတွင်းနာဟာ
မျက်လှည့်ဆရာရဲ့  " မငြိမ်းသောမီး " ပြကွက်အဆုံးမှာ
ကြယ်ပြာရောင်အလင်းတန်း တစ်ခု ကမ္ဘာမြေနှုတ်ခမ်းကို အနမ်းနဲ့ နှုတ်ဆက်သွားတယ် . . . . .

ခေတ်သစ်ပျိုးတဲ့  လေထန်ကုန်းယဉ်ကျေးမှုမှာ
မုန်သုန်မြို့ ရဲ့  မှော်ဝင်နေတဲ့  စကားလုံးတွေနဲ့ 
" အိုဇုံးလွှာ " ကိုပြုံးစေခဲ့ တယ် . . . . .

" ကြယ်ကြွေသတို့ သား " ရဲ့  ဇာတ်ညွှန်းကို နီ ကို ရဲ ရေးတယ်
ဒီအတ္ထူပတ္တိကို အလင်းအားကောင်းတဲ့ ပြတင်းတံခါးနဲ့ ဖွင့်ကြည့်ရင်
အဲဒီ နှလုံးသားထဲမှာ ခုထိ " ကြွက် " တစ်ကောင်ရှိနေပါလိမ့် မယ် . . . . .



24.10.09 တွင်ကွယ်လွန်သွားသော လေးစားရသော ဆရာနီကိုရဲ အားအမှတ်တရ
ဓာတ်ပုံ အား မမနော်ဟရီ ဘလော့မှ ကူးယူဖော်ပြပါသည် . . .

" အလွမ်းတန်ဆောင်တိုင် "

|


ဝတ်မှုန်အချင်းချင်း ထိခိုက်ကျကွဲသံကြောင့်
ဂုဏ်သရေရှိ နံနက်ခင်းဟာ
ပန်းကလေးတွေ ရနံ့ မပြယ်ရအောင်
သူ့ ဥပဓိရုပ်နဲ့  လူကြီးလူကောင်းဆန်စေခဲ့ တယ် . . . . .

ခေတ်အဆက်ဆက်က ရှေးကျတဲ့ 
အဖြူရောင် ပါးလွှလွှ ကဗ္ဗလာခင်းတစ်အုပ်
ငါ့ ပြတင်းပေါက်နားက ခပ်ရွရွလေး အုပ်ဖွဲ့  ဖြတ်ပျံသွားကြတယ် . . . . .

ပြက္ခဒိန်ဟာ သွေးအေး သတ္တ၀ါတစ်ကောင်လို
တိတ်ဆိတ်ငြိမ်သက်ရင်း ငါ့ကိုစိုက်ကြည့်နေတယ် . . . . .

ထမင်းရည်ပူစီးမှာ ခေါင်သူကြီးမဖြစ်ခဲ့ပေမဲ့ 
ဌက်ပျောဖတ်နုနု နဲ့  ဗြောသံကဗျာကြားတိုင်း
ဗောဓိရွှေကျောင်းက " ကထိန် " ပုံရိပ်တွေမြင်ယောင်ရင်း
ကုန်လွန်ခဲ့ တဲ့  ရာစုနှစ်က နေ့ ရက်များကို
အလွမ်းတယောထိုးနေမိတယ် . . . . .

ဒါဟာ . . . သီအိုရီအရ
ကောင်းကင်မှာ ပန်းမပွင့်တော့တာမို့ 
လွမ်းကောင်း လွမ်းနေပါလိမ့်မယ် . . . . .

နတ်ဝှက်ခံရမှုကြောင့် မယ်ဇလီဖူးလေးတွေဟာ
ကြေးစားမဆန်တဲ့  လပြည့်ညရောင်အောက်မှာ
ပိန်းကြာရွက်ပေါ်ကရေလို ဆေးပေါင်းခပြီး တောက်ပနေကြပါလိမ့်မယ် . . . . .

ဒါပေမဲ့ ပေါ့လေ . . .
အမိမြေရင်ခွင်ခြားက ဆောင်းခိုဌက်တစ်ကောင်ရဲ့ 
အိပ်ရာဝင် ပုံပြင်အတွက်ကတော့
စည်း ၀ါး ကျချင်မှ ကျပါလိမ့်မယ် . . . . .

တစ်နေ့ နေ့ မှာပေါ့ . . .
ပြန်ရှာမရနိုင်တဲ့  အတိတ်မှာ
အရောင်မပြယ်တဲ့  ဘ၀ပန်းချီကားတစ်ချပ်ကိုဆက်ဆွဲရင်း
ဒီလို . . . တန်ဆောင်တိုင် ညမျိုးတော့ပြန်လိုချင်ပါသေးတယ် . . . . .


" ချစ်ရ တစ်ရက် လွမ်းရက် တစ်ရာ "

|



မြတ်လေးရုံ မှာ
စံပယ်ဖူးငုံလေးတွေ နှင်းစက်ဝေတော့
ရနံ့ မပြယ်တဲ့  ထိပ်ထားရဲ့  လက်ချောင်းလေးတွေဆုပ်ကိုင်ရင်း
" စစ်တစ်ပွဲ အချစ်ပွဲတစ်ရာ " နွှဲချင်မိတယ် . . . . .

ဂန္တ၀င် ပန်းပုရပိုဒ် မှာ
လမင်း ပန်လျက် ပြန်လာသော မိန်းကလေး
ငြိမ်းချမ်းရေး နဲ့  အိပ်စက်လို့ 
" ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ " ဝေးကွာပါစေ . . . . .

" ရင် . . . ကွဲ . . . ရုံ "

|


( ၁ )

ကံကြမ္မာဆိုတဲ့  အသဲကွဲ MeLoDy က
အဖြူရောင်သစ္စာကို ရွှက်လွှင့်ရင်း
တစ်အချိုးနှစ် ကို ပြောင်းပြန်လို့ 
အယူခံနှလုံးသား ၀င်လိုက်တယ် . . . . .

အိမ်မက်တွေသေနေတဲ့ 
ရင် . . . ကွဲ . . . ရုံ မှာ
နတ်ဆိုးများအား အ၀ါရောင်ပန်းမပေးရ . . . . .

( ၂ )

ခိုလှုံရာရင်ခွင်မဲ့ နေတဲ့ 
သန်းခေါင်ယံ သစ္ဆေတစ်ကောင်ရဲ့  တိတ်တခိုး
ထွက်ကျလာတဲ့  မီးစုန်းတွေကြောင့်
ငါတစ်ကိုယ်ရေ လင်းသွားတဲ့  ည . . . . .

ငါမှာ . . . တစ်ယောက်တည်းဖြစ်နေရတဲ့ အထဲ
ဆောင်းဥတုပါပျောက်သွားတယ်
ဒီလိုအချိန်တော့  ကန်တော်ကြီးထဲ မဆင်းပရစေနဲ့ 
ကြယ်တွေထကကြလို့  " ငါး " တွေမျက်ရည်မြေခမှဖြင့်
ငါ " မုတ်သုန်မြို့ " ကိုဖျက်ဆီးသူဖြစ်နေပါအုံးမယ် . . . . .

( ၃ )

ပန်သစ္စာတွေနဲ့  ပျိုးထားတဲ့  ဆပ်ပြာပူဖောင်းလေးတစ်လုံး
မီးပင်လယ်ထဲ မျောပါသွားခဲ့ ဘူးတယ်
ငါ လိုက်ဆယ်မယ်လုပ်တုန်း
မှိုင်းညို့ နေတဲ့  ကောင်းကင်ကြီးက ရီဝေေ၀ကြည့်ပြီးလှမ်းပြောတယ်
သံယောဇဉ်တွေသွန်ပစ်ပြီး အမုန်းနဲ့ ဆန်တက်သွားတာပါတဲ့ 

အချစ်မရှိတဲ့ တိုင်းပြည်မှာ
အမုန်းကို ငါ ခစားရင်း
အဓိပတိ လမ်းမကြီးကို ခေါက်တုံ့ ခေါက်ပြန်လျောက်နေမိတယ်
တကယ်တော့  . . .
ငါရောက်နေတာ " လမ်းဆုံ " မှမဟုတ်ဘဲ
" လမ်းဆုံး " ကိုရောက်နေတာပါတဲ့  . . . . .

( ၄ )

ကျောက်သင်ပုန်းတွေ မိုးထားတဲ့လေညှင်းလေးရေ
" အီကွေတာ " ဆိုပေမဲ့ " မိုးကုတ်စက်ဝိုင်း " ကိုနမ်းမရတဲ့ ဘ၀ပါ
ငါ ချွင်းချက်မရှိ လက်နက်ချပါတယ်
တို့ တွေ တိုးတိုးလေးဘဲ ငွေ့ ရည်ဖွဲ့ ကြတာပေါ့ 
သွားတော့ ဘေဘီ
ဟိုမှာ နေ၀င်ချိန်လေးတောင် အိပ်တန်းတက်သွားပြီ . . . . .

" ကန္တရ ပင်လယ် "

|


တစ်ပွင့် နှစ်ပွင့် ပန်ချင်ရုံလောက်နဲ့ 
ပန်းချစ်သူလို့  ပြောကြမလား
တစ်ခါ နှစ်ခါ လောက်ရှိုက်တတ် ရုံနဲ့ တော့
သမ္ဘာရင့် တဲ့ အနုပညာရှင် မဖြစ်နိုင်ပါဘူး
ကံကြမ္မာ မသိတဲ့  ၀ှက်ဖဲဆိုတာ
ဇာတ်ဆရာတိုင်း ကလို့ ရတဲ့  ခုနစ်ထွေ အကမှ မဟုတ်တာ
အလင်္ကာတွေ မစိုစွတ်တော့ တဲ့  ဒီကမ္ဘာကြီးမှာ
နှင်းဆီဖူးတွေကတော့ တဖြောက်ဖြောက်နဲ့  စိုရွှဲလို့ 
ကိုယ့် လေးညှို့ ကိုယ်ဆွဲထွက်ဖို့ ကြတော့လည်း
အက္ခရာတွေက ငါ့ကိုဝှက်ထားကြတယ်
တကယ်တော့လည်း ဒီမြို့ ပျက်ကြီးမှာ
ကိုယ့် ယဉ်ကျေးမှု နဲ့  ကိုယ် ရူးနေကြတာပါဘဲ
ဘာ ဖြစ် လဲ . . . . .
ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့ အားပေးမဲ့ လူရှိမှာပါ
ဟော . . . . .
ပြောရင်းနဲ့  မိုးပေါ်မှာ ကောင်းကင်တွေရွာချလို့ 
ကြယ်တွေ စီးချင်းထိုးနေလိုက်ကြတာများ
ပင်လယ်တောင် ကန္တရ ဖြစ်သွားရှာတယ် . . . . .

" နယူးကလီးယား အလွမ်း "

|

အချစ်ဆိုတာ . . . . .
အနုမြူ ဥယျာဉ်ထဲက
နယူးကလီးယား ပိတောက်ပွင့်လိုဘဲ

ဓူဝံကြယ် ကြွေတဲ့နေ့ က
စံပယ်တွေက ကပိုကရို
ဂမ္ဘီရ မီးအိမ်ရှင်က
ကဝေပျို အလင်းနဲ့ 
အက် တမ် တွေ ရွာ ချ . . . . .

( * ) ပြထားတဲ့  ငါ့ရင်ဘတ်ပေါ်
( x ) အမှတ်အသားက ကျော်ဖြတ်လို့ 
သခွတ်ပန်း တွေပွင့်သွားချိန်
ဒိုင် ယာ ရီ ထဲမှာ ငါတစ်ယောက်တည်း
. . . . . လွမ်း . . . ရဲ . . . တယ် . . . . .

" ပန်းညှို့ သခင်မ "

|


သံတူကြောင်းကွဲ ခံစားမှုနှစ်မျိုး ရှိပေမဲ့
စွယ်တော်ရွက်လို အချစ်မျိုးနဲ့ 
ပန်းလေးတစ်ပွင့် ဖန်ဆင်းပေးခဲ့သူ . . . . .

ဆောင်း
ဦး
ခေတ်
သစ်ရွက် ကြွေသံလေးလို
သင်း

မြ
မြ
နွေပန်းတို့  ပွင့်ဖူးသွားချိန် . . . . .

လူတစ်ယောက်ကို ပြုစားဖို့ 
ဘယ်လို နတ်ဘုရားဆီမှာများ
" နှလုံးလှ လူမိုက်ဆု " ဆုတောင်းမှားခဲ့ပါသလည်း
အို . . . နတ်မိမယ်လေးရေ . . . . .

အဖြေရှာဆဲ အိမ်မက်ကဗျာမှာ
မြူးနှင်းလေးတွေ မူးဝေသွားလို့ 
ရီဝေေ၀သျှတတ ဖြစ်သွားချိန်
ကံကကြမ္မာတွေက တော့လွဲကောင်းတုန်း . . . . .

ဆုံမှတ်တွေလွဲနေတဲ့ ကိုယ့်ရဲ့ ကွက်လပ်မှာ
မိုးစက်တင်လေ သီတာမျက်ဝန်းသခင်မရဲ့ 
စူးရှရှ ညှို့ အားတစ်သိန်း အကြည့် ကြောင့်
ကမ်းရိုး မိုးစက်မှုန်မှုန်ရီဝေ
အနောက်ဘက် မိုးတိမ်ဆီက
" ကောက်စိုက်သမ ဗုံကြီးသံ " ဆိုတာ
ငါ့ ရင်ခုန်သံများလား မိန်းကလေး ရယ် . . . . .