" နတ်သမီးကာရန် " ( ကဗျာရှည် )

|



( ၁ )

တစ်မိုးတစ်မြေအောက်က
မိုးခါးရေသောက် လူတစ်ယောက်
ဘ၀ရဲ့ ပြတင်းတံခါးကိုခေါက်တော့
တိုးလျဖြည်းညှုင်း
ခံစားချက်မြို့ ကိုခင်းကျင်းပြလိုက်တယ် . . . . .

ပြခန်းသို့ ယူဆောင်လာသည့်
ရွှေအိုရောင် လေညှုင်းပွင့်လေးများ
ဆုံးရှုံးမှု သိပ်သည်းဆကို
သိပ္ပံပညာရှင်များ မတွက်ချက်နိုင်ပါ . . . . .

ဒီလို . . . ကမ်းဝေးလရောင်
စိမ်းလဲ့လဲ့ အမှောင်မှာ
မျက်ရည်ငုတ်တုတ်နဲ့ 
ဝေးကွာမှုတွေ လောက်ငရဲ့ လား . . . . .

နာကျင်ခြင်းအမြစ်တွေကို
ကတုတ်ကျင်းနက်နက်မှာတွဲကုတ်
မှီတွယ်ရာ ချောက်ကမ်းပါးမှာ
မိုးစုန်းစုန်းချုပ်ခဲ့ သည် ။ . . . . .

( ၂ )

လိပ်ပြာတစ်ရွက် ကြာခွက်ထဲ
ဖူးဖက်နုအက် စဉ်တုန်းက
သောကကို စိုးကြောက်
မာနတရားကို ပန်းနှင့်ပေါက်ရင်း
ခြေမြှေုာက် လက်မြှေုာက်
ရှိုက်ငိုခဲ့ဖူး၏ . . . . .

အလင်းတဝေေ၀နဲ့ နှင်းစက်လေးတွေကိုမှ
အရသာခံသောက်ချင်တဲ့ မြက်ခြောက်ပင်လေးရေ
အကြွေမရဲတဲ့ ဇီဇ၀ါပန်းလေးတွေအပေါ်
သူ့ ဝင်သက် ထွက်သက်လေး
သွားတင်ထားမိသူပေါ့ . . . . .

အဲဒီတုန်းက . . .
လက်သည်းအကြေးခွံလေးတွေကို
အရောင်ခြယ်သ မန်းမှုတ်ဖို့ အတွက်
နေ့ ခင်းကြောင်တောင်လေးတောင်
မစိမ်းလန်းခဲ့ ရတဲ့ 
ဟောဒီ . . တောအုပ်လေးပါ . . . . .

ခုတော့လည်း . . .
ကြက်ခြေခတ်၏ ဆုံမှတ်အရပ်
ကလေးဘ၀က
ခင်တန်းကွေ့  ရှမ်းလမ်းလေးမှာ
ဆွေးဖွယ်ပန်းများ လွှမ်းခဲ့ပါပြီ ။ . . . . .

( ၃ )

နေ့ ရက်တွေကို ချိန်စက်
ဂျူးလိယက်ဆီဇာထွင်ခဲ့တဲ့ ပြက္ခထိန်ထက်
အမဲရောင်ဈာပနလေး ၀တ်ဆင်ထားတဲ့တစ်ရက် . . .

ရက်စက်သွယ်ပြောင်းတဲ့
လောကဓံလက်ချောင်းတွေက
မီးပြောင်းပါးစပ်နဲ့ ခူးစားချိန်
" ဆာတေးရီးယန်း " မြက်ပင်ရှည်ဟာ
ဆုံးရှုံးမှု သစ်ရွက်တွေမရှုမလှနဲ့ 
တုန်ယင်စွာ လူးလွန့် ထွက်ခွာသွားရပေါ့ . . . . .

ကျန်ခဲ့တာမှ . . . ညအိပ်ကြယ်ပွင့်လေးတစ်လုံး
တိမ်ညို တိမ်မဲ တွေဖုံးသွားတော့
မျက်စိကိုစုံမှိတ် နားနှစ်ဖက်ကိုပိတ်
ထိုခဏ . . အပ်ကျသံမကြား
လောက ကိုကား
အနက်ရောင်လွှမ်းသွားလေတော့၏ . . . . .

လူငယ်ဘ၀ရဲ့ အရိပ်မဲ့သစ်တစ်ပင်မှာ
သင်ဆိုလျှင်ရော အိပ်ဝံ့ပါမည်လား
ရီးဝေမှိုးအုပ်
ဟော ဟိုး အနောင်တောင်မှာ
ငွေ့ ရည်တွေ တစ်အုပ်ပြီး တစ်အုပ် . . . . .

ပစ်ရင်း ခတ်ရင်း ထိုးဖောက်ရင်း
ကျည်ဆန်တွေကြား မထိဘဲရခဲ့တဲ့
သွေးမဲ့ဒဏ်ရာနှစ်ချက်
ဖြေသိမ့်ဖို့  သိပ်ခက်လို့ 
ချို ချဉ် ငန် စပ် အရသာဓာတ်ကြား
ခုအခါ ဘ၀များစွာထမ်းပိုးခဲ့ပြီ ။ . . . . .

( ၄ )

အို . . . အဆွေခင်ပွန်း
သောတရှင်အပေါင်းတို့ 
မမြင်မိတဲ့ အသံကိုခေါင်းအုံးအိပ်ခြင်းမှာ
တစ်ဝက်မှိုတက်ခြင်း ခံရတဲ့
တိတ်ဆိတ်ခြင်းတွေ ကပ်ပါလာတတ်ကြတယ် . . . . .

အိပ်မက်တွေ မက်တစ်ဝက် အိပ်တစ်ဝက်မှာ
အရိပ်လေးတစ်ရိပ် ဖိတ်စဉ်ကျတာတောင်
ကြည်ကြည်လင်လင်စီးမျောခွင့်မရခဲဘူး
ဝင်္ကပါတောက မှော်နတ်ဘုရား "မ" စတော်မူပါ . . . . .

အစိုးမရသောကြမ္မာစက်ဝန်းထဲ
ဓားတောင်ကိုကျော်ဖြတ်
မီးပင်လယ်ကိုကျော်ဖြတ်
ရိုးသားခြင်းအဖြူရောင်တံဆိပ်ထပ်တာတောင်
မအောင်မြင်ခဲ့ဘူးကွယ် . . . . .

ဒါပေမဲ့  . . .
လေပြွေ လမ်းကြောင်း
ဘယ်ကို ပြောင်းပြောင်း
သံမှုန်လိုချည်း ငါ့စိတ်မှာညည်းနေမိတာ
ငြိမ်းချမ်းခြင်း တစ်ခုတည်း
ငြိမ်းချမ်းမှု တစ်ခုရယ်ပါ ။ . . . . .

( ၅ )

အတိတ်၏အရိပ် အရိပ်၏တစ္ဆေ
ပြဇာတ်မဟုတ်တဲ့ စက်ကပ်ထောင်ချောက်မှာ
မျက်လှည့်ဆရာတွေက ကြွေအံခေါက်
စည်းစိမ်ဓနကို ဘတ်ကောက်လို့ 
ဒုက္ခတွေ တပ်ခေါက်ဖို့ ကျ
နည်းနည်းမှထောက်ပံ့မပေးခဲ့ကြဘူး . . . . .

နေကွယ်ရထား " ပိုးကိုက်ဓား " နှင့်
ထိုးစိုက်သွားသော သရဲကောင်းကြီးများ
" ယမမင်း " ကိုဒူးတိုက်ဖို့  ခေါ်စာလွှတ်လိုက်မယ်
ခုချက်ချင်းတမလွန်သို့  ဦးစိုက်ပါ . . . . .

သို့ သော် . . . သို့ သော်
အမုန်းမဲ့မျက်ဝန်းများ၏ သုညတ္တအင်အား
ငါ့အား . . . ဆွဲခေါ်
မိုး၏အမြင့် လေ၏အဆန်
ငါ့စိတ်မှန်ကား
ခွင့်လွှတ်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ . . . . .

" ဗုဒ္ဓဘုရား " ပေးတဲ့ " တရားရိပ် " မှာ
" ဓမ္မတေး" ကိုဖွဖွ ရွတ်
ငါ့စိတ်လှံသွားတွေ ခွေညွှတ်တော့မှ
အာဃာတကိုဖြေလျော့
ငါ့စိတ်ကို ငါပြန်ကန်တော့ပါမည် ။ . . . . .

( ၆ )

သြကာသလောကတစ်လျောက်
ကြိုးတန်းလမ်းလျှောက်
လူတစ်ယောက်အတွေ့ အကြုံဟာ
ထန် ကရိုဏ်း ကျနေလေရဲ့ 
ငါ ဘယ်သင်ပုန်းကြီးမှ မကြောက်တော့ဘူး . . . . .

ရန်ကုန်မှာ " မိုး "
မန္တလေးမှာ " နွေ "
ပြည်မှာ " ဆောင်း "
ရင်မှာ " ဒဏ်ခံကြိုးတစ်ချောင်း " နဲ့ 
မြေထောင်းရနံ့ သင်းပျံ့ နေတတ်ပြီ . . . . .

ကြေမွမှုများစွာ
မပြောချင်တဲ့ အက္ခရာတွေ တစ်ပွေ့ တစ်ပိုက်
ဂန္တ၀င်ရှင်ကြီးများရယ်
ဘ၀သရုပ်ဖော်အတွက်ဆို
ခုရင်ဘတ်အမှန်ကို ဆွဲထုတ်ပြလိုက်မယ် . . . . .

လောကစာမျက်နှာကို
ဘ၀မျက်နှာနဲ့  မြင်အောင်ကြည့်တတ်ဖို့ 
ဂျစ်ပစီမိုးတိမ်မှာ ငွေမင်ရည်ဖုံး
အကြည်လင်ဆုံး ထိုးချဖောက်ခွဲလိုက်တယ်
ရာစုတစ်ထောင် အလင်းကိုဆောင်ရပါစေ ။ . . . . .

( ၇ )

အထီးကျန်တောင်ကိုမှ ပိုင်စိုးဖို့ 
စေလွှတ်တဲ့ " နွေနတ်သမီး " ရေ နေပါစေတော့
အာခေါင်တွေခမ်းခြောက်လို့ 
မိုးကုတ်စက်ဝိုင်းပေါ် ငါ့မျက်ရည်တွေ
သက်ရောက်တဲ့အခါ
ငါ့ကိုစောင့်ရှောက်ဖို့  လူတစ်ယောက်လွှတ်ပါ . . . . .

မော်ဒန်ခေတ်မှာ ဆာဟာရကသဲတွေ
အာဟာရဖွဲ့ စည်းပြသလို
" မာကိုနီ " ဆောင်းအိပ်မက်နဲ့ 
စိတ်ချင်းဆက်သွယ်ပြတာ
ငါတွေ့ ဖူးပြီ . . . . .

ကြောက်ခမန်းလိလိ လှပတဲ့
မီးတောင်ပေါက်ကွဲမှုကနေ
မိုးကြိုးတွေကြွ မီးစုန်းတွေပြ
ကွန်ယက်တွေရှင်းတဲ့ညက
ထင်ယောင်ထင်မှား ငါတွေးနေမိတာ
ငါဟာ . . . " ဗီးနပ် " ရဲ့ ကိုယ်ပွား
အချစ်နတ်ဖုရားမ တစ်ပါးဖြစ်နေရော့ သလား . . . . .

အဲဒီညဟာ . . .ဒိုင်ယာရီထဲမှာ
ထာဝရရှိုက်မွှေးလွမ်းဆွတ်ရမဲ့ 
ပင့်သက်စိုက်ငေး ပန်းလေပြေအေး
ညတစ်ညဘဲဖြစ်မယ် . . . . .

( ၈ )

ခွာညိုတောင် တန်ဆောင်မုန်းမှာခိုအောင်း
မွှေးနံ့ သာတွေစုပေါင်းလို့ 
ကြင်နာတတ်သူ တစ်ယောက်အကြောင်းမှာ
ရနံ့ ခက်စစ်ကို ဘာသာပြန်ဖို့ 
လောက်ငတဲ့ရင်ဘတ်တစ်စုံနဲ့ 
ပြင်းရှတဲ့ ရူးသွပ်မှုမျိုးရှိတယ် . . . . .

ငါ့စိတ်ကိုက အလိုရယ်ပါ
မိုးလုံလေလုံ . . .
တယ်လီဖုန်းသံလေးကြားရင်တောင်
မျက်ရည်တွေ ကအလိုလိုရွှဲနစ်
ကဗျာတွေကို သိပ်ချစ်မိနေတတ်တယ် . . . . .

ချိုမြိန်ခြင်းဆက်ထုံးတစ်ခု
ငါ့ယဉ်စွန်တန်းကိုလာလုတော့
ချစ်သောလျှပ်ကူးမျှင်လေးရယ်
" စောရအိုင် " မှာ တူနှစ်ကိုယ်မြိုင်ရပါစေတော့ . . . . .

ဆင်ယင်လိုသဖြင့် ဆွတ်မဲ့ဟန်ချီ
ဥယျာဉ်တော်က " ပန်းစားမင်းသား "
ပစ္စုပ္ပန်အတွက် ခူးယူရန်စိုက်ထားသောပန်းများ
ဆက်သတော်မူပါ . . . . .

သူ သူ ငါ ငါ မန်းမှုတ်လို့ 
ဥယျာဉ်တော်မပုပ်ရအောင်
ရာဇအမိန့် တစ်စောင်ပါးလိုက်မည်
" အရှင်စောင့်ကြပ်တော်မူပါ " ။ . . . . .

( ၉ )

ဘယ်အချိန် ဘယ်နေရာ ဘယ်ဒေသ
ဘ၀ရဲ့ အရသာကို အဓိပ္ပာယ်ရှိစွာစံ
အတက်အကျမှန်တဲ့ နဒီရေလှိုင်းလို
ပျော်ရွှင်စွာ ပျံဝဲနိုင်မလဲ . . . . .

စီးမျောရာ ဗေဒါလမ်းမှာ
မနေ့ ကလိုအလွမ်းတွေနဲ့ 
ဝါဖန့် ဟောင်းနွမ်း
နေ၀င်မီးလုံးလေးကို ထမ်းပြီး
ဖြတ်သန်းမှုမှတ်တမ်းကို စီချယ်ခဲ့ပြီ . . . . .

အပြင်း အပျော့  / အပူ အအေး
လေ မိုး ရေ / နွေ မိုး ဆောင်း
အခိုး အငွေ့  အရွေ့ 
အတွေ့ အကြုံ အမှုန်အမွှား
ရူးသွပ်စွာ ခူးဆွတ်ခဲ့ဖူး
နူးညံ့စွာ စွန့် လွှတ်ခဲ့ ဖူးပြီ . . . . .

" ပန်းညိုမျိုး ချိုးလေစည်လေ "
မုတ်သုန်ဘူတာရုံအမှတ် ( . . . )
" ဂီရိခေတ် " က ကျန်ခဲ့သောနှစ်များ
ဘ၀ရဲ့ ဒဏ်ခံအား
မာကျောခြင်း ဂုဏ်သတ္တိများမြင့်မားခဲ့ပြီမို့ 
" စံပယ်တစ်ပွင့် "လို . . .
တကယ်ပွင့်မယ်ဆိုရင် တင့်တယ်စွာပွင့်နိုင်ခဲ့ပါပြီ ။ . . . . .။





10 comments:

အဖြူရောင်နတ်သမီး said...

အဖြူရောင်နတ်သမီး said...

ကျေးဇူးအရမ်းတင်ပါတယ် မိုးစက်ရေ..
အမရဲ့မွေးနေ့မှာ အမရဲ့ဘဝ အကြောင်းကို ကဗျာအဖြစ် ပြောင်းလဲပုံဖော်ပေးခဲ့တဲ့ “နတ်သမီးကာရန်” ကို တန်ဖိုးအရှိဆုံး မွေးနေ့လက်ဆောင်အဖြစ် ထာဝရသိမ်းဆည်းထားမှာပါ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

နတ်သမီးရဲ့ မွေးနေ့ကဗျာရှည်က သက်ဝင်လှပနေလိုက်တာ
လက်ဆောင်ရတဲ့ နတ်သမီးတော့ သိပ်ပျော်သွားမှာ မြင်ယောင်မိသေး
မောင်လေး မိုးစက်နဲ့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်
ပျော်စရာမွေးနေ့ဖြစ်ပါစေ
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်
နတ်သမီးရဲ့ ချစ်သူနဲ့ ပျော်ရွှင်စွာ ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေ....
အများက အားကျရတဲ့ တူနှစ်ကိုယ်ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေလို့

ခင်မင်တဲ့
မချော

ခင်မာလာအောင်(so cool ) said...

ဒီလောက်ရှည်ပြီး အဓိပ္ပါယ်ရှိတဲ့ကဗျာ
ဒိုင်ယာရီဆို တစ်လလောက် အားထုတ်ရလိမ့်မယ်...
ဆက်လက်ရေးသားနိုင်ပါစေ အကို

Anonymous said...

ကဗျာလေးကိုအားပေးသွားပါတယ်..

Anonymous said...

ညီမ ဖတ်ဖူးခဲ့သမျှ ထဲမှာတော့ ဒီကဗျာလေးက အရှည်ဆုံးပါပဲရှင်။
ကဗျာရူး ကျွန်မ အတွက် တချက်တချက် အသက်
ရှူဖို့ တောင် မေ့တယ်။ တကယ်။ ကဗျာထဲက စာလုံး
တိုင်းက လေးနက်လွန်းလို့  အတွေးတွေနဲ့ ခံစားချက်
တွေမျောသွားတာ။ အမ နတ်သမီးလေးတော့..
ပီတိလေးတွေနဲ့  မျက်ရည်တောင် ဝဲနေမလားပဲ။

ကောင်းလွန်းတယ်..အစ်ကို ။ :)
...ခင်မင်လျှက်...ခင်မာလာအောင်..:)

Beauty Studio USA Branded Store said...

ကဗျာရှည်လေးလာဖတ်တယ်ညီရေ။ မွေးနေ့ရှင်လဲ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။

Cameron said...

noblemoe said...

ကဗျာလေးလည်းကောင်း
မွေးနေ့ရှင်လည်း ကျမ်းမာပျော်ရွှင်ပြီးသာယာချမ်းမြေ့ပါစေရှင်း
မိုး

မောင်သီဟ said...

အားပါး ဂွတ်တယ်ဗျာ့
ကဗျာရေးရင် အဲလိုကဗျာရှည်တွေရေးတတ် ချင်တယ် တခါမှ မရေးနိုင်ဖူးရယ်
အားကျတယ်ဗျို့
နတ်သမီးမမတော့ ပျော်ရောပေါ့