" ပန်းသွန်းကဗျာ "

|




" လရောင်ကို " ကြိုဆိုရတာ
" ဆည်းဆာ " ကို နှုတ်ဆက်ရတာထက်
ပိုအေးမြတယ် . . . . .

ကဗျာစပ်ရတာကတော့
လေထုထက်ပိုလွတ်လပ်ပါတယ် . . . . .

သဘာဝတရားကနေ
စိမ်းလန်းခြင်းတွေပေါက်ဖွားလာမယ် . . . . .

မျှော်လင့်ခြင်းမရှိရင်
ရှင်သန်မှု ခြောက်ပါး
ပျောက်ကွယ်သွားလိမ့်မယ် . . . . .

ရေနွေးလေးကိုစောင့်ရင်း
လေပြေနဲ့  မှေးစက်နေမယ် . . . . .

ဒီလိုနဲ့  . . .
" နွေဦး " ရဲ့ " တေးဆိုသံ " ကို
နှလုံးသားထဲကနေ တို့ တတွေ
ကြားရပါလိမ့်မယ် . . . . .

17 comments:

ခရေညို said...

ကဗျာလေးက အရမ်းကို နူးညံ့တာပဲ :)

သဒ္ဓါလှိုင်း said...

khun thadar said...

ချော(အစိမ်းရောင်လွင်ပြင်) said...

လရောင်အောက်မှ ကဗျာစပ်ရတာ ကဗျာဥာဏ်တွေပိုကွန့်မြူးတယ်လို့ ကြားဖူးတယ်
ဘာဘဲဖြစ်ဖြစ် လရောင်ဟာ လူတွေရဲ့ စိတ်ကိုတောင် ပြောင်းလဲစေနိုင်စွမ်းရှိတယ်တဲ့။
မိုးစက်အိမ်ကရော
လရောင်အောက်မှာများ ကဗျာကိုရေးတာလားလို့
ကဗျာတွေက ဖတ်ရတာ တကယ်ကိုကောင်းပါတယ်..

Cameron said...

စန္ဒကူး said...

ကူးတောင်ကဗျာဖတ်ပီး ဖရောင်းလို အရည်ပျော်ကျတော့မယ်...

အဲလိုနူးညံ့သိမ်မွေ့တာ.. မိုးစက်ချစ်သူက အရမ်းကံကောင်းတာဘဲ..

သူကြီးမင်း (တုံးဖလား) said...

မြစ်ကျိုးအင်း said...

အင်ကြင်းသန့် said...

သိပ်ကိုနူးညံ့သိမ်မွေ့လှတဲ့ကဗျာလေးတစ်ပုဒ်ကို လာရောက်ခံစားသွားပါတယ်။

သိင်္ဂါကျော် said...

နွေဦးရဲ့ တေးသံကို နှလုံးသားထဲက ကြားချင်ပါတယ်..

poemflower said...

ကိုမိုးစက်ရေးထားတဲ့ ကဗျာတွေထဲမှာ ဒီကဗျာ ကို အကြိုက်ဆုံးပဲ

သုခုမလေဒီ said...

ကလောင်သွေးတွေ ထက်နေပါလား...

Anonymous said...

မျှော်လင့်ခြင်းမရှိရင်
ရှင်သန်မှု ခြောက်ပါး
ပျောက်ကွယ်သွားလိမ့်မယ်.....

...............

ရေနွေးလေးကိုစောင့်ရင်း
လေပြေနဲ့  မှေးစက်နေမယ်.......

:)......ကြိုက်၏။ ခင်မင်လျှက်..ခင်မာလာအောင်...:)

မောင်သီဟ said...

အမြဲနုရွနေတာပဲဗျာ
ကြိုက်တယ် ...


မောင်ဘကြိုင်

blackroze said...

မျှေည်လင့်ခြင်းမရှိရင်
ရှင်သန်ခြင်းခြောက်ပါး
ပျောက်ကွယ်သွားလိမ့်မယ်...


အဲဒါလေးအကြိုက်ဆုံးဘဲ...
လူဆိုတာမျှော်လင့်ချက်နဲ့ရှင်သန်နေတာလေ

အဖြူရောင်နတ်သမီး said...

နွေဦးရဲ့တေးဆိုသံကို ကဗျာထဲကနေ နှလုံးသားနဲ့ နားဆင်သွားပါတယ်...

အိမ့်ချမ်းမြေ့ said...

ကဗျာလေး လှလိုက်တာ..