" လေတိုက်ခံတိမ် "

|

ဝေဟင်ထက်က လေပွေတစ်ချက်
ဖြတ်သန်းမှု ခံခဲ့ရတဲ့ 
" လေတိုက်ခံတိမ် " တစ်ပွင့်လိုပေါ့ . . . . .

တံဆိပ်မတပ်ရသေးတဲ့ လေးညှို့ ကို
ကဗျာတစ်ရွက်နဲ့ ကျောက်ချ ပွေ့ ပိုက်
မြှားတစ်စင်းက ရင်မှာစိုက်သွားတယ် . . . . .

မင်းကြောင့်ပါဘဲ
ပန်းကလေးတွေမုန်းထား
တိမ်တိုက်တွေဝေးသွားတောင်
ကိုယ့်နားက လေညှုင်းက
ဘယ်အချိန်ပွင့်သွားလည်းမသိလိုက်ဘူး . . . . .

9 comments:

Beauty Studio USA Branded Store said...

လေညင်း ဘယ်အချိန်ပွင့်သွားလဲဆိုတာ နောက်တခေါက်ကျရင် ပြောပြမယ်ဗျာ။

သူကြီးမင်း (တုံးဖလား) said...

သတိမမူတော့ ဂူမမြင်သလိုနေမှပေါ့ညီရာ။
လေညှင်းလေးတွေပွင့်တာတောင် မသိလိုက်ရအောင် ညီက တွင်းအောင်းနေလို့များလား မသိ။းဝ)

မိုးခါး said...

လေတိုက်ခံ တိမ် ဆိုတာကို အကြိုက်ဆုံးပဲ .. သစ်တယ် ..း)

may16 said...

ကဗျာအသစ်လေးတွေ့လို့လာဖတ်ပါတယ် မရေးတာကြာပေမယ့် လတ်ဆတ်ဆဲပါ
အားပေးလျှက်

သုခုမလေဒီ said...

တံဆိပ် တပ်ပေးမယ်။ ဘာတံဆိပ်လိုချင်လဲး)))

Cameron said...

“တိမ်တိုက်တွေဝေးသွားတောင်
ကိုယ့်နားက လေညှင်းက
ဘယ်အချိန်ပွင့်သွားလည်း မသိလိုက်ဘူး”
အဲဒီအဖွဲ့လေးအရမ်းကြိုက်တယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

ညလင်းအိမ် said...

သိအောင်လုပ် မိုးစက်ရေ ... အဲဒါ အရေးကြီးတယ်...း))

မြတ်မွန် said...

ပွင့်သွားတဲ့ပန်းလေးရဲ့ ရနံကို ထာဝရ နမ်းရှိုက်နိုင်ပါစေ။

ဧပရယ်လ်ပူး@ပူးတေ said...

ဒါလေးကြိုက်တယ်.... ကဗျာလေးကို ပြောတာပါ...:)