" ကမ္ဘာဦးအချစ်ကိုသွန်းတဲ့  ဂမ္ဘီရ ချစ်ရေစင် "

|


ပန်းနုရောင်သင်းတဲ့ ဥတုတစ်ခု
အနုပညာမှော်အောင်မှုကြောင့်
အချစ်ဘာသာဗေဒ ကိုအန်တု
နှောင်ကြိုးမဲ့ ရင်ခွင်ငယ်ကို အဖော်ပြုလို့ 
လေညာက ကြွေလာတဲ့ ရော်ရွက်ဝါ " ထိပ်ထား " ထံပါး
ဦးခိုက်လို့  ဒူးတိုက်ခစားခဲ့ တယ် . . . . .

စက်တင်ဘာရောင်ခြည် အေးမြမှုဟာ
ငါ့ရင်ခွင်ရိုင်းလေးအတွက်တော့
နှိုင်းလောက်စရာမရှိခဲ့ ဘူး
ဂန္တ၀င်ဆည်းဆာလွင့်လွင့်တွေ ၀ဲနေပုံများ
တိမ်ပြိုညနေတွေကိုတောင် အသက်မဲ့ စေခဲ့ သူပါ . . . . .

ကောင်မလေးရေ . . .
ကိုယ့်ဥယျာဉ်ဆိုပေမဲ့ လည်း
မင်းမနမ်းဘဲနဲ့ တော့ မဖူးပွင့်နိုင်ခဲ့ ပါဘူး . . . . .

တစ်ခါတစ်လေတော့
ငါ့ ဂမ္ဘီရ လမင်းမှာ
ခရေတွေ ၀ုန်းဒိုင်းကြဲ
တော်ဝင်တဲ့  ဂေါ်သဇင်
လက်ဖမိုးနုက မျက်ရည်ဥထွက်ချိန်
တစ်ထောင့်တစ်ည ပုံပြင်မှာ
အိပ်ဖန်စောင့်မင်းသားတစ်ပါး
" ဘော်ငွေရောင်မင်းသမီး " ထံပါး
ဆက်သွင်းလာတဲ့ " စိန်ခြူးကြာညောင် " တေးသွားဟာ
မျက်ဖြေလင်္ကာတစ်ပုဒ်ဖြစ်လေမလားဘဲ . . . . .

ရေတံခွန်ကျောက်စာ အငွေ့ မပြယ်အောင်
မုတ်သုန်လေက ညင်သာစွာကြိုပါ
ရနံ့ မပြယ်တဲ့ ချုပ်ပလိုင်းထဲက အချစ်ဝိညာဉ်က
စိတ်ကူးဝတ်ရုံကို ဟင်းလင်းဖွင့်
ဒီလိုနဲ့  . . . ကတ္တီပါနှစ်ပါးခွင်မှာ
ရင်ခွင်တစ်ခုကိုစိုက်နှစ်ထားလိုက်မယ် . . . . .

ပြီးတော့ . . .
ဝေဒနာဝေးတဲ့  ဒရမ်မာတစ်ပုဒ်
ငြိမ့်ညောင်းတဲ့ တီးလုံးတစ်အုပ်အောက်
သာယာချိုမြိန်တဲ့  ပန်းလှေပေါ်ကမိုးရေစက်ဟာ
ဝါးကျည်တောက်လိုပေါက်
ဣနြေ္ဒ သိက္ခာ ကိုမထောက်ဘဲ
" စုံနံ့ သာမြိုင် " ကိုဖောက်သွားတယ် . . . . .

ငါဝိညာဉ်ထဲက ချစ်ရေစင်များ
ကမ္ဘာဦးအချစ်လို သင်းပျံ့ စေသား . . . . .



14 comments:

khun said...

အော်....ဒါ့ကြောင့်နင်ပျောက်နေတာကိုး
ကဗျာလေးဖက်သွားတယ်။
စာမေးပွဲဖြေနိုင်ပါစေ...
အရာရာအဆင်ပြေပါစေ....

ခွန်သဒ္ဒါ

khun said...

ညလင်းအိမ် said...

ပန်းနုရောင်သင်းတဲ့ ဥတုတစ်ခု
အနုပညာမှော်အောင်မှုကြောင့်
အချစ်ဘာသာဗေဒ ကိုအန်တု
နှောင်ကြိုးမဲ့ ရင်ခွင်ငယ်ကို အဖော်ပြုလို့ 
လေညာက ကြွေလာတဲ့ ရော်ရွက်ဝါ " ထိပ်ထား " ထံပါး
ဦးခိုက်လို့  ဒူးတိုက်ခစားခဲ့ တယ် . . . . .


ကဗျာတွေက ကောင်းလိုက်တာဗျာ...
ပထမ တစ်ပုဒ်တင် ကြွေကြွသွားတယ်...
ညီမိုးစက်ကို ချီးကျူးတယ်...
အနုအရွ ကဗျာတွေကို ဖန်တီးတတ်လို့...

ရသမြောက်ပါပေတယ်....

ခင်မင်တဲ့
ညရဲ့ကောင်းကင်

ခြေလှမ်းသစ် said...

ကဗျာတေးလေးတွေ့နဲ့ စာမေးပွဲလေး ဖြစ်နိုင်ပါစေလို့ ...
ပရောဂျက်ပြီးမှ .. ဝေါကနဲ ပြန်ထွက်ခဲ့မယ်ပေါ့ .... ကလိကြည့်တာဗျ... အောင်မြင်ပါစေ

အဖြူရောင်နတ်သမီး said...

“လက်ဖမိုးနုက မျက်ရည်ဥထွက်ချိန်
တစ်ထောင့်တစ်ည ပုံပြင်မှာ
အိပ်ဖန်စောင့်မင်းသားတစ်ပါး
" ဘော်ငွေရောင်မင်းသမီး " ထံပါး
ဆက်သွင်းလာတဲ့ " စိန်ခြူးကြာညောင် " တေးသွားဟာ
မျက်ဖြေလင်္ကာတစ်ပုဒ်ဖြစ်လေမလားဘဲ . ”. . . .
.........................................
ကဗျာလေးအတိုင်းသာဆိုရင်...အဲဒီကဗျာထဲက မင်းသမီးလေးကို အားကျတယ်ဗျို့....
အဆင်ပြေပါစေ...မိုးစက်ရေ....း)

လင်းကြယ်ဖြူ said...

ကဗျာကောင်းလေးတစ်ပုဒ်ကို လာရောက်အားပေးသွားပါတယ်ခင်ဗျာ
ပျော်ပါစေ
*.*.*

ခရေညို said...

"ကောင်မလေးရေ . . .
ကိုယ့်ဥယျာဉ်ဆိုပေမဲ့ လည်း
မင်းမနမ်းဘဲနဲ့ တော့ မဖူးပွင့်နိုင်ခဲ့ ပါဘူး . . . . ."
တဲ့လား ? မိုက်လိုက်တဲ့စာသား။
စာမေးပွဲ ဖြေနိုင်ပါစေနော်

Cameron said...

မိုးစက်ရေးတဲ့ ကဗျာအားလုံးက စကားလုံးတွေသိပ်ကိုကြွယ်ဝတော့ အရမ်းကောင်းပါတယ် အစ်မတောင်ဝေဖန်ဖို့ ဥာဏ်မမီတော့ဘူး...။မောင်လေး စာမေးပွဲဖြေနိုင်ပါစေနော်...။

ခင်မင်စွာဖြင့်
မိုးငွေ့

Anonymous said...

မောင်မိုးရေ ကြွေတယ်ကွာ ကဗျာလေးက ဘာတဲ့

ရနံ့ မပြယ်တဲ့ ချုပ်ပလိုင်းထဲက အချစ်ဝိညာဉ်က
စိတ်ကူးဝတ်ရုံကို ဟင်းလင်းဖွင့်
ဒီလိုနဲ့  . . . ကတ္တီပါနှစ်ပါးခွင်မှာ
ရင်ခွင်တစ်ခုကိုစိုက်နှစ်ထားလိုက်မယ် . . . . .

ထိတယ် မောင်မိုးရေ

desertraindrops said...

ကဗျာခေါင်းစဉ်ကိုက စိတ်ဝင်စားဖို့ ကောင်းနေတယ်။ ကဲ ကဗျာဆရာရေ..စာမေးပွဲဖြေဆိုနိုင်ပါစေနော့။

ကျောပိုးအိတ် said...

ငါဝိညာဉ်ထဲက ချစ်ရေစင်များ
ကမ္ဘာဦးအချစ်လို သင်းပျံ့ စေသား . . . .

တောင်းတဲ့ဆုနဲ့  ပြည့်ပါစေ

သူကြီးမင်း (တုံးဖလား) said...

ဒီကဗျာထဲက စာသားတစ်ချို့ ညီ့ဆီမှာ ဟိုအရင်က ဖတ်ဖူးသလိုလိုဘဲ။

ဘာဘဲဖြစ်ဖြစ် ကဗျာလေးက လတ်ဆတ်နေပါတယ်။

အောင်မြင်ပါစေ ညီ။

မြတ်မွန် said...

ခရေတွေ ဝုန်းဒိုင်းကြဲတဲ့
(လိုက်ဖမ်းလိုက်ရရင်ဖြင့်..)
မင်းမနမ်းဘဲနဲ့တော့ မဖူးပွင့်နိုင်ခဲ့ဘူး..
ကြည်နူးစရာလေး..

စာလုံးလေးတွေ လှတယ် မိုးစက်ရေ..။
သိပ်ချစ်တက်တာပဲနော်..။
ခင်မင်တဲ့

မောင်သီဟ said...

မိုးစက်ရဲ့ ကဗျာတွေအားလုံး ရှယ်တွေချည်းပဲဗျာ