
( ၁ )
ကမ္ဘာပျက်စက္ကူ တစ်ရွက် . . .
နေမထွက်တဲ့  ညတစ်ညမှာ
ကြယ်တွေ လတွေ ခြံရံလို့ 
အိမ်မွေ့ ချ နတ်သမီးတစ်ပါး
တိုင်းတစ်ပါးသို့  ခရီးထွက်ချေပြီ
သိုဝှက်ထားသော နှလုံးအိမ်မှ နှင်းသိုးများ
တမန်တော်စေတန်မှ တဆင့် အခစားဝင်လာကြ၏ . . . . .
ယေဘုယျဝိဥာဉ်မဲ့  နွေခေါင်ခေါင်ဂီတကို
ပူဖောင်းကွဲသူတစ်ယောက်ဟာ
သစ္စာမီးအိမ်မှာ သီချင်းလုပ်ဆိုရင်း
ထာဝရအိပ်ပျော်ဖို့  ကြယ်တစ်လုံးကို
ပြုစားခဲ့  လေရဲ့  . . . . .
လေထုထဲ အသက်ရှုခြင်း ရပ်ခြင်းဟာ
ကမ္ဘာဦးကျမ်းစာအစမှာ
ဝင်သက် ထွက်သက် အဖြစ်
နှောင်းလူများက တွေ့ ခဲ့ ရလေပြီ . . . . .
ဒီလိုနဲ့  . . .
ပက်စီ အတွေ့ ထူးမှာ
နှလုံးသား အတုကို ရေရောလိုက်တယ်
" ဆေးဆိုးပန်းရိုက်တစ်ရှုး " ဟာ
ညဖြစ်လျက်နဲ့  မျက်မှန်ထူထူတပ်လာခဲ့ တယ် . . . . .
ပွင့်အားကောင်းတဲ့ 
နှင်းဆီဖူးမီးပြန်အလင်းကြောင့်
အပြုံးတစ်ဝက်မှာ အမုန်းတစ်သက်စာ
ကပ်လျက်ပါလာခဲ့ ရပေါ့ . . . . .
( ၂ )
အရှေ့ ဖျားအလှရဲ့  လှို့ ဝှက်ချက်မှာ
အီဂျစ်ကမာမီရဲ့  နှလုံးရောဂါအကြောင်းမပါဘူး
ဒါဟာ . . . ကဗျာဦးက
ခေတ်ဦး ပရိုင်းမိတ် တွေပေါ့ကွယ် . . . . .
ပြီးတော့ . . .
မာယာကော့စကီး ကဗျာတွေမှာ
လှည်းယဉ်ကြော့ကြော့လေး သော့သော့နှင်နေတဲ့ 
ဖုန်ထူထူတောသူမလေး အနမ်းတွေ
မပါခဲ့ ဘူး . . . . .
မူယာမာယာနဲ့  ပျိုးတဲ့ ရန်ကုန်မိုးအလှက
ဥာဏ်ဝါ ဥဏ်ပြာ တွေပါပေမဲ့ 
အနုသုခုမဆန်ဆန်ပွင့်တဲ့ 
အိုးမဲ့  အိမ်မဲ့  ဗာဒံရွက်ရှုတဲ့ လေမှာတော့
PH-7 မပြည့်ခဲ့ ဘူး . . . . .
ကျီးပေါင်းတက်နေတဲ့ 
ကျောရိုးမဲ့ သတ္တ၀ါဟာ
ပရောဂအမှိုက်မှာ အသိုက်ဖွဲ့ ဖို့ 
လေးသည်တော် မေတ္တာအနမ်းတွေနဲ့ 
၁၂ရာသီအလွမ်းကို ခေါင်းလောင်းသံနဲ့ 
ပစ်ခွင်းခဲ့ တော့ . . . . .
လကွယ်ညတိုင်းမှာ . . .
စောင်းအိုတစ်လက် ကြိုးခဏခဏပြတ်သလို
ကုဗပေကြားမှာ မုဒိတာပွားပြီး
ကျည်ဆန်မရှိတဲ့  ငါ့သေနတ်ပြောင်းဝမှာ
ခြင်္သေ့ တစ်ကောင်လို ရဲရဲရင့်ရင့်ဂူအောင်းခဲ့ တယ် . . . . . .
( ၃ )
အသက်မရှုတဲ့ လောကပါလတရားဟာ
ဗျတ္တရဲ့ ပန်းဆက်လမ်းကို ခမ်းနားစေခဲ့ သလို
ဒုဋ္ဌ၀တီမြစ်ရေစီးသံဟာလည်း
ကမ္ဘာကြီးမကောင်းကြောင်း
ဘယ်တော့မှ မသီကြူးခဲ့ ဖူးဘူး . . . . .
မြောက်ပြန်လေမှာပွင့်တဲ့ 
စပါးပျိုကိုယ်သင်းနံ့ လေးကိုချစ်ကြိုးသွယ်
ဘ၀ရဲ့ အဘိဓမ္မာမှာ
'ဓမ္မာ ' ' သောက ' ' အင်းဝ ' ' ရာဇာ ' ကိုလည်မှာဆွဲ
ဗင်းနစ်အချစ်ပွဲကိုသွားကြမယ် . . . . .
နတ်ဆိုးမလေးပေးတဲ့ အိမ်မက်မှာ
အလင်းမဲ့ နိယာမနဲ့  ကိုယ်ပျောက်ဝတ်စုံပါခဲ့ တယ်
ဒါပေမဲ့  . . . ဘေဘီလုံတော့
တကယ်မရောက်ဖူးသေးပါ . . . . .
ဗန်ဂိုးရဲ့ ဌက်များဟာ
ပုပ္ပါးနေ၀င်ချိန်ကိုမခံစားတတ်ကြသလို
ရွာရိုးကိုးပေါက်ပွင့်နေတဲ့  ဂန္ဓာမာပန်းခြောက်တွေကတော့
မြို့ ပြတစ်လျှောက် ဂျစ်ပဆီတစ်ယောက်လို
လေလွှင့်နေခဲ့ ကြပြီ . . . . .
ပါဠိစာလုံးတွေနဲ့  သင်ပုန်းကြီးကွဲအားမှာ
နောက်ဆုံးစာမျက်နှာကိုလှန်လှောရင်း
နွေယဉ်စွန်းတန်းလေးဟာ
ခင်ဗျားတို့ ထင်ထားတာထက်
ပိုအေးမြလေရဲ့ ဗျာ . . . . .
( ၄ )
ကံ့ကော်နဲ့  ၀တ်ဆံမပြေလည်မှုကြောင့်
တမာတွေခါးခဲ့ ရတယ်
ဒါဆိုရင် . . . လိုက်မဆုံနိုင်တဲ့ 
မျဉ်းပြိုင်နှစ်ကြောင်းမှာလည်း
လှည်းလမ်းကြောင်းကြီးတွေ
ရှိကိုရှိရမယ် . . . . .
ယမမင်းကဗျာရွတ်သံအဆုံးမှာ
အာခိမိတိ ပရင်စပယ်ဟာ
ပြန်လှန်သင်ကြားခြင်း မကျေတဲ့ 
ချောက်ကမ်းပါးထဲ နယ်နှင်ဒဏ်အပေးခံခဲ့ ရတယ် . . . . .
ဘယ်တော့မှ မမေ့ပါဘူး . . . မမေ့ပါဘူးကွယ်
လမ်းဆုံရောက်တိုင်း လမ်းပျောက်နေတတ်တော့
ဘ၀သင်ရိုးညွှန်းတမ်းမှာတောင်
ကြက်ခြေခတ်တွေနဲ့ 
အောင်မှတ်ကို ကပ်ရခဲ့ တယ် . . . . .
တိမ်ညိုနယ်နမိတ်ကို
ဖြတ်သွားဖြတ်လာလုပ်ရင်း
ပင်လယ်တစ်အုပ်ဟာ
ငွေမိုးညို ငိုကာစလို
လှတပတ်နွမ်း သက္ကရာဇ်အနမ်းနဲ့ 
တိမ်ဖြူတစ်အုပ်
ရှိုက်ထုတ်ပေးခဲ့ တာပါတဲ့  . . . . .
( ၅ )
ဖြူ နီ ပြာ ၀ါ . . . စာတစ်အုပ်
ဒြပ်ရှိ ဒြပ်မဲ့  ကိုပြောင်းပြန်လုပ်လို့ 
မာဃဒေ၀ကို ပိတ်
တိတ်တဆိတ်ဘဲ ကိုယ်အိပ်လိုက်တယ် . . . . .
ဘာမှန်းမသိတဲ့  အနာဂါတ်မှာ
မာရ်နတ်ပေးတဲ့  ကျမ်းတစ်အုပ်ကို
ကံမကုန်ရင်ပြန်ဆုံကြတာပေါ့လို့ 
လက်ဆွဲနှုတ်ဆက်မနေချင်ဘူး . . . . .
" အဝေးဆိုတဲ့  အဝေးကြီးကိုသွားဖို့  "
မှိုင်းညှို့ ညှို့ စကားလုံးတွေမှာ
ဂူရိုင်းတွေက အပြိုင်းအရိုင်းကြွေဆင်းလို့  . . . . .
ဥယျာဉ်မှုးမဲ့  ဧဒင်ဟာ
လောကမာယာ အဆိပ်ပင်ကြောင့်
ဂျစ်ပဆီမှတ်တိုင်တစ်လျှောက်
မိုးကတစ်ဖြောက် . . . နှစ်ဖြောက်
. . . တစ်ဖြောက် . . . နှစ်ဖြောက် . . . . .
( ၆ )
ကံကြမာဆိုတဲ့  ကားယားကောင်က
လောကမဖိတ်ဘဲ လောကဓံတရားတွေ
ပေးပြီး ပြန်သွားတတ်တယ်
ဒါပေမဲ့  . . . အမြဲတော့မဟုတ်ဘူးပေါ့
တစ်ခါတစ်လေတော့
မျက်လုံးစုံမှိတ် ယဉ်ကျေးပြသွားတတ်ရဲ့  . . . . .
အနမ်းတွေကို စာသီကုံး
ဂဏန်းနှစ်လုံးနဲ့  " ၀ " လုံးကို
" သုည " ဖြစ်အောင်ရေးခဲ့ မိတယ် . . . . .
ဘာဖြစ်ဖြစ် . . .
အဲဒီ " ၀ " လုံးကို
လိမာပါးနပ်တဲ့  လက်တွေနဲ့ 
ဝိုင်းအောင်ရေးတတ်ရမယ် . . . . .
ဘာကြောင့်လဲ . . . ဘာအတွက်လည်း
ဖြေလို့ မရတဲ့  ပုစ္တာများစွာဟာ
မနက်ဖြန်ဆိုတဲ့  စာမျက်နှာမှာ
ပျားရည်တစ်စက်လို
ချိုလောင်ပြင်းသ ရှ တ တ ဖြစ်မှာတော့
အသေအချာပါပဲ . . . . .
နေ့ တစ်နေ့  ခိုးယူခြင်းခံရတဲ့ 
မီးခိုးလက်က ကြာတစ်ပွင့်ဟာ
ခိုးကြောင် ခိုးဝှက်တော့
မပွင့်ကောင်းပါဘူး
အချိန် အခါ တော့လိုတာပေါ့
ခမ်းခြောက်ခါးနီး ရေပြင်မှာ
အချိန်နည်းနည်းလောက်
ခိုးထားဖို့  လိုမှာအမှန်ပါဘဲ . . . . .
( ၇ )
ဒီမြို့ ပျက်က . . .
လူမသိ သူမသိ မောင်းကွဲသံမှာ
နံပတ်မပါတဲ့  မြေပုံတစ်ရွက်
မီးတောက်မပါတဲ့  စုတ်ချက်တွေနဲ့ 
တစ်ယောက်တည်း မိုးချုပ်နေတယ် . . . . .
ပြာကျသွားတဲ့  အသက်ငွေ့ ငွေ့  မှာ
" ၀ိမုတ္တိ " ဟာကလောင်တစ်ချောင်းဆို
တို့ ခေတ်မှာ တို့ ယဉ်ကျေးမှုနဲ့ 
တို့ နှစ်လုံးသားကို ထုဆစ်ကြရမယ် . . . . .
ဘယ်နွေဦးပေါက်မှ ကိုယ့်မီးတောက်နဲ့ ကိုယ်
" မီး " ထမတောက်ဘူး . . .
ခြေထောက်တွေမှားသွားနေတဲ့  လမ်းတွေမှာ
လမ်းမှားတွေ မသွားမိစေဖို့ 
ကိုလိုနီရင်ဘတ်ကို ဒဏ်ပြင်းပြင်းခတ်ပါ . . . . .
မြောက်ပြန်လေနဲ့  ခရီးကြုံလိုက်တဲ့  တောင်ပြိုမိုး
တောကြီး မျက်မည်းထဲ လမ်းပျောက်နေတယ်
ဝေါ . . . ဝေါ . . . ဝေါ . . .
ငြိမ်းချမ်းရေး တောင်ပံတစ်ဖက်ခတ်လျက်
ပန်းတစ်ဆုပ်ကြဲလို့  ဖိနပ်ပါးပါးစီးလျက်ပြန်လာ၏
တောမီးကား ငြိမ်းခဲ့ လေပြီ . . . . .
သို့ သော် . . . သို့ သော်
နေကားဝင်တော့မည်
လှိုင်းတို့ ကားပြင်းထန်ဆဲ
" တောင်ကြီးဖ၀ါးအောက်
လှိုင်းကြီးလှေအောက် " ဟုဆိုလျှင်
သင်တို့ ၏ အိမ်ပြန်ချိန်ကို . . . အိမ်မက်တွေကို
မည်သူကအာမခံပါမည်နည်း . . . အာမခံမည်နည်း . . . . .