
ရနံ့ တွေရတဲ့ တောတစ်အုပ်မှာ
ငါက " ကေသရာဇာ " ဖြစ်ချင်တာ
ဒါပေမဲ့ . . . ဘယ်လေညှုင်းနုနုမှဖမ်းစားဖို့ 
စိတ်ကူးမရှိဘူး . . . . .
နတ်ဆေးလုံးစား
စလွယ်ဖွားမဟုတ်ပေမဲ့
တောအုပ်လေးကို ပစ်လွှတ်မဲ့လေးညှို့ ရန်တွေကို
အကြင်နာရှစ်သောင်း ခံစစ်အမြှေုာင်းမြှေုာင်းနဲ့ 
ခုခံကာကွယ် ၀တ်မှုန်လိုသင်းပျံ့ စေချင်တယ် . . . . .
ငါ့ရင်ဘတ်က မျှော်လင့်ခြင်းအထပ်ထပ်
ဘယ်ကံရှင်နတ်က သိတတ်နိုင်မလည်း
သမိုင်းမတွင်နိုင်သေးတဲ့ အက္ခရာလေးလုံးဟာ
ဝှက်ထားခြင်းခံရတဲ့ " အမှန်တရား " ပဲ . . . . .
မျှော်ရည်ငေးလင့်
တစ်နေ့ တော့ပွင့်မဲ့ ရနံ့ နဲ့ 
တောတန်းလေးကိုမွှေးပျံ့ စေချင်တယ်
ငါတွေးရင်းပျော်တယ်
သူများတွေအတွက်လည်းငါပျော်နေမိတယ်