" အရိပ်စစ်မှတ်တိုင် "

|




တီးယားစ်အိန်ဂျယ်ဟာ
အလင်းမဲ့ဂူမှာ " (ကလုန်း)လူ " ကိုအဖော်ပြုရင်း
ခရစ်နှစ်တစ်ခုကို အန်တုဖို့ 
ရင်ဖွင့်အိပ်မက်တွေ ဝေကျတဲ့အထိ
အရိပ်စစ်တွေပွင့်ချပစ်လိုက်တယ် . . . . .

နဂါးငွေ့ တန်းတစ်ခု
ပန်းလေညှုင်းတို့ နှင့်ကမ္ဘာကိုဖြန့် ခင်း
ကျွန်မစိတ်ကူးနဲ့ စီးနင်းခဲ့သည်
" မီးပြတိုက်တစ်ပါး "
ရင်ဖွင့်ရွာကိုစေစားတော့
စက္ကူတရွက်မှာ မှင်တွေခြေရာချင်းယှက်ခဲ့ သည် . . . . .

ဒီကကြိုးပျက်ရွာမှာ . . .
နွေလေရိုင်းက ဖုန်တွေရစ်သိုင်းလွန်းတယ်
ကဗျာမကျ ကာရန်မလှတဲ့ဘ၀မှာ
အက္ခရာတွေနဲ့ လည်းနှိုင်းကာခံခဲ့ရသူပေါ့ . . . . .

နတ်မိမယ်တစ်ပါးပေမဲ့
ယေဘုယျလူ သာမည၀ိညာဉ်
နေတစ်ရာ လတစ်စင်းလို
မျက်ရည်တစ်စက် ၀တ်ရည်တစ်ထပ်နဲ့ 
ဘ၀ချည်ကိုချုပ်ရိုးအထပ်ထပ်သီခဲ့ ရသူပါ . . . . .

အတိတ်ကောက်ကြောင်းက
အင်္ဂတေပုံမလောင်းခင်ကလို
နေအို ခါးစောင်း မျက်ရည်စီးကြောင်းမို့ 
အနမ်းတလန် ပန်းတလန်နဲ့ 
အတီးခံရတဲ့ ဂစ်တာသံလိုပါဘဲကွယ် . . . . .

တစ်ခါတစ်လေ . . .
နတ်ဆိုးတွေရှုးတိုက်
ရေခိုးရေငွေ့ တွေ မူးမိုက်သွားတဲ့ညနက်တွေမှာ
မှင်ကြောင်ထိုးကွင်းတွေ လဲ့ပြာကွဲအက်လို့ 
မြင်းခွာတစ်ချက်ပေါက်ရင်မီးဟုန်းဟုန်းတောက်စေရမယ် . . . . .

အခါးကော်ဖီရဲ့ မှော်ဝင်မှတ်တမ်း
" အရိပ်မှတ်တိုင် " စစ်ဖို့ 
ကတ္တီပါရိုင်းပေါ် ခပ်နွမ်းနွမ်းရေးခြစ်
စစ်တုရင်တစ်ပွဲလို့  စိတ်နှစ်မယ်
သတိရတိုင်းပြန်ဖတ်ကြည့်ဖို့ ပေါ့ . . . . .




9 comments:

အဖြူရောင်နတ်သမီး said...

ထုံးစံဆိုရင် ကိုယ်အကြိုက်ဆုံး“ထိ”..“မိ”..သွားတဲ့ စာသားလေးတွေကို copy ဖော်ပြနေကျပါ..
ဒီတခါတော့ ကဗျာတပုဒ်လုံးက စာသားတွေကို အရမ်းနှစ်သက်မိလို့ “တပုဒ်လုံး”ကိုပဲ အရမ်းကြိုက်နှစ်သက်တယ် ဆိုတဲ့အကြောင်းနဲ့ “အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်”အတွက် ရေးပေးတဲ့ ဒီလက်ဆောင် ကဗျာလေးအတွက် အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ..မိုးစက်ရေ...

နွေဆူးလင်္ကာ said...

မြင်းခွတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် ဆိုလို့ ဗိုလ်အောင်ကျော်များ ရေးသလား မှတ်ရတယ်။

Unknown said...

မိုးစက်ရဲ့ ကဗျာလေးတွေမဖတ်ဖြစ်တာကြာလို့ မနက်စောစောမှာ အများကြီးကိုအတိုးချ ဖတ်သွားတယ်...
နှင်းဟေမာ

rose of sharon said...

နတ်သမီးလှလှလေးကတော့ ကဗျာလှလှလေးကို ကျေနပ်နေလေရဲ့

poemflower said...

နတ်သမီးလေးအတွက် ကဗျာကို လာဖတ်ပါတယ် မတွေ့တာကြာပြီ ကိုမိုးစက်..

ခိုင်နုငယ် said...

ရောက်လာခဲ့ပါတယ်..ကိုမိုးစက်ရေ
ကဗျာလေးခံစားဖတ်သွားပါကြောင်း။



ခင်မင်စွာဖြင့်
ခိုင်နုငယ်

မောင်သီဟ said...

နတ်သမီးအတွက် ကဗျာလေးလာခံစားသွားတယ် ကိုမိုးစက်ရေး)


မောင်ဘကြိုင်

သူကြီးမင်း (တုံးဖလား) said...

သုခုမလေဒီ said...

ကဗျာတွေမဖတ်ရတာကြာပီ။ ကျော်ခွတွေနဲ့ ၀င်လာရ တယ် မိုးချုပ်အိမ် အဲ မိုးစက်အိမ်ရေ..။

ဂလိုမှန်းသိ အမလည်းမွေးနေ့အတွက် ကဗျာရေးဖို့ တောင်းဆိုပါတယ်။ ခုတော့....း((