" ၀မ်းဘိုင်ဝမ်းမှတစ်အချိုးတစ်သို့  "

|


ငါ့ အီကွေတာရပ်ဝန်းမှာ
နင့်မျက်ဝန်းစိုစိုတွေ ကွန်းခိုနေတတ်ကြတယ် . . .

တောက်ပတဲ့ဖယ်ရီကြယ်တာရာဟာ
အမြဲစိမ်းလွင်ပြင်ရဲ့ ခရမ်းရောင်အငွေ့ အသက်တွေပေါ့ . . .

ဖှုန်မှုန့် နဲ့ မြူငွေ့ လေးသင်းတဲ့လေပြေလေးရိုက်အခတ်
ပြက္ခဒိန်ထက် ရင်ခွင်နံ့ လေးသင်းလို့  . . .

ရှုရှိုက်မိတဲ့ အောက်စီဂျင်တိုင်းမှာ
မင်းပေးတဲ့ရင်ခုန်သံတွေကပ်ပါနေကြတယ်ဆိုရင် . . .

ချစ်သူရေ . . . တကယ်တော့
" အာဒံ " ဟာ ကမ်းမမြင် လမ်းမမြင်မှာ
စုပ်လည်းဆူး စားလည်းရှုးနဲ့ 
အချစ်ကို တီထွင်ခဲ့သူပါ
ဒါကြောင့်သာ " ဧ၀ " ဟာသူရဲ့ ဗီးနပ်(စ်)မှာ
မီးခတ်ခွင့်ရခဲ့တာပေါ့ . . . . .

ငါ ကတော့ ကမ်းမြင် လမ်းမြင်ပါလျက်
ဝေလည်းမွှေး ကြွေလည်းမွှေးမဲ့
အချစ်ကို ကိုးကွယ်သူပါ
ဒါကြောင့်ပဲ ငါဟာ နင့်ရဲ့  " မဂိုအလှ " မှာ
ချိုမြစွာဆေးပေါင်းခခွင့်ရခဲ့တာပေါ့ . . . . .

ကမ္ဘာဦးက ပရိုင်းမိတ်ဟာ
ဝမ်း . . . ဘိုင် . . . ၀မ်း ဖြစ်ခဲ့ပေမဲ့
မင်းမပြောနိုင်သေးတဲ့ ဖော်မြူလာတစ်ခုကို
ငါ့နှလုံးသားသီအိုရီ အဖြစ်
ရဲဝံ့စွာ ဖော်ထုတ်နိုင်ခဲ့တယ်ဆိုရင် . . . . .

11 comments:

ဒဏ္ဍာရီ said...

မိုးစက်ရေ.......... ကဗျာလှလှလေးတွေကို စကားလုံး နုနုလေးနဲ့ သီကုံးထားတာ ဖတ်လို့တကယ် ကောင်းတယ်။ ကဗျာတွေကို ခံစားတတ်ပေမယ့် ကဗျာမရေးတတ်တဲ့ အမအတွက်တော့ ရသအပြည့်နဲ့ ခံစားချက်တွေပါပဲ။

ခင်မင်လေးစားလျှက်

မိုးခါး said...

လိုက်လို့ကို မမှီပါ့လား ..း)

Anonymous said...

ငါ ကတော့ ကမ်းမြင် လမ်းမြင်ပါလျက်
ဝေလည်းမွှေး ကြွေလည်းမွှေးမဲ့
အချစ်ကို ကိုးကွယ်သူပါ
ဒါကြောင့်ပဲ ငါဟာ နင့်ရဲ့  " မဂိုအလှ " မှာ
ချိုမြစွာဆေးပေါင်းခခွင့်ရခဲ့တာပေါ့ . . . . .

ကောင်းလိုက်တဲ့ကဗျာလေးပါပဲ လှလွန်းတယ် မောင်မိုးရေ . . .

နည်းနည်းတော့ ဖျက်သွားဦးမယ်
ဘာတဲ့ ဝေလည်းမွှေး ကြွေလည်းမွှေး . . . နောက်ဆုံးမရလည်း သေလည်း အေးတာပါပဲ မောင်မိုးရယ် . . .

ခင်မင်စွာဖြင့်

သူကြီးမင်း (တုံးဖလား) said...

သူမပြောပြနိုင်သေးတဲ့ ဖော်မြူလာတစ်ခုက ညီ့နှလုံးသားရဲ့ Real Theory အဖြစ် ဖော်ဆောင်နိုင်မှာ သေချာပါတယ်။

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

Cameron said...

ဒီကဗျာလဲ “ကလေး”အတွက်ပဲလား...။ မိုးစက်ကဗျာကတော့ အမြဲတမ်း လှပဆန်းသစ်နေလို့ပါပဲ..။
ကိုကြီးဗညား ဒီလိုပဲ သူများကဗျာမှာ ကွန်မန့်ရေးပြီး ရင်ဖွင့်နေတုန်းလားဗျ..။

ခင်မင်စွာဖြင့်
မိုးငွေ့

rose of sharon said...

မိုက်တယ်... ကဗျာလေးနဲ့ပုံလေးနဲ့ တွဲကြည့်ပြီး သဘောကျသွားတယ်

တလနွန် said...

အတွေး အရေးကတော့ လှပဆန်းသစ်နေမြဲ..

ညလင်းအိမ် said...

ငါ ကတော့ ကမ်းမြင် လမ်းမြင်ပါလျက်
ဝေလည်းမွှေး ကြွေလည်းမွှေးမဲ့
အချစ်ကို ကိုးကွယ်သူပါ
ဒါကြောင့်ပဲ ငါဟာ နင့်ရဲ့  " မဂိုအလှ " မှာ
ချိုမြစွာဆေးပေါင်းခခွင့်ရခဲ့တာပေါ့ . . . .


မိုက်လိုက်တဲ့ ကဗျာ .. လှလိုက်တဲ့ ကဗျာ ...
ပျောက်နေပြီး ကဗျာတွေ ကြိတ်ရေးနေတယ် ထင်ပါ့ ...

အဖြူရောင်နတ်သမီး said...

“" အာဒံ " ဟာ ကမ်းမမြင် လမ်းမမြင်မှာ
စုပ်လည်းဆူး စားလည်းရှုးနဲ့ 
အချစ်ကို တီထွင်ခဲ့သူပါ
ဒါကြောင့်သာ " ဧ၀ " ဟာသူရဲ့ ဗီးနပ်(စ်)မှာ
မီးခတ်ခွင့်ရခဲ့တာပေါ့ . . . . .

ငါ ကတော့ ကမ်းမြင် လမ်းမြင်ပါလျက်
ဝေလည်းမွှေး ကြွေလည်းမွှေးမဲ့
အချစ်ကို ကိုးကွယ်သူပါ
ဒါကြောင့်ပဲ ငါဟာ နင့်ရဲ့  " မဂိုအလှ " မှာ
ချိုမြစွာဆေးပေါင်းခခွင့်ရခဲ့တာပေါ့”...
-------------------------------------------------
ဟုတ်တယ်နော်...“အာဒံနဲ့ဧဝ ”ခေတ်တုန်းက ချစ်ကြိုက်စရာ လူသားဆိုလို့သူတို့နှစ်ယောက်ကလွဲလို့ ရွေးစရာမှ မရှိခဲ့တာပဲ....
အခုခေတ်မှာကတော့ ရွေးစရာတွေကြားထဲက “မဂိုအလှ”သူလေးကို ဘယ်လိုပုံစံနဲ့ ဘယ်လိုဘဝမျိုးပဲရောက်ရောက် သစ္စာရှိစွာ ချစ်နေမယ်...ဆိုတော့ “အာဒံနဲ့ဧဝ”တောင် မျက်နှာငယ်သွားရရှာပြီနော်...။
------------------------------------------
ကဗျာလေး အရမ်းလှပါသည်...လိုအင်ဆန္ဒတွေအားလုံးပြည့်ဝပါစေ မိုးစက်ရေ....

သွယ်လင်းဆက် said...

ခံစားမိလို့ ကောင်းတာထက်တောင်ပိုပါတယ်။

အနှိုင်းမဲ့ said...

ကဗျာလေးတော်တော်ကောင်းတယ်နော်...
ကြိုက်၏