" ဆောင်းမှာပွင့်တဲ့ရွှေရုပ်လွှာ "

|

နေခြည်က မြတ်နိုးစွာနှိုးလာလို့ 
" ဖျပ် " ခနဲနိုးလာတဲ့ ကိုယ့်အာရုံဦးပတ်ပျိုးမှာ
စုတ်ချက်မကူ ဆေးစက်မထူတဲ့
အနွေးဓာတ် ပူပူလေးဟာ
အလံဖြူပေါ်က ပန်းစက္ကူလေးပေါ့ . . . . .

မြင်စဖူးခဲ့တဲ့နေ့ လေးတစ်နေ့ က
မျက်ဝန်းပြတင်းပေါက် ကတဆင့်
ထွင်းဖောက်လို့  တိုးဝင်
အာရုံဝပ်ကျင်းထဲ ခိုးဝင်လာတဲ့
ဗျက်စောင်းလေး တစ်လက်ရဲ့ 
မျက်စောင်းလေး တစ်ချက်မှာ
" အချစ်မီးရှုးတိုင် " ကိုကိုင်မြှောက်
ရဲရဲရင့်ရင့်ဘဲ သူ့ ဆီကိုယ်လျှောက်သွားတယ် . . . . .

ဒိုင်ယာရီဖဲပွင့်ကြိုးရှည်လာ
တိမ်ပြာပြာမှာ ကဗျာတွေ
အပွင့်လိုက် အဆုပ်လိုက်
ပန်းမြှားမှာ အချစ်ဆိုတဲ့ဒြပ်အားကပ်ပါလာတော့
ရနံ့ တွေက ခပ်မြင့်မြင့်ကပျံသန်း
ဆီးနှင်းလိုလန်းတဲ့ " ပန်ဒိုရာ " အနမ်းကို
ကမ္ဘာ့ အနောက်ခြမ်းကအလွမ်းကြီးလွမ်းနေရသူ . . . . .

ဟောဟိုး . . . ငါ့ကဗျာမြို့ ရိုးမှာ
ရှင်သန်ရင် တစ်ပင်တည်း
ရစ်ပတ်ရင် တစ်နွယ်တည်း
မွှေးရရင် တစ်ပွင့်တည်း
ချစ်ရမယ်ဆိုရင်လည်း သူ့ တစ်ယောက်တည်း
ရင်နှစ်(ဒီ) ဆောင်းမှာ ပွင့်တဲ့ပန်းပိတောက်
မင်းတစ်ယောက်အတွက်ဘဲ . . . . .